Lorem Ipsum

ငါးဟင်းများ

 Sunday, October 31, 2010


 ခုတလော အစပ်စားလို့ မရဘူး ဖြစ်နေတယ် ။ ဒါကြောင့် အချိုလေးတွေပဲ ဆီမပါတာ ချက်စားဖြစ်တယ် ။ဒါ
ကတော့ ငါးပေါင်းပါ ။တီလားပီရားငါးကို အရေခွံနဲ့ အရိုး ထုတ်ထားတာ ၀ယ်လာခဲ့တယ်။ ဂျင်းပါးပါးလှီးထည့်ပဲငံပြာရည်နဲ့ နှမ်းဆီ တစက် နှစ်စက်နဲ့ အချိုမှုန့် နည်းနည်း ထည့်ပြီး ပေါင်းလိုက် ပါတယ်။ ၁၅မိနစ်ဆို ရပါပြီ ။ကြက်သွန်မြိတ်လေးဖြူးပြီး စားလို့ရပါပြီ ။




ဒီငါးပေါက်လေးတွေကို ဆီနည်းနည်းနဲ့ ကြက်သွန်ဖြူ ၊နီ ၊ဂျင်း နည်းနည်းထောင်းထည့် ၊ငံပြာရည်နည်းနည်း
ထည့်၊ ရေလေး နည်းနည်းထည့်ပြီး ချက်လိုက်တယ် ။ ဟင်းအိုးရမှ ပင်စိမ်းလေး အုပ်ပြီးစားတယ် ။




တီလားပီးရာငါးကို အကြေးထိုး ဗိုက်ဖောက်ပြီး သေချာဆေး၊ ပဟက် ထုတ်ပြီး ဓါးနဲ့မွမ်းလိုက်တယ်။ ဆား ဆနွင်းနယ်ပြီး ဂျူံမှုန့် နည်းနည်းကပ်ပြီကြော်လိုက်တယ်။ ကြက်သွန်နီဖြူ ၊ဂျင်း ငရုတ်သီးစိမ်ကို နှုတ်နှုတ်စဉ်းပြီးဆီသတ်၊ အရောင်တင်ထည့် ၊ခရမ်းချဉ်သီးစောစ့်ထည့် ၊ ငံပြာရည်နဲ့ မန်ကျီးမှည့်လေးထည့်ပြီး ငါးပေါ်ကနေ လောင်းချပါ ။ကြက်သွန်မြိတ်လေး အုပ်ပူပူလေးစားမှ ကောင်းတယ် ။




ဒါက ကျမစားတဲ့ ငါးပြုတ်ပါ။ ကြက်သွန်ဖြူ နီ၊ ဂျင်း ၊ ပင်စိမ်း ၊ဖက်ဖယ်ရွက် ၊ နံနံပင် ထောင်းပြီး ထည့်လိုက်
တယ် ။ ငံပြာရည်လေး နည်းနည်းထည့် ။ရေအနည်းငယ်ထည့်ပြီး ၁၅ မိနစ်ပြုတ် လိုက်တယ် ။ ပေါ့ပေါ့လေး
စားလိုက်ရတာပေါ့ ။ ကောင်းပါတယ် လည်ချောင်းနာတဲ့ဒဏ်ထက်တော့း(

ခင်မင်စွာဖြင့်
Baby taster

Read more...

ငါးနဲ့ပေါက်ပန်းဖြူ ချဉ်ရည်ဟင်း



ငါးကြော်နဲ့ ပေါက်ပန်းဖြူ ချဉ်ရည်ဟင်းပါး ။

 

ဒါကတော့ ယိုးဒယား ချဉ်ရည်ဟင်းချက်တဲ့ အနှစ်ထုပ်လေးပါ ။ (Kaeng Som Curry Paste)



ငါးကို ဂျူံမှုန့်နဲ့ ဆား၊ ငရုတ်ကောင်းနဲ့ ရောကပ်ပြီး ကြော်ထားတာပါ ။

ယိုးဒယားရောက်တော့ ချဉ်ရည်ဟင်းတဲ့ ။ ဘာလည်း လို့မေးတော့ Kaeng Som တဲ့ ။ နီဝါရောင်လေး မုံလာ
ဥနဲ့ ငါးဥ ရောချက်ထားတာ၊ ပဲတောင့်ရှည်နဲ့ မုံလာဥ ငါး ရောချက်ထားတာ ၊ ငါးကို ကြော်ပြီး ပေါက်ပန်းဖြူနဲ့ ဒန့်သလွန်သီးရော ချက်ထားတာ ။ တော်တော် သဘောကျသွားတယ်။ ချိုချဉ်လေး စပ်လည်း သိပ်မစပ် ဘူး ။ ဒါနဲ့ အာရှဆိုင်ရောက်ရင် အနှစ်ရှာကြည့်တော့ တွေ့တယ် ။ တဗူးဝယ်လာပြီး အစမ်းချက်စားတာ ကောင်းတော့ အမြဲချက်စားဖြစ်တယ် ။ အရမ်းလွယ်ပါတယ် ။

ကြက်သွန်နီဖြူ ၊ဂျင်းနဲ့ ငရုတ်သီးစိမ်းကို နှုတ်နှုတ်စဉ်းပြီး ဆီသတ်လိုက်တယ်။ (သူတို့ဆီကတော့ ဆီမပါပါဘူး) ဆီသတ်တဲ့ထဲ ဟင်းအနှစ်ကို ထည့်ပြီး ဆီသတ် ငါးကို ကြော်ပြီးထည့် ၊ငံပြာရည်နဲ့ မန်ကျီးမှည့်ထည့် ။ ထည့်ချင်တဲ့ အသီးအရွက်တွေ ထည့်ပြီး စားလို့ရပါပြီ။  

သူတို့ ဆီကတော့ ရေဆူထဲ ဟင်းနှစ်ထည့် ၊ငါး ၊ငါးဥနဲ့ အသီးအရွက်ထည့် ၊သကြားနဲ့ မန်ကျီးမှည့်ထည့်ပြီး ဆူပွက်လာရင် သောက်လို့ရပြီတဲ့ ။ ကျမချက်တာတော့  မြန်မာဆန်သွားတယ် ။


ခင်မင်စွာဖြင့်
Baby taster

Read more...

ဒန်ပေါက်နဲ့စမိုင်

 Saturday, October 30, 2010



ဒီဒန်ပေါက်ကတော့ ပြီးခဲ့တဲ့ အပတ်က ချက်ကျွေးဖြစ်တယ် ။ ဧည့်သည်တွေ လာလည်လို့ပါ ။ ကြက်သားဒန်
ပေါက်ပါ ။ ကြက်သား ဒန်ပေါက်ကို ရယ်ဒီမိတ် မဆလာနဲ့ ချက်ကြသလို ကိုယ်တိုင်မဆလာစပ်ပြီးလည်းချက်
ကြပါတယ် ။ဆိတ်သားဒန်ပေါက် နဲ့ အမဲသား ဒန်ပေါက် တို့ရဲ့ မဆလာက ကြက်သားဒန်ပေါက်မဆလာနဲ့ မတူပါဘူး ။ နောက်များ ချက်ရင် တင်ပေးပါ့မယ် ။ အခု ကြက်သား ဒန်ပေါက် ချက်နည်းလေး ပြောပြပါ့မယ်

ကြက်သား ......................................... 1kg
ဆန်        .......................................... ၄ဗူး
သစ်ဂျပွေးခေါက်  ................................. ၁ ချောင်း ( ၂လက်မ)
ကရဝေးရွက်      .................................. ၃ ရွက်
ချောင်းကော့ ........................................ ၂စေ့ (black cardamom)
ဖာလာစေ့        ................................... ၅ စေ့
လေးညင်းပွင့်   .................................... ၅ ပွင့်
ဂရမ်းမဆလာ..................................... ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဇီရာမှုန့်  .......................................... ၂ဇွန်း  (လက်ဖက်ရည်ဇွန်း )
နံနံစေ့ အမှုန့် ....................................၃ဇွန်း   (လက်ဖက်ရည်ဇွန်း)
ဆနွင်း / အရောင်တင် ........................အနည်းငယ်
နို့    ............................................... လက်ဖက်ရည်ခွက်တ၀က်
ကုံကုမံ ............................................ အနည်းငယ် (saffron) အရောင်အတွက်
ဇီရာစေ့ ........................................... အနည်းငယ်
ထေားပတ် ....................................... ၂ဇွန်း (ထမင်းစားဇွန်း)
ဆီ     ............................................. ၂ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ ...................................... ၃လုံး (ဥကြီး)
ကြက်သွန်ဖြူ .....................................  ၁ဥ
ဂျင်း ..............................................  ၁တက် ( တလက်မအရွယ်)
စတော်ပဲစိမ်း ..................................... နို့ဆီဗူးဝက်



အခုကျမချက်တဲ့ ဒန်ပေါက်ကတော့ မြန်မာ ဒန်ပေါက်လိုပဲ ချက်တာပါ ။ အိန္ဒိယ ဒန်ပေါက်ကတော့ နို့ချဉ်
လည်းလိုပါတယ် ။ ဆန်ကလည်း သူတို့က (Basmathi Rice ) သုံးပါတယ် ။ ကျမကတော့ ရိုးရိုး ဆန်ပျော့
လေးနဲ့ပဲ ချက်ထားတာပါ ။

ဆန်ကို ရေစိမ်ထားပါ ။

ကြက်သားကို လိုချင်သလောက် အရွယ်တုံးပါ ။

ကုံကုမံကိုနို့နဲ့ စိမ်ထားပါ ။ ဒန်ပေါက်အရောင်အတွက်ဖြစ်ပါတယ် ။

ဆီအိုးတည် ပူလာရင် ဖာလာစေ့သေး ၊ ဖာလာစေ့ကြီး ၊ သစ်ဂျပွေးခေါက် ၊ လေးညင်းပွင့်၊ ကရဝေးရွက် ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထည့် ၊ ဂျင်းကြက်သွန်ဖြူ ထောင်းထည့် ကြက်သားထည့် ၊ ဆားနဲ့ မဆလာမှုန့်ထည့် ရေနည်းနည်း ထည့်ချက်ပြီး။ ဟင်းက အနှစ်များပြီး ခြောက်နေပါစေ ။


ကြက်သွန်နီ ပါးပါးလှီးပြီးကြော် ။ မဆလာမှုန့် နည်းနည်းထည့်ပြီးရောထား ။

ရေနွေးတည် ဆားများများထည့် ဇီရာစေ့ထည့် ကရဝေးရွက် တရွက်ထည့် ၊ပွက်ပွက်ဆူလာရင် ရေစိမ်ထား
တဲ့ ဆန်ထည့်ပြီး ထမင်း နပ်မဲ့ အနေအထားရောက်ရင် ဇကာထဲထည့်ပြီး ရေစစ်လိုက်ပါ (ဆားများများထည့်
ရခြင်းမှာ ထမင်းကို အရသာဖြစ်စေဖို့ ဖြစ်ပါတယ် ၊ ဒါမှဟင်းနဲ့ရောလိုက်ရင် အတော်ဖြစ်နေတတ်ပါတယ်)

အဖုံးလှုံမဲ့ အိုးထဲကို ထမင်းကို အောက်ဆုံးမှာ တ၀က်ထည့် ၊ ကြက်သွန်ကြော်ဖြူး ၊ ဟင်းထည့် ပဲစိမ်းထည့် ကျန်ထမင်းထည့် ၊ကြက်သွန်ဖြူး ထောပတ်အပေါ်ကနေဆမ်း ၊ ကုံကုမံစိမ်ထားတဲ့ နို့ဖျန်းပါ ။ အဖုံး လှုံလှုံဖုံးပြီး နပ်ထားပါ ။ ကြိုက်တတ်ရင် သီဟိုစေ့ကြော် ၊ စပျစ်ခြောက်ထည့်ပါ ။ ကျမကတော့ အဲ့ဒါတွေ ကိုက်မိရင် အရသာပျက်လို့ မထည့်ပါဘူး ။ ၄၅ မိနစ်လောက် နပ်ဖို့လိုပါ့မယ် ။ ထမင်းကောင်းကောင်း နပ်ရမှာမို့ပါ ။ သခွါးသီးသုပ်လေး နဲ့စားရင် အအီပြေပါတယ် ။



ဒါလေးကတော့ လွန်ခဲ့တဲ့ တလလောက်က ချက်စားထားတာပါ ။အဲ့ဒီတုန်းကတော့ ပဲစိမ်းထည့်ဖြစ်တယ် 



 သခွါးသီးသုပ်လေးပါ ။


ကျမ တူမလေးက (အမျိုးသားဖက်ကပါ) စမိုင်စားချင်လို့တဲ့ စမိုင်ချက်နည်း ကတော့ လွယ်ပါတယ် ။ အုန်း
နို့နဲ့ နို့ကို စတူရောပြီး ကျိုထားပါ ။ ထေားပတ်ထဲကို မြေပဲ နဲ့ အုန်းသီးထည့်ကြော်ထားပါ ။ ကျန်ထောပတ်ထဲ
သစ်ဂျပွေးခေါက်ထည့် ၊ စမိုင်ထည့်ပြီး လှော်လိုက်ပါ၊။ အ၀ါရောင် သန်းလာရင် ကျိုထားတဲ့ နို့ထည့် မြေပဲနဲ့ ၊
 သကြားထည့် ပွက်ပွက်ဆူလာရင် နို့စိမ်းလေးနည်းနည်းထည့်ပါ ။ စမိုင်ရပါပြီ သီးသန့် ဓါတ်ပုံ မရိုက်ထားမိ
ဘူး ။ အိုးလိုက် ပဲရိုက်ထားမိတယ် ။


သူလေးကတော့ အရမ်းကိုလှချင်တဲ့ ကျမတူမလတ်လေးပါ ။  Cat Eye လုပ်ပေးပါတဲ့။ အိုင်းလိုင်နာအောက် ခံကို လည်း အစိမ်းရောင် ဆိုးချင်ပါသတဲ့ ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အကြော်လှော်များ (၂)

ကြက်ဟင်းခါးသီးနဲ့ ကြက်သားရော မစားရဘူးလို့ ကြားဖူးတယ် ။ တခါက မြန်မာကား တကားမှာရော မင်း
မော်ကွန်းက ကြက်ဟင်းခါးသီးနဲ့ ကြက်သား ရောစားမိလို့ အန်ပြီး သတိလစ်သွားတာ ကြည့်ဖူးတော့ စားဖို့
တော်တော် ကြောက်နေတယ်။ ကျမတော့ မစားဘူး ကြောက်လို့ သူ့ကိုပဲ ကျွေးလိုက်တယ် (အဲ့လိုချစ်တာ)
မဟုတ်ပါဘူး ဆီကြော်တွေ မို့လို့ မစားတာပါ ။သူကတော့ ပြောပါတယ် ဘာမှမဖြစ်ဘူးတဲ့ စားလို့ရတယ်တဲ့
စားပြီး ည အိပ်ခါနီးတောင် စိတ်မချနိုင်စွာ ပြောရသေးတယ် ။ ညကျရင် တကယ်လို့ တခုခုဖြစ်ရင် ဆားရည်
ဖျော်သောက်နော်လို့ ။ပြီးမှ အရေးပေါ် သွားမယ်လို့ ။ဒီနေ့ဆိုရင် ရောစားတာ ၁ပတ်ကျော်ပါပြီ ။ ဘာမှဖြစ်မှ
ဖြစ်မလာလို့ တော်သေးတယ် ။ ချက်ပြီး မှ သတိရတာပါ ။




ကြက်ဟင်းခါးသီး အသေးမျိုးတော့ သိပ်မစားဖြစ်ဘူ။ ခါးလွန်းလို့ သိပ်မကြော်ဖြစ်တာပါ ။ ကျေးဇူးရှင်က အ
ခါး မကြိုက်တတ်လို့ပါ။ ကျမကတော့ အခါးမှန်သမျှ အကုန်ကြိုက်တယ် ။ ဒီ ကြက်ဟင်းခါးသီးတော့ ကြော်
ဖြစ်တယ် ။ ကြက်ဟင်းခါးသီးကို ရေဆေးပါးပါးလှီး ၊ဆီပူးလာရင် ကြက်သွန်ဖြူ ဓါးပြာရိုက်ထည့် အနံ့မွှေးလာ
ရင်ကြက်ဟင်းခါးသီးနဲ့ ကြက်သွန်နီ ထည့်၊ ဆား ၊ အချိုမှုန့်၊ အရောင်တင်လေး နည်းနည်း ဖြူးပြီး အဖုံးအုပ်ပြီ
ကြော်တယ် ။ ပြီးမှ ပုဇွန်ခြောက် ရေစိမ်ထားတာ မညက်တညက် ထောင်းထည့်ပြီး အဖုံး မအုပ်ပဲ ချက်ကြော်
ပုဇွန်ခြောက် ကျက်လောက်ရင် ကြက်ဟင်းခါးသီပါနူးပါပြီ ။





စိုးရိမ်လွန်ခဲ့ရတဲ့ ကြက်ပေါင်ကြော်ပါ ။ ကြက်ပေါင်တွေကို သူများဘလောဂ့် တွေကနေ အတုခိုးပြီးလှအောင်
ဖန်တီးပေမယ့် အနုပညာ ပါရမီမပါလေတော့ ဒီလို မလှမပလေး ဖြစ်သွားရရှာပါတယ် ။ စားလို့တော့ကောင်း
ပါတယ်တဲ့ ။ ထုပ်ထုပ်လေး ဖြစ်အောင်လုပ်တာပါ ။ ကြက်သားကို ဆား၊ အချိုမှုန့် ၊ဆနွင်း ၊ အရောင်တင် ၊ င
ရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊မဆလာ ၊ ဂျင်း ၊ကြက်သွန်ဖြူ အားလုံးကိုညှက်နေအောင် ထောင်းပြီးကြက်သား
နဲ့ ရောနယ်ထားပါတယ် ။ တနာရီလောက် နပ်ထားပြီ ကြော်ထားပါတယ် ။



ပဲတောင့်ရှည်ကို ကြက်သွန်ဖြူနဲ့ မိဆို အနှစ် ၊ခရုဆီလေး နဲ့အခြောက်ကြော်ထားပါတယ် ။


 

မှိုလုံးပုပုလေးတွေကို ပဲပုတ်စေ့နဲ့ ပင်စိမ်းရော ကြော်ထားတယ် ။ ကျမက မှိုအရမ်းကြိုက်လို့  ခဏခဏ တင်
ဖြစ်မယ်ထင်တာပဲ ။သီးခံပေးကြပါ ။

ခင်မင်စွာဖြင့်
Baby taster

Read more...

ကြက်သားမဆလာချက်

 Friday, October 29, 2010

ကြက်သားကို ခြောက်ခြောက်လေး ချက်ထားတယ် ။ အသားတွေက အပျော့တွေကြီးပဲ ဆိုတော့ စားလို့ သိတ်မကောင်းဘူး ။ ဒါပေမဲ့ ကျမတို့ နေတဲ့ နေရာ မှာတော့ မြန်မာတွေ များလို့လား မသိဘူး ဆိတ်သား
အမဲသား ၊ဘဲငန်းသား ၊ ကြက်စင်သား ၊ ဆိတ်ကလီစာ ၊ ဘဲသားနဲ့ ငါးတွေပါ ရတတ်တယ် ။ ငါး ကလွဲရင်
ကျန်တာတော့ ဆိုင်မှာ လတ်လတ်ဆတ်ဆတ် ၀ယ်လို့ရတတ်သလို ငါးကိုတော့ နွေရာသီကြရင် မျှားပြီး
လာရောင်းကြတယ် ။ အခုဆို မြန်မာ ဆိုင်တွေကလည်း ၅ ဆိုင်လောက်ရှိတော့ ကြိုက်သလို လတ်လတ်
ဆတ်ဆတ် ရောက်ရင် ဖုန်းဆက်ပေးကြတော့ ပိုအဆင်ပြေပါတယ် ။ လိုရင်းက ဘယ်ရောက်ပါလိမ့်း)




ကြက်သားကို ကြိုက်သလို အရွယ်တုံးပြီး ဆား ၊ ဆနွင်း ၊ အရောင်တင် ၊ ကြက်သွန်ဖြူ ၊ ဂျင်း ထောင်းပြီး မ
ဆလာလေးပါ နည်းနည်းထည့်ပြီး နယ်ထား။ ဆီပူလာရင် ကရဝေးရွက်၂ရွက် နဲ့သစ်ဂျပွေးခေါက် တချောင်း
လက် တဆစ်စာလေးထည့် ၊ဆီသတ်။ ကြက်သွန်နီ ၂လုံးစာလောက် ပါးပါးလှီးထည့် ၊ဂျင်း နဲ့ ကြက်သွန်ဖြူ
ထောင်းထည့် အရောင်တင်လေး နည်းနည်း ထပ်ထည့် ၊ ကြက်သား ထည့်ပြီး ရေအနေတော် ထည့် ချက်။
ဆီပြန်လာရင် မဆလာ နည်းနည်းထည့်ပြီး အပေါ့ အငံမြည်းကြည့် ၊ ကြက်သားနူးလောက်ရင် ချလို့ရပါပြီ ။


ခင်မင်စွာဖြင့်
Baby taster

Read more...

ဖတ်ကဖောင် ကိုင်

 Thursday, October 28, 2010


ဟင်းနာမည် ဘယ်လိုခေါ်ရမယ် မသိလို့ ဖတ်ကဖောင်ကိုင်လို့ ပဲခေါ်လိုက်တယ် ။ သိသူများရှိရင် ပြောပြ ပေးကြပါ ။ ကျမ ယိုးဒယား သွားတုန်းက စားခဲ့တာပါ ။ သူတို့ ဟင်းတော်တော် များများကို ကျမကြိုက်တယ်။ စားလို့လည်း အရမ်းကောင်းပါတယ် ။ ဒီပင်စိမ်းရွက်နဲ့ ဟင်းအမျိုးမျိုး ချက်ကြတယ် ။တောဝက်သား နဲ့ ငရုတ်စိမ်း နိုင်နိုင်နဲ့ ကြော်ထားတာလည်း တွေ့ရတယ် ။ ကျမကတော့ ၀က်သားမစားတာ တော်တော် ကြာပြီဆိုတော့ ကြက်သားနဲ့ ငါးခူကို ခရမ်းကျွတ်သီး ရောချက်တာ စားတယ် ။ ကချိုင်ဆိုတာထိုင်းမုန့်တီ ဟင်းရည်မှာ ထည့်တယ်ပြောတာပဲ ။အနံ့က တမျိုးလေး ပဲမြစ်ဥလိုလို ဘာလိုလို ။ ချင်းနဲ့လည်း တူတယ်။ ပင်စိမ်းကတော့ အားလုံးသိကြမှာပါ ။ကျမတို့ စားနေကြ မဟုတ်ပါဘူး ။ အဲ့ဒါက မြန်မာပြည်မှာ ဟိန္ဒူဘာ သာ ၀င်တွေရဲ့ အိမ်ရှေ့ မှာ အထွက်မြတ်ထားပြီး စိုက်ကြတဲ့ အပင်ပါ။ ဘိုင်ကဖောင် လို့ခေါ်ပါတယ် ။

ကြော်နည်းကတော့ လွယ်လွယ်လေးပါ ။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ထောင်းထားတာလေးနဲ့ ဆီသတ်ပြီး
ထည့်ချင်တဲ့ အသား ထည့်ကြော် ။ ငံပြာရည်နဲ့ အချိုမှုန့်ထည့် ရေနည်းနည်းထည့် ၊ကချိုင်းထည့် ၊ ကဖောင်
ရွက် (သို့) ပင်စိမ်းထည့် တမိနစ်လောက် ကြော်ပြီး ချလို့ရပါပြီ ။ ကြက်ဥ မကျက်တကျက်ကြော်နဲ့ ငရုတ်သီး
ငံပြာရည်စိမ်လေးနဲ့ အရမ်းလိုက်ဖက်ပါတယ် ။


                             
                               
ခင်မင်စွာဖြင့်
Baby taster

Read more...

ဒါတွေစားလို့ပေါ့ :(

 Wednesday, October 27, 2010

ဘာရယ် မဟုတ်ပါဘူး နေမကောင်းတာ ဘန်းပြပြီး စားဖြစ်တာလေးတွေပါ ။ ဆေးရုံရောက်မှ သိရတယ် ။
ဒါတွေက လုံးဝမစားရမဲ့ အစာတွေတဲ့ ။ အချဉ် ၊ အစပ် ၊ ဆီကြော်တွေ ပေါ့း( Acid Reflux  ဖြစ်တာတဲ့ ။
အလွန့် အလွန်ကို နှစ်သက် မိတယ် ဆိုတဲ့ အချဉ်တွေ အစပ်တွေ အကြော်လှော်တွေကို စွန့်ပြီး ဆန်ပြုပ်
နဲ့ သကြား ၊ နို့နဲ့ ပန်းသီး ဒါတွေနဲ့ ရင်နာစွာ နှဘမ်းလုံးနေပါတယ် ။



 Wonton လုပ်စားတယ် ။ ဆူကီစော့စ် အရမ်းကြိုက်တော့ ရေလည် ထည့်စားတာပေါ့ ချဉ်စပ်လေး

                                                တလုပ်ထဲပါ တခုကိုပြောတာ :P



 ဂျူံခေါက်ဆွဲဖတ်ကို ပြုတ်ပြီး ကြက်သား အကြေပြုတ်ရည်နဲ့ ဆူကီစောစ့် ထည့်စားတယ်



ကြာဇံကို ငရုတ်သီးစိမ်း ၊ငါဆုပ်လုံး ၊ ကြက်သွန်မြိတ် ၊ ကျန်မဆိုင်း ၊ ကြက်ပြုတ်ရည် ၊ ဆူကီစောစ့် ထည့်ပြီး
ဒီလို ရဲတွက်နေအောင် စားလိုက်တာ နောက်နေ့ ဆေးရုံ ရောက်တော့တာပါပဲး)


ဒီပန်ကန်ထဲက ဟာတွေ ကြောင့်ပေါ့း( တသက်လုံး လှည့် မကြည့်တော့ဘူး စိတ်နာလို့ ။ ဒါပေမဲ့လည်းအဲ့ လိုအရောင်မပါတော့ ဘာမှ စားမ၀င်ပါဘူးး(

ခင်မင်စွာဖြင့်
Baby taster

Read more...

အကြော်လှော်များ

 Tuesday, October 26, 2010


   ရုံးပတေသီးကြော်ကတော့ ခရုဆီနဲ့  ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ဆီသတ်ပြီး ကြော်ထားတယ်


 မှိုလည်းတူတူပဲ ခရုဆီနဲ့ ကြက်သွန်ဖြူ / နီဆီသတ် ၊ ခရမ်းချဉ်သီးလေးပါ ထည့်ပြီး ကြော်ထားတယ်

 ဒါကတော့ ဂေါ်ပီထုပ်ကင်မ်ချီ လုပ်ထားတာ နည်းနည်းကျန်တာနဲ့ အမဲသားနဲ့ ရောကြော်လိုက်တယ် မုံလာချဉ်နဲ့ အမဲသားရော ကြော်ထားသလိုပါပဲ ။

ဂေါ်ပီထုပ် ကင်မ်ချီ နဲ့ အမဲသားကြော်ပါ


တိုဖူးနဲ့ ပဲတောင့်ရှည်လည်း ကြက်သွန်ဖြူ ၊ငရုတ်သီး ဆီသတ်ပြီး ကြော်လိုက်တယ်


ဒါလေးကတော့ ပဲငါပိပဲပါ။စိမ်လိုက်ပြီးမှ ပဲငါပိမလုပ်တတ်တာ သတိရတယ် ။စိတ်ကလည်း အရမ်းမြန်တယ်  ဒုက္ခတွေ ရောက်ရော။မထူးဘူးဆိုပြီး ဆားရည်မှာ စိမ်လိုက်တယ် ။ ငံကျိနေရော ပြုတ်ပြီးကြော်လိုက်တယ် ။ စားကောင်းတယ် လိုက်တော့ ယောင်ပြီး မလုပ်ကျနဲ့ပေါ့ ။တော်တော်ပြုတ် လိုက်ရလို့ပါ

ခင်မင်စွာဖြင့်
Baby taster

Read more...

အမဲရိုးကုလားပဲချက် နဲ့ ဗလာချောင်ကြော်

 Monday, October 25, 2010




အမဲရိုး နဲ့ အရွတ်တွေကို ကုလာပဲနဲ့ ရောချက်လိုက်တယ် ။ဗမာပြည်မှာတော့ အသားက ဈေးကြီးပေမယ့် ဒီမှာတော့ အရိုးက ဈေးကြီး နေပြန်တယ် ။လူ့အကြိုက် နတ်မလိုက်နိုင် ဆိုတာဒါ မျိုးနေမှား)

ကုလာပဲကို ချက်ခါနီး တနာရီ စိမ်ထားရင် ရပါပြီ ။ အရွတ်နဲ့ အရိုးတွေကို ရေဆေး ဆား ၊ ဆနွင်း နယ်ထား။ ဆီအိုတည် ကရဝေးရွက်နဲ့ သစ်ဂျပွေးခေါက် ဆီသတ် ။ကြက်သွန်နီဖြူ၊ ဂျင်း တို့ကိုကြိတ်ပြီးထည့် ကြက်သွန်နီ ၀ါရောင်လေး ဖြစ်လာရင် အရောင်တင်မှုန့်လေးထည့်။ အရိုးနဲ့အသားထည့် ဆီထွက်လာအောင် လှိမ့်ပြီးမှ ရေထည့်နည်းနည်းပေးဆူလိုက်ပါ  ၁၅မိနစ်လောက်မှ ကုလာပဲထည့် ၊ ဆား ၊ အချိုမှုန့် ၊ မဆလာထည့်ပြီး ၁၅ မိနစ် ထပ်ပေးဆူပြီး ရေနွေး အရိုးနဲ့ ပဲမြုပ်အောင် ထည့်ပြီး မီးမှိန်မှိန်လေးနဲ့ တည်ထားပါ  မီးများရင် စားမကောင်းပါဘူး မှိန်မှိန်လေးနဲ့ ချက်တာ နူးလွယ်ပြီး အရမ်းစားလို့ ကောင်းပါတယ်



                                      ပုဇွန်ခြောက် ဗလာချောင်ကြော်နဲ့ တွဲစားသွားပေါ့း)



ခင်မင်စွာဖြင့်
Baby taster

Read more...

ငါးသလောက်ဥချက်

 Sunday, October 24, 2010




ငါးသလောက်ဥ ချက်ပါ ။ ခုတလော ဆီလျှော့ထားတယ် ။ ငါးသလောက်ဥကို အကုန် ဖောက်လိုက်တယ်။ ပြီးမှ ရေနည်းနည်းထည့်ပြီ  အရင်ပြုတ်လိုက်တယ်။ ပွားလာတာပေါ့။ ကြက်သွန်နီ/ဖြူ ၊ဂျင်း၊ငရုတ်သီးခြောက် စပါလင်အားလုံး ရောထောင်းပြီဆီသတ်။ ကြက်သွန်နီဝါရောင်သန်းလာရင် ခရမ်းချဉ်သီး လှီးထည့် ခရမ်းချဉ်သီးရရင် ငါးသလောက်ဥထည့် ၊ဆား ၊အချိုမုန့်ထည့်ပြီး ရေနည်းနည်းထည့် ဆက်ချက်။ဆီပြန်လာ ရင် ၊ နံနံပင်နဲ့ ငရုတ်သီးစိမ်း အုပ်ပြီး ချလို့ရပါပြီ ။ အိမ်မှာတော့ နံနံပင်မရှိတော့ မထည့်ဖြစ်ဘူး ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အသုပ်များ ( ၁ )

 Saturday, October 23, 2010




 ကြက်သားနဲ့ ကြက်သဲ ရောသုပ် ထားပါတယ် ။ ယိုးဒယား သုပ်လေးပါ ။ ကြက်ကြေသားကို ရေနည်းနည်းထည့်ပြုတ်ပါ။ ကြက်သည်း ကိုတော့ သေချာ  ရေဆေးပြီး ချင်းရည်နဲ့ ပြုတ်ထားပါ ။ ဇလုံတလုံးမှာ ကြက်သဲနဲ့ ကြက်သာရေားထည့် ၊ ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ပူစီနံ ၊စပါလင်နုနု အားလုံးကိုပါးပါးလှီးထည့်ပါ ။ ဆန်လှော်မှုန့် ၊ ငရုတ်သီး လှော်မှုန့် ( စပ်စပ်လေးမှ ကောင်းတယ်) ထည့် ၊ ငံပြာရည် ၊ သံပုရာသီး ၊အချိုမှုန့် အားလုံးထည့်ပြီး သမအောင်နယ် ။ ချဉ်စပ်လေးပါ အရမ်းစားကောင်းတယ် ။ ကြက်သားအစားဝက်သား ၊အမဲသား တို့ နဲ့လည်း လုပ်စား လို့ရပါတယ်။ ကောက်ညှင်း ပေါင်းနဲ့ ကြက်ကြော် တွဲစားရတာ ဖြစ်ပေမဲ့ ထမင်းနဲ့ ကြက်ကြော်နဲ့ ပဲစားဖြစ်တယ် ။



 ဒါလေးက မျှစ်သုပ်လေးပါ ။ ယိုးဒယား စတိုင်ပါပဲ ။ လောဝ်မ တွေ သုပ်စား တာများတယ် ။ ဒီမျှစ်ကတော့ရိုးရိုးမျှစ်တော့ မဟုတ်ဘူး ။ သူတို့ ဘယ်လို လုပ်လည်းတော့မသိဘူး ။မျှစ်ထဲက အရည်က နည်းနည်းတော့ မဲညစ်ညစ်ကြီး ။ ကျမတော့ ပုလင်းထဲက ရေသွန်ပြစ်တတ်ပေမဲ့ ၊ သူငယ်ချင်း တယောက်ကပြောတယ်၊ အဲ့ဒီမှာ အရသာရှိတယ်ဆိုပဲ ။နောက်တော့ မပြစ်တော့ဘူး ။ အပေါ်က နည်းအတိုင်း သုပ်ပါတယ် ။ ဒီမှာတော့ စပါလင် မထည့် ရပါဘူး ။


 
                                                                             


ကနဖော့ ၀ယ်လာမှပဲ နေမကောင်း ဖြစ်သွားတယ် ။ မြန်မာပြည်မှာတုန်း ကတော့ ကနဖော့ တခါမှ မစားဖူးဘူး ။ မြန်မာပြည်က ကနဖော့က ကြီးသလိုပါပဲ ။ ဒါလေးက သေးသေးလေးတွေ တော်တော် ဈေးကြီးတယ် တခါ သူများသုပ်ကျွေးတော့ ခါးခါးလေး ပေမယ့် ကြိုက်တယ် ။


 ကျေးဇူးရှင် လက်ချက်ကြောင့် မစိမ်းပဲ နည်းနည်းမဲသွားတယ် ။ ဘာမှမထည့်ထားဘူး ။ ပုဇွန်ခြောက်၊ကြက် သွန်နီ ၊ မြေပဲ နှမ်းဆီ တစ် နှစ်စက်ပဲပါတယ် ။ ဆားအချိုမှုန့် ဘာမှ မပါဘူး စားလို့တော့ မကောင်းဘူး ။


                                                        
  သခွါးသီးသုပ်ပါ


 ရေဘ၀ဲသုပ်ပါ ။ ဒါလည်း ရိုးရိုး ကြက်သွန်နီ ၊ငရုပ်သီးစိမ်း၊ နံနံပင် ၊သံပုရာသီး ၊ ငံပြာရည် ၊ အချိုမှုန့်လေးနဲ့သုပ်ထားပါတယ် ။ ချဉ်စပ်လေးပေါ့ ။ ကျမတော့ ကြာဇံလေးနဲ့ ရောစားရတာ ကြိုက်တယ် ။


ဒါလေးက ကဇော့ခါးသီးပါ ။ အချိုသီး လည်းရတတ်ပေမဲ့ အခါးကို ပိုကြိုက်တယ် ။ ငယ်ငယ်က အမေပြောတာကြား ဖူးတယ် ။ ဒီဟာက ဆေးဖက်ဝင်တယ်တဲ့ ။ ဘာဆေးဖက်လည်းတော့ မမေးမိပါဘူး ။


                                        ငပိကင်လေးနဲ့ ရောထောင်းထားတယ် ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အရည်သောက်များ ( ၃ )

 Friday, October 22, 2010


 
ကြက်သွန်ဖြူ / နီ ၊ ဂျင်းကို ထောင်းပြီ ဆီသတ် ။ ကြက်သွန်တွေ နီရောင်သန်းလာရင် ၊ အရောင်တင်နဲ့ ဆနွင်း နည်းနည်းထည့်ပြီး ငါးနဲ့ မုံလာဥဖြူထည့် ၊ငံပြာရည် အချိုမှုန့် ထည့် ၅ မိနစ်လောက်ချက်ပြီးမှ မန်ကျည်းမှည့်နဲ့ ရေဆူ ထပ်ထည့်ပြီး ဆက်တည်ထား ။ စားခါနီးမှ ရုံးပတေသီးထည့် ပြီးစားလို့ရပါပြီ ။ (ကျမကတော့ ရုံးပတေသီးကို သိပ်ကျက်တာ မကြိုက်တတ်လို့ပါ ။ အကျက်ကြိုက်ရင် ကြိုထည့်ရပါတယ် )



 
ပဲလိပ်ပြာနဲ့ ပတက်စာဟင်းချိုပါ ။



ချက်နည်းတွေက အားသိပြီးသားမို့ မရေးတော့ပါဘူး ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အရည်သောက်များ ( ၂ )

 Thursday, October 21, 2010

 


ရေဘ၀ဲ ၊မှို ၊ ပင်စိမ်း နဲ့ ဆံမြိတ် (စံမုံစပါး ရဲ့ အရွက်လေးတွေပါ) ရောပြီး အရည်သောက် ချက်ထား တယ်  ကျမတို့ အထက်ပိုင်းမှာ ဆိုရင် ဆံမြိတ်လို့ ခေါ်တတ်ကြတယ်။ ကြက်ဥနဲ့ ကြော်စား လည်း ကောင်း တာပါပဲ  ခနောန်တတုံးကို ရေဆူထဲ ထည့်ပြီး  ပွက်လာရင် ရေဘ၀ဲနဲ့မှို ထည့်တယ် ။ ထမင်း စားခါနီးမှ ပင် စိမ်းခြွေထည့် ၊ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး သောက်လို့ ရပါပြီ ။


                                                   

                                               ကြက်ပေါင်ကို စွပ်လုပ်ထားတယ် ။


                                                     ကြက်သားနဲ့ ရေညှိစွပ်ပါ ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အရည်သောက်များနှင့် ပင်စိမ်းထောင်း


 ဒီနေ့တော့  အရည်သောက်လေးတွေပဲ။ ကျမက ဟင်းရည်မပါရင် ထမင်းမစားတတ်ဘူး ။ အရည်သောက် တွေထဲမှာတောင် အဖြူထည်မျိုးကို ငရုတ်ကောင်း နဲ့ ကြက်သွန်မိတ်လေး ခတ်ပြီးသောက် ရတာကိုပို  နှစ်သက်ပေမဲ့ ကျေးဇူး ရှင်ကြီး ကတော့ အချဉ်ရည်တို့ ပဲဟင်းတို့မှ ကြိုက်ပြန်ရော ကြက်ပြုတ် ရည်လေးထဲ တိုဖူးရယ် ၊ မုံညှင်းထုပ် အဖြူရယ် ကြက်သွန်မှိတ်လေးရယ် ထည့်ပြုတ်ထားတာပါ ။


 ဒါလေးကတော့ ပုဇွန်နဲ့ပတက်စာ ဆန်လှော်ဟင်းပါ ။ ပတက်စာက အမှန်ဖြူနေရမှာ  ရေခဲသေတ္တာထဲ ထည့်ထားတာ ကြာလို့ နေမှာ မဲသွားတယ်။ ဆန်လှော်ဟင်း ချက်နည်းကတော့ လွယ်ပါတယ် ။ ပုဇွန်ကိုနှုတ် နှုတ်စဉ်း လိုက်ပြီး ရေဆူထဲထည့်လိုက်တယ် ။ ဆက်ဆူနေပါစေ အချိုရည် ထွက်လာအောင်ပါ။ စပါလင်ကို ထုထည့် (သို့) စောင်းစောင်း လှီးထည့် ။ (ထုပြီး အစည်းလေး လုပ်ထည့်တာ မရှုတ်စေဘူး) ဆန်လှော်မှုန့် ၊ဆား ၊အချိုမှုန့်ထည့် ဆက်ဆူနေပါစေ ။ ပတက်စာ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး သောက်လို့ ရပါပြီ ။ အေးတဲ့ ရာသီမှာ မိုးရွာနေရင် သောက်ကောင်းတယ် ။


ဒါလေးက ပဲနီလေးသာပြောရမှာ ပဲက၀ါနေတယ်း)


ဒါကတော့ ပင်စိမ်း ၊ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ သံပုရာသီး ၊ ငံပြာရည် ၊ အချိုမှုန့်ရောပြီး ကြိတ်ထားတာပါ ။စားလို့ အရမ်းကောင်းပေမဲ့ ကျမတော့ အခုတလော ဒါတွေစားလို့ မရတော့ပါဘူး ။း(


ခင်မင်စွာဖြင့်
Baby taster

Read more...

ဆိတ်သားဟင်း (ချစ်တီးချက်)

 Tuesday, October 19, 2010





ဒီနေ့တော့ ကျေးဇူးရှင်ကြီးက ချစ်တီး ကုလား ဆိုင်ကလို ဆိတ်သားဟင်း ချဉ်ခြင်းတ နေပါသတဲ့ ။ ကျမကလည်း ချက်ချင် သူကလည်း အကောင်းကြိုက် အဆီတွေတိုးပြီး ကိုယ့်မှာနေ့တိုင်း သွေးကျဆေးသောက်နေရတယ် ။း)တချို့  တွေကဆိတ်သားကို ညှီတယ်လို့ပြောကြတယ် ။မဆလာ ကြိုက် သူတွေအတွက် ကတော့ မညှီအောင် ချက်လို့ ရပါတယ် ။ ဆိတ်သားကို အရွယ်တော်လေးတွေ တုံးပါ ။ ကျမကတော့ ဆိုင်ကနေ တခါတည်း တုံးခိုင်း ခဲ့တယ် ။


ဆိတ်သား......................... ၂ ပေါင်
သစ်ဂျပွေးခေါက်................. ၁ ချောင်း (လက်နှစ်ဆစ်လောက်ပါ သူကများသွားရင် ဟင်း ချိုရဲရဲကြီး
                                                      ဖြစ်နေတတ်တယ် )
ကရဝေးရွက် ...................... ၂ ရွက်
ဖာလာစေ့.......................... ၄ စေ့
လေးညှင်းပွင့်...................... ၄ ပွင့်
ငရုတ်ကောင်းစေ့.................. ၁၀စေ့
ပျဉ်တော်သိမ်ရွက်................ ၂ခက်
နို့ချဉ်................................. ၃ ဇွန်းကြီး ( ဟင်းခပ်ဇွန်း)
ကြက်သွန်နီ........................ ၂လုံး (ဥကြီး)
ငရုတ်သီး အပွခြောက်............. ၅ တောင့် (ရေစိမ်ထား)
ကြက်သွန်ဖြူ......................... ၁လုံး
ဂျင်း ..................................... လက်တစစ်စာ
ဂရမ်းမဆလာ........................၂ဇွန်း( လက်ဖက်ရည်ဇွန်း) မထည့်လည်းရပါသည် ။
ရိုးရိုးမဆလာ............................ ၂ဇွန်း( လက်ဖက်ရည်ဇွန်း) ဆွီတီ ၊ကြက် ၊ဘာဖြစ်ဖြစ်ပေါ့ ။
ဆီ ........................................ ၃ ဇွန်း (ဟင်းခတ်ဇွန်းကြီး)
ဆား....................................... အနည်းငယ်
အချိုမှုန့်...................................ခန့်မှန်း
ဆနွင်း/အရောင်တင်မှုန့်............... ခန့်မှန်း
ငရုတ်သီးစိမ်း........................... ၅ တောင့် ( အပွ)


အမှန်တော့ ဆီသတ်ပြီး ချက်ကြပေမဲ့ ။ ဆီသတ်ရင် တအိမ်လုံး ရစရာ မရှိ ဖြစ်နေ တတ်လို့ ကျမတော့ ဟင်း တော်တော် များများကို လုံးချက်ပါတယ် ။ Pressure Cooker နဲ့ ချက်ပါတယ် ။ မြန်လည်း မြန်သလို အချိန်မ ကုန်တော့ဘူးပေါ့ ။

စချက်မယ် ဆိုရင် အိုးထဲ ဆီထည့် ပူလာရင် သစ်ဂျပွေးခေါက်၊ ကရဝေးရွက် ၊ ဖာလာစေ့ ၊လေးညှင်းပွင့် တွေ ကို ဆီသတ် လိုက်တယ် ။ ပြီးရင် ကြက်သွန်နီ ၊ ဖြူ ၊ဂျင်း ၊ ငရုတ်စိမ်း/ခြောက် ၊ ပျဉ်တော် သိမ်ရွက် ကြိတ် ဆိတ်သား ၊ နို့ချဉ် ၊ ဆား ၊ အချိုမှုန့် ၊ ဆနွင်း ၊  အရောင်တင် ၊ မဆလာ အားလုံး ရောပြီး   ပြီးရင် ခုန အိုးထဲ ထည့်မွှေ လိုက်ပါ ။ နာရီဝက် လောက်ဆို မီးဖိုပေါ်တည်ပြီး ၊ ဆီထွက်လာအောင် မွှေပါ ပြီးရင် ရေဆူ အသား မြုပ်အောင် ထည့်ပြီး ဆက်ချက်ပါ ။ အိုးကနေ အသံတ ရှဲရှဲ မြည်လာရင် ၅ခါတော့ပေးမြည်လိုက်ပါ ။ ပြီးမှ မီးမှိန်မှိန်လေးနဲ့ ဆက်တည် ထားပါ။ မိနစ်၂၀ လောက်ဆိုရပါပြီ ။

နိုင်ငံခြားသားတွေက အင်းဒီယန်း အစားစား ကြိုက်ကြတော့ ။ဧည့်သည် ဖိတ်ကျွေးလို့ ကောင်းတဲ့ ဟင်းတမျိုး ပေါ့ ။ ဘာနဲ့မဆို တွဲစားလို့ အစဉ်ပြေပါတယ် ။ထမင်း ၊ပါမှုန့် ၊ ပန်ကိတ် အစိမ့်၊ နံပြား ၊ ပလာတာ အားလုံးနဲ့ အစဉ်ပြေပါတယ် ။
ရိုးရိုးအိုးနဲ့ ချက်စားမဲ့လူတွေက နည်းနည်းပိုကြာ အောင်တော့ ချက်ရပါလိမ်မယ်။ အသားနူးအောင်ပါ ။ပျဉ်း တော်သိမ်ရွက် ထည့်ရင် ဆိတ်သားက လုံးဝအနံ့ မထွက်တတ်ပါဘူး ။ အရမ်းမွှေး နေတတ်ပါတယ်။




ခင်မင်စွာဖြင့်
Baby tastaer


Read more...

ဗယာကြော်သုပ်

 Sunday, October 17, 2010





ပျဉ်တော်သိမ်ရွက် လက်ကျန်လေး ရှိတာနဲ့ ဗယာကြော်လေး ကြော်ပြီး သုပ်စားဖြစ်တယ် ။ ကုလာပဲကို ည ကတည်းက ရေစိမ်ထားလိုက်တယ် ။ မနက်ကျ ကြိတ်စက်ထဲ ကုလားပဲ ၊ပျဉ်တော်သိမ်ရွက် ၊ ငရုတ်သီး စိမ်း ကြက်သွန်ဖြူ ၊ဂျင်း ၊ ဆားထည့်ပြီး ကြိတ်လိုက်တယ် ။ ပြီးမှ ဆားဆိုဒါ ခန့်မှန်းထည့် မဆလာလေး နည်းနည်းထည့်ပြီး နပ်ထား လိုက်တယ်  ။ ကြော်တဲ့အခါ ဆီထဲ ဆနွင်း နည်းနည်းထည့် ကြော်တယ် အရောင် မလှမှာ စိုးလို့ပါ ။ ကြက်သွန်ဖြူ ၊နီ ၊ဂျင်းကို နှုတ်နှုတ် စဉ်းပြီး ဆီသတ် ။ အနံ့လေး မွှေးလာရင် ပဲ မှုန့်အစိမ်း နည်းနည်း ဖျော်ထည့်အဆက်မပြတ် မွှေပေး ပဲစိမ်နံ့လေး ပျောက်သွားရင် မဆလာခတ်ပြီးချ ။

စသုပ်တော့မယ် ဆိုရင် ဇလုံတလုံးထဲကို  ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ပူစီနံ ၊ သခွါးသီး ၊ အားလုံးကို ပါးပါး လှီးထည့် ၊ ငံပြာရည် ၊ အချိုမှုန့် ၊ မန်ကျည်းမှည့် ပဲရည်လေး ထည့်နယ်ပြီးမှအပေါ်ကနေ   ဗယာကြော်ကို မွှ မွှလေး ချေထည့်ပြီး နယ်စားလို့ ရပါပြီ ။ ကြိုက် တတ်ရင် ကြက်သွန်ဖြူနဲ့ ငရုပ်သီးခြောက်ကြော်လေး ကိုက်


ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP