Lorem Ipsum

ပလာတာခွံနဲ့ စမူဆာ

 Saturday, June 18, 2011

စမူဆာ အခွံမကျန်တော့လို့ ပလာတာ အဆင်သင့်ရှိနေတာနဲ့ ပလာတာ အခွံနဲ့လုပ်လိုက်တာပါ။ ဂျူံနယ်နေ ရမှာပျင်းတာလည်း ပါတာပေါ့လေ :) ဒါနဲ့ US မှာနေသူတွေကတော့ ကုလားဆိုင်က စမူဆာ ၀ယ်စားဖူး ကြမှာပါ။ ရယ်ဒီမိတ်တွေပါ။ အဲ့လို ပုံစုံလေးဖြစ်အောင် ကြော်ထားပါတယ်။ ပန်ချာပီ(စခ်) တွေလုပ်တဲ့ စမူဆာပေါ့။ ပန်ချာပီ ဆိုတာ သိကြလားမသိဘူး၊ ခေါင်းမှာ ယောင်ထုံးကြီးနဲ့လေ။ ကိုယ်ငယ်ငယ်က လုံးကြီးတင်လို့ ခေါ်လိုက်လို့ ပန်ချာကုလားကြီးက မသတ်သွားတာကံကောင်း :D




အာလူးပြုပ်ထားတာနဲ့ ပဲစိမ်းလုံးကို၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းတို့ကို နုပ်နုပ်စဉ်း ဇီရာစေ့( Cumin)နဲ့ ရောပြီးဆီသတ်၊ ကြက်သွန် နီဝါရောင်လေးရရင်၊ ဆနွင်းနဲ့ အရောင်တင်မှုန့်နဲနဲထည့်၊ အာလူးခြေထည့်၊ ပဲစိမ်းပါတခါတည်းထည့်၊ ဆားနဲ့ မဆလာမှုန့်ထည့်ပြီး ပဲစိမ်းနံ့လေး ပျောက်ရင်ရပါပြီ။



ဒီပလာနဲ့လုပ်တာပါ။ သူကစပ်တယ်။ ငရုပ်စိမ်းတွေ ထည့်ထားလို့ပါ။


ပလာတာကို ဂျူံမှုန့်ဖြူးပြီး ဒလှိမ့်(သို့)ပုလင်းနဲ့ ပိုပါးသွားအောင် လှိမ့်လိုက်တယ်။ ပြီးမှ လေးစိတ်ဖြတ်လိုက် တယ်။ အဆာလေးပုံထည့်ပါတယ်။


ဒီလိုပုံဆံခေါက်ပါတယ်။ သူများခေါက်တာနဲ့တော့ မတူပါဘူး။


ပြီးမှ ရေအေးလေးနဲ့ ကပ်ပါတယ်။


ဒီလို ပုလုံးလေးတွေ ရပါ့လိမ့်မယ် :)



မီးမပူမအေးလေးနဲ့ ကြော်တော့ ဒီလိုပုံလေးဖြစ်လာပါလိမ့်မယ်။


ကြော်ပြီး ပလာတာအခွံနဲ့မို့ ကြွပ်မနေပါဘူး။ ပန်ချာပီတွေ ကြော်တာတော့ ကြွပ်တယ်နော် :D


မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အရည်ညှစ်ယူပါတယ်။ ကြက်သွန်နီ၊ ဂေါ်ပီ၊ ပူစီနံ၊ ငရုပ်စိမ်းတို့ကို နုပ်နုပ် စဉ်းထည့်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူကို ထောင်းထည့်၊ ဆားနဲ့အချိုမှုန့်ခန့်မှန်းထည့်ပြီး အချဉ်ရယ်ကို ခပ် ပျစ်ပျစ်လေး ဖျော်ပါတယ်။




                                    ပထမတရက်က ကြော်စားတဲ့ ပလာတာပါ။



ရွှေထမင်း လုပ်စားထားတာပါ။ ကိုယ်လုပ်တာနဲ့ သူများလုပ်တာတော့ တူချင်မှတူမှာပါ။ ကောက်ညှင်းကို ရေ ၂နာရီစိမ်ထားပြီး ပေါင်းပါတယ်။ ပေါင်းပြီးသားကောက်ညှင်းကို ကြံသကာကျိုထဲ ရောပြီး မွှေပါတယ်။ ရေခမ်းလာရင် ထေားပတ်နဲနဲထည့်ပြီး ဗန်းထဲထည့် အိုဗင်မှာ ၃၅၀အပူချိန်နဲ့ ၂၅မိနစ် ဖုတ်လိုက်တာပါ။ ကိုယ်လုပ်တဲ့ထဲမှာတော့ အုန်းသီးပါ ထည့်ထားပါတယ်။ ကိုယ်က မြန်မာမုန့်တွေ လုပ်ရတာ ပိုဝါသနာပါ ပါတယ်။ အဟီးးးးးးးး ကိတ်မုန့်တွေက ခဏခဏပြစ်ရလွန်းလို့ပါကွယ် :D ကောက်ညှင်းနဲ့ ကြံသကာကိုတော့ ကိုယ့်အချိန်အဆနဲ့ပဲ ထည့်ပါတယ်နော် :) ဒီမှာလည်း ကောက်ညှင်းပြန်ပေါင်း လုပ်ဖူးပါတယ်။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP