Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၆)

 Monday, October 31, 2011

ငါးရံ့ကို ကြော်ပြီး အရိုးနူးအောင် ပြန်ပေါင်းထားပါတယ်။ ငါးရံ့ အကောင်ကြီးကြီးကို ၃ပိုင်းပိုင်းပါတယ်။ တပိုင်းကို ချန်ထားပြီး ကျန်တဲ့ နှစ်ပိုင်းကို ငံပြာရည်နဲ့ဆနွင်းနယ်ပြီး ကြော်လိုက်တယ်။ ပြီးရင်တော့ ဆီအိုး တည်၊ ငရုပ်သီးခြောက်၊ ကြက်သွန်နီ(အကွင်းလိုက်လှီးထားတာ) ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းတို့ကို ဆီ သတ်၊ အနံ့မွှေးလာရင်၊ ကြော်ထားတဲ့ငါးကိုထည့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ အနှောက်၊ နှမ်းဆီအ နည်းငယ်၊ တရုတ်မဆလာ အနည်းငယ်တို့ကိုထည့်မွှေပြီး ရေဆူငါးမြုပ်အောင်ထည့်ပြီး အရိုးနူးအောင် ပေါင်းထားပါတယ်။ အရိုးနူးပြီး ဆီပြန်လာရင် ရပါပြီ။ ငါးက ငရုပ်သီးအခြောက်ဆီသတ်ပြီး ချက်ထားလို့ချို စပ်လေးဖြစ်နေပါတယ်။ အရင်ကလည်း ငါးပေါင်းဖူးပါတယ်။ အဲ့ဒါ ပဲငပိနဲ့ ဒီမှာပါ ။

ငါးရံ့ အရိုးနူးပေါင်း။


 

ပေါင်းအိုးထဲမှား)

အမဲခြောက်ကြော်

အမဲသားကို ပါးပါးလှီးပြီး၊ ဆား၊ အချိုမှုန့်၊ ဆနွင်းနဲ့နယ်ပါတယ်။ တမနက်လောက် ဗန်းပေါ်မှာ ဇကာလေး အုပ်ပြီး ဖြန့်ထားတယ်။ ညနေမှ ကြက်သွန်နီနဲ့ ဖြူကို ပါးပါးလှီးကြော်ပြီး ဆီစစ်ထားလိုက်တယ်။ ကျန်တဲ့ဆီ မှာ အမဲသားတွေထည့်ကြော်၊ အသားတွေ ကြွပ်လာရင် ကြော်ထားတဲ့ ကြက်သွန်နဲ့ရောပြီး မီးပိတ်လိုက် ပါတယ်။


 ပိန်းဥနဲ့ပင်စိမ်း ဟင်းချို

ပိန်းဥကို အခွံနွာပြီး ရေဆေးထားပါတယ်။ အိုးတလုံးထဲမှာ ငါးခူအရွယ်လတ်လတ် တကောင်ကို ငံပြာရည်နဲနဲထည့်ပြီး ပြုပ်ထားပါတယ်။ ဆီအနည်းငယ်မှာ ကြက်သွန်ဖြူထောင်းပြီဆီသတ်၊ ဆနွင်းပါရုံလေး နဲနဲခပ်ပြီး ပိန်းဥထည့်၊ ၁မိနစ်လောက် ကြော်ပြီးရင်၊ ပြုပ်ထားတဲ့ငါးကိုကို အရိုးနဲ့ အရေပြားချန်ပြီး ကျန်တာ အားလုံးထည့်။ ငါးပြုပ်ရည်ပါထည့်ပြီး ပိန်းဥနူးရင် အပေါ့အငံမြည်း၊ ပင်စိမ်းနဲ့ ငရုပ်ကောင်းမှုန့်ထည့် ရပါပြီ။

ပုဇွန်ခြောက် ဘာလချောင်

 

                                                   သခွါးချဉ်သုပ်

သခွါးသီးချဉ် သုပ်ပါ။ သခွါးသီးနဲ့ ကြက်သွန်နီကို အခွံခွါပြီး ပါးပါးလှီးပါတယ်။ ရေတဆ၊ ရှလကာချဉ် နှစ်ဆ ရောပြီး သခွားသီးကို ရေစိမ်ထားပါတယ်(၂နာရီ) သုပ်ခါနီးမှ၊ သခွားသီးစိမ်ထားတဲ့ အချဉ်ရည်ကို သွန်ပြစ်ပြီး အရည်ညစ်ပြစ်လိုက်ပါ။ ဒါဆိုရင် သခွါးချဉ်ရပါပြီ။

သုပ်တော့မယ်ဆိုရင် သခွါးသီးချဉ်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းဆီကျက်၊ နှမ်းလှော် ထောင်း၊ နံနံပင်၊ ငံပြာရည်နဲ့ အချိုမှုန့်တို့ကို ထည့်ပြီးရောနယ်လိုက်တယ်။ ရပါပြီ ချဉ်ငံစပ်၊ သခွါး ချဉ်သုပ်။



ခင်မင်စွာဖြင့်
Baby taster


Read more...

လက်သဲ ပုံဖော်ရအောင် (၂)

 Sunday, October 30, 2011

မနက်ဖြန် Helloween day ဆိုတော့ ဒီအရောင်လေး စမ်းဆိုးကြည့်ပါတယ်။ တရက်တလေအတွက် အရောင် တောက်တောက်လေးတွေ ကောင်းပေမဲ့ အမြဲတမ်းအတွက်တော့ မကြိုက်ဘူး။


konad plate m 35 ၊Konad Stamper And Scraper၊ လက်သဲနီ လိမ္မော်ရောင်၊ အနက်ရောင်၊ အ၀ါရောင်( ဓါတ်ပုံထဲ ကျန်သွားတယ် ပါမလာဘူး)  ငွေမှုံ(silver glitter) ၊ Base Coat၊ Top Coat၊ Makeup Sponge( တစ်ရှူးအကြမ်း သုံးနိုင်ပါတယ်) နဲ့ သွားကြားထိုးတံတို့ လိုအပ်ပါတယ်။



Base Coat ဆိုးပါတယ်။
                        လိမ္မော်ရောင်ကို ဆိုးပါတယ်။(အရောင်က အရမ်းကျဲနေရင် ၂ထပ်ဆိုးပါ)


အ၀ါရောင်ကို တစ်ရှူးအကြမ်းသို့ makeup sponge နဲ့ လက်သဲရဲ့ အလည်ကိုဆိုးပေးပါတယ်။ လိမ္မော်ရောင် တပြေးထဲ ဆိုးချင်ရင် ဒီတဆင့်ကို ဖြုတ်လိုက်ပါ။ ကိုယ်ကတော့ အရမ်းတောက်နေတာကို မလိုချင်လို့ အ၀ါ ရောင် နဲ့ အရောင်စပ်လိုက်တာပါ။


                           Konad Plate M 35 က အသဲပုံလေးတွေကို အနက်ရောင်တင်ပြီး


Stamper နဲ့ယူလိုက်ပြီး လက်သဲရဲ့ အ၀ါရောင် ဆိုးထားတဲ့နေရာမှာ ခပ်စောင်းစောင်းလေး ဖိကပ်လိုက် ပါတယ်။  နောက်ထပ်တကြိမ် အနက်ရောင်ထည့်ပြီး Stamperနဲ့ထပ်ယူပြီး လိုနေတဲ့ နေရာမှာဖြည့်ပါတယ်။(တကြိမ်ထဲနဲ့ အသဲပုံလေးတွေက လက်သဲမှာ မလောက်လို့ ထပ်ဖြည့်တာပါ)


ဒီလိုလေး ရလာမှာပါ


အနက်ရောင် အသဲပုံလေး ဖော်ပါတယ်။ စုတ်တံ သေးမျှင်မျှင်လေးသုံးပေးပါ။ ကျွမ်းကျင်တဲ့လူတွေ အတွက် ကတော့ စုတ်တံ သိပ်သေးနေဖို့မလိုဘူးထင်ပါတယ်။( ကိုယ့်အတွက်ကတော့ လိုတယ်း)


                                                      ဒီလိုလေးပေါ့




ငွေမှုံ(silver glitter)နဲ့ အသဲပုံကို အပေါ်ကနေ နောက်တလိုင်း ဖော်ပေးပါတယ်။


အနက်ရောင်ကို သွားကြားထိုးတံနဲ့ လက်သဲထိပ်ရဲ့ ထိပ်လေးတွေမှာ အစက်လေးတွေ ချပေးပြီးရင်



Top Coat ဆိုးလိုက်ပါ။ ဒါဆိုရင် အရမ်းကို ဆိုလက် တောက်ပြောင်လှတဲ့ လက်သဲလေးတွေနဲ့ လှနေမှာပါ။









အားလုံးပဲ ပျော်ရွှင်စရာ  Helloween day ဖြစ်ပါစေ။


ခင်မင်စွာဖြင့်
Baby taster


Read more...

လက်သဲ ပုံဖော်ရအောင် (၁)

 Saturday, October 29, 2011


Base Coat၊ Top Coat၊ အဖြူရောင် ( Sally Hansen Bad to the bone 120 )အနီ၊ အဖြူ၊ အနက်၊ ငွေမှုံရောင်တွေကို သုံးထားပါတယ်။




ပထမဆုံး လက်သဲကို သန့်စဉ်ပြီးရင် Base Coatခံပြီးရင်၊ အဖြူရောင် ( Sally Hansen Bad to the bone 120 ) ကိုဆိုးပါတယ်။ ဒီအရောင်က အဖြူ ဆွတ်ဆွတ်ကြီး မဟုတ်ပါဘူး။ ပန်းရောင်နဲနဲသန်းပါတယ်။



အနီရောင်ကို လက်သဲရဲ့ ၃ပုံ၁ပုံကို တစောင်းဆိုးပါတယ်။ ဒါက ကိုယ်ဆိုးတာ။ ကိုယ့်စိတ်ကြိုက် ဆိုးချင် သလို ဆိုးနိုင်ပါတယ်။



 Art Club  အနက်ရောင်နဲ့ မျှဉ်းပြိုင် ကောက်ကြောင်းလေးဆွဲလိုက်တယ်။ သူ့စုတ်တံက သေးမျှင်မျှင်လေး ဆိုတော့ တခြားစုတ်တံ အကူမလိုပါဘူး။



 အနက်ရောင် မျှဉ်းပြိုင် ကြားထဲကို ငွေမှုံဆိုးဆေးလေးဖြည့်ပါတယ်။ မဖြည့်ချင်လည်းရပါတယ်။





ပြီးရင်တော့ သွားကြားထိုးတံ၊ ကလစ်ထိပ်၊ ပင်းအပ်ထိပ်၊ ဘောပင်ထိပ်စသည်တို့နဲ့ အစက်လေးချပေး ပါတယ်။ မကြိုက်ရင် ဖယ်လိုက်ပါ။


နောက်ဆုံးတော့ Top Coat ထပ်လိုက်ရင်ရပါပြီ။ ကြိုက်တဲ့ Top Coat  သုံးနိုင်ပါတယ်။ ကိုယ့်လက်သဲ တွေ ခဏ ခဏကျိုးနေလို့ ဒီTop Coat ကို အစားထိုးသုံးတာပါ။


ဓါတ်ပုံက အလင်းအရမ်းပြန်နေတော့ သိပ်မမြင်ရဘူး။ နောက်မှ လှလှလေး ရိုက်တတ်ဖို့ ကြိုးစားပါအုံးမယ်။







သာမန်ကိုယ့်ဘလောဂ့်ကို လာလည်သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့း)



ခင်မင်စွာဖြင့်
Baby taster




Read more...

ကျောက်ကျောများ

 Wednesday, October 26, 2011

အသိတွေက မြောက်ပြောတယ်။ ရှင်လုပ်တဲ့ ရွှေကြည်မုန့်လေး စားချင်လိုက်တာတဲ့။ မြောက်ပြောမှတော့ ဟင်း ဟင်း( အဖျားတက်သံ မှတ်နေအုံးမယ်။ ဟုတ်ဖူးနော်  စာသံနဲ့ ရယ်ကြည့်တာပါး) ဒါနဲ့ မမောနိုင်ပဲ လက်စွမ်းပြလိုက်တာပေါ့။ သူတို့က ရွှေကြည်စားချင်တာ လျှာရှည်ပြီး ကျောက်ကျောပါ လုပ်လိုက်တယ်။


ကိုယ်လုပ်တဲ့ ကျောက်ကျောက တယ်လီဖုန်းတံဆိပ် 0.88g ပါတဲ့ အထုပ် ၂ထုပ်ကို၊ သကြား ၃ပေါင်၊ ရေ နို့ဆီခွက်၁၇ခွက်၊ အုန်းနို့ ၃ဗူးနဲ့ Hale's တံဆိပ် အချိုရည်၊ အနီနဲ့ အစိမ်းတို့ကို သုံးထားပါတယ်။ 

ပထမဆုံး ရေနဲ့သကြားကို ရောပြီးဆူအောင်တည်ပါတယ်။ ရေဆူလာရင်၊ ကျောက်ကျောကို ရေဖျော်ပြီး လောင်းထည့်၊ မကြာခဏ မွှေပေးပါတယ်။ ၁၀မိနစ်လောက်ကြာရင်တော့ အုန်းနို့ထည့်၊ ၅မိနစ်ထပ်ဆူပါစေ။ ပြီးရင် အဖြူကို ဗန်းတခုမှာ လောင်းထည့်၊ ကျန်တဲ့ အရည်တွေကို အစိမ်းတဗန်း၊ အနီတဗန်းရောပြီး အအေး ခံလိုက်တာပါပဲ။ ( အရောင်ကတော့ နဲနဲလေးပဲထည့်ပါတယ်။) ကိုယ်လိုချင်တဲ့ အရောင်အနေအထားရဖို့ ခန့်မှန်းထည့်တာပါ။




ရောင်စုံကျောက်ကျော


                                                  အစိမ်းရောင် ကျောက်ကျော




ဒါက အနီရောင်ပါ။ ပန်းရောင်လိုဖြစ်နေတယ်း)

















ရွှေကြည် ဆနွင်းမကင်းလည်း လုပ်ပါတယ်။


ကျော်ကျော အစိမ်းရောင်ဗန်း


ကျောက်ကျော အနီနဲ့ အဖြူဗန်း



ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP