Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၁၃)

 Saturday, December 17, 2011


ငါးဖတ်ကဖောင်ကြော်

ငါးကို အာလူးမှုန့်နဲ့ကပ်ပြီး အကြွပ်ကြော်ထားတာ ကျန်နေတာနဲ့ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းထောင်း ဆီ သတ်၊ ငါးထည့်၊ ငံပြာရည်၊ သကြားနဲ့ ပဲငံပြာရည်အကြည် နဲနဲထည့်ကြော်၊ နောက်ဆုံးမှာ ဖတ်ကဖောင်ရွက်( ပင်စိမ်း အရိုင်းမျိုး= Hot Basil) ထည့်ပြီး စပ်စပ်လေးကြော်ပါတယ်။


                                               အမဲသားနဲ့ ကင်မ်ချီကြော်

မုံလာဥ ကင်မ်ချီ ကျန်နေသေးတာနဲ့ ပါးပါးလှီးပြီး အမဲသားနဲ့ ရောကြော်ထားတာပါ။ ကင်မ်ချီက ချဉ်စပ် အရ သာ ရှိပြီးသားမို့ ကြက်သွန်နီနဲ့ ဖြူကို ဆီသတ်၊ အမဲသားထည့်၊ ငံပြာရည်နဲနဲထည့်ကြော်၊ အမဲသားကျက် လောက်မှ ပါးပါးလှီးထားတဲ့ ကင်မ်ချီနဲ့ အရည်နဲနဲထပ်ထည့်ပြီး ကြော်ထားတာပါ။



ကချင်အရည်သောက် ဟင်းတမျိုးချက်ကျွေးတယ်။ အရိုးထုတ်ပြီးသား ငါးတပေါင်ကို နုပ်နုပ်စဉ်းပြီး ကြက်သွန်ဖြူနဲ့ ဆီသတ်၊ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ငါးထဲက ရေခမ်းမှ ရုံးပတေသီးနဲ့ ပိန္နဲသီးကို၊ ထည့် ရေဆူထပ်ထည့်ပြီး တည်ထား။ ထမင်းစားခါနီးမှ ငရုပ်ကောင်းစေ့၊ ငရုပ်သီးစိမ်းမီးကင်၊ ကြက်သွန်ဖြူ၊ ပဲပုပ်မီးကင်တို့ကို ထောင်းထည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ရင်ရပါပြီ။ ထမင်းအရမ်းမြိန်တဲ့ ဟင်းတခွက်ပါ။


                                      ပုစွန် ငပိကျက်ပါ။ (ခရမ်းချဉ်သီး နဲနဲပဲထည့်ထားတယ်)


Watercress( မြန်မာလို ဘယ်လိုခေါ်မှန်းမသိဘူး။ မြန်မာပြည်မှာတုန်းက မြင်တောင်မမြင်ဘူးဖူးရယ်) ကို ငါးဆုပ်လုံးနဲ့ ဟင်းချိုပါ။



ခင်မင်စွာဖြင့်
ဘေဘီ


 

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP