Lorem Ipsum

ကြက်သားမဆလာချက်

 Friday, October 29, 2010

ကြက်သားကို ခြောက်ခြောက်လေး ချက်ထားတယ် ။ အသားတွေက အပျော့တွေကြီးပဲ ဆိုတော့ စားလို့ သိတ်မကောင်းဘူး ။ ဒါပေမဲ့ ကျမတို့ နေတဲ့ နေရာ မှာတော့ မြန်မာတွေ များလို့လား မသိဘူး ဆိတ်သား
အမဲသား ၊ဘဲငန်းသား ၊ ကြက်စင်သား ၊ ဆိတ်ကလီစာ ၊ ဘဲသားနဲ့ ငါးတွေပါ ရတတ်တယ် ။ ငါး ကလွဲရင်
ကျန်တာတော့ ဆိုင်မှာ လတ်လတ်ဆတ်ဆတ် ၀ယ်လို့ရတတ်သလို ငါးကိုတော့ နွေရာသီကြရင် မျှားပြီး
လာရောင်းကြတယ် ။ အခုဆို မြန်မာ ဆိုင်တွေကလည်း ၅ ဆိုင်လောက်ရှိတော့ ကြိုက်သလို လတ်လတ်
ဆတ်ဆတ် ရောက်ရင် ဖုန်းဆက်ပေးကြတော့ ပိုအဆင်ပြေပါတယ် ။ လိုရင်းက ဘယ်ရောက်ပါလိမ့်း)




ကြက်သားကို ကြိုက်သလို အရွယ်တုံးပြီး ဆား ၊ ဆနွင်း ၊ အရောင်တင် ၊ ကြက်သွန်ဖြူ ၊ ဂျင်း ထောင်းပြီး မ
ဆလာလေးပါ နည်းနည်းထည့်ပြီး နယ်ထား။ ဆီပူလာရင် ကရဝေးရွက်၂ရွက် နဲ့သစ်ဂျပွေးခေါက် တချောင်း
လက် တဆစ်စာလေးထည့် ၊ဆီသတ်။ ကြက်သွန်နီ ၂လုံးစာလောက် ပါးပါးလှီးထည့် ၊ဂျင်း နဲ့ ကြက်သွန်ဖြူ
ထောင်းထည့် အရောင်တင်လေး နည်းနည်း ထပ်ထည့် ၊ ကြက်သား ထည့်ပြီး ရေအနေတော် ထည့် ချက်။
ဆီပြန်လာရင် မဆလာ နည်းနည်းထည့်ပြီး အပေါ့ အငံမြည်းကြည့် ၊ ကြက်သားနူးလောက်ရင် ချလို့ရပါပြီ ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP