Lorem Ipsum

ငါးဟင်းများ

 Sunday, October 31, 2010


 ခုတလော အစပ်စားလို့ မရဘူး ဖြစ်နေတယ် ။ ဒါကြောင့် အချိုလေးတွေပဲ ဆီမပါတာ ချက်စားဖြစ်တယ် ။ဒါ
ကတော့ ငါးပေါင်းပါ ။တီလားပီရားငါးကို အရေခွံနဲ့ အရိုး ထုတ်ထားတာ ၀ယ်လာခဲ့တယ်။ ဂျင်းပါးပါးလှီးထည့်ပဲငံပြာရည်နဲ့ နှမ်းဆီ တစက် နှစ်စက်နဲ့ အချိုမှုန့် နည်းနည်း ထည့်ပြီး ပေါင်းလိုက် ပါတယ်။ ၁၅မိနစ်ဆို ရပါပြီ ။ကြက်သွန်မြိတ်လေးဖြူးပြီး စားလို့ရပါပြီ ။




ဒီငါးပေါက်လေးတွေကို ဆီနည်းနည်းနဲ့ ကြက်သွန်ဖြူ ၊နီ ၊ဂျင်း နည်းနည်းထောင်းထည့် ၊ငံပြာရည်နည်းနည်း
ထည့်၊ ရေလေး နည်းနည်းထည့်ပြီး ချက်လိုက်တယ် ။ ဟင်းအိုးရမှ ပင်စိမ်းလေး အုပ်ပြီးစားတယ် ။




တီလားပီးရာငါးကို အကြေးထိုး ဗိုက်ဖောက်ပြီး သေချာဆေး၊ ပဟက် ထုတ်ပြီး ဓါးနဲ့မွမ်းလိုက်တယ်။ ဆား ဆနွင်းနယ်ပြီး ဂျူံမှုန့် နည်းနည်းကပ်ပြီကြော်လိုက်တယ်။ ကြက်သွန်နီဖြူ ၊ဂျင်း ငရုတ်သီးစိမ်ကို နှုတ်နှုတ်စဉ်းပြီးဆီသတ်၊ အရောင်တင်ထည့် ၊ခရမ်းချဉ်သီးစောစ့်ထည့် ၊ ငံပြာရည်နဲ့ မန်ကျီးမှည့်လေးထည့်ပြီး ငါးပေါ်ကနေ လောင်းချပါ ။ကြက်သွန်မြိတ်လေး အုပ်ပူပူလေးစားမှ ကောင်းတယ် ။




ဒါက ကျမစားတဲ့ ငါးပြုတ်ပါ။ ကြက်သွန်ဖြူ နီ၊ ဂျင်း ၊ ပင်စိမ်း ၊ဖက်ဖယ်ရွက် ၊ နံနံပင် ထောင်းပြီး ထည့်လိုက်
တယ် ။ ငံပြာရည်လေး နည်းနည်းထည့် ။ရေအနည်းငယ်ထည့်ပြီး ၁၅ မိနစ်ပြုတ် လိုက်တယ် ။ ပေါ့ပေါ့လေး
စားလိုက်ရတာပေါ့ ။ ကောင်းပါတယ် လည်ချောင်းနာတဲ့ဒဏ်ထက်တော့း(

ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP