Lorem Ipsum

ဗယာကြော်သုပ်

 Sunday, October 17, 2010





ပျဉ်တော်သိမ်ရွက် လက်ကျန်လေး ရှိတာနဲ့ ဗယာကြော်လေး ကြော်ပြီး သုပ်စားဖြစ်တယ် ။ ကုလာပဲကို ည ကတည်းက ရေစိမ်ထားလိုက်တယ် ။ မနက်ကျ ကြိတ်စက်ထဲ ကုလားပဲ ၊ပျဉ်တော်သိမ်ရွက် ၊ ငရုတ်သီး စိမ်း ကြက်သွန်ဖြူ ၊ဂျင်း ၊ ဆားထည့်ပြီး ကြိတ်လိုက်တယ် ။ ပြီးမှ ဆားဆိုဒါ ခန့်မှန်းထည့် မဆလာလေး နည်းနည်းထည့်ပြီး နပ်ထား လိုက်တယ်  ။ ကြော်တဲ့အခါ ဆီထဲ ဆနွင်း နည်းနည်းထည့် ကြော်တယ် အရောင် မလှမှာ စိုးလို့ပါ ။ ကြက်သွန်ဖြူ ၊နီ ၊ဂျင်းကို နှုတ်နှုတ် စဉ်းပြီး ဆီသတ် ။ အနံ့လေး မွှေးလာရင် ပဲ မှုန့်အစိမ်း နည်းနည်း ဖျော်ထည့်အဆက်မပြတ် မွှေပေး ပဲစိမ်နံ့လေး ပျောက်သွားရင် မဆလာခတ်ပြီးချ ။

စသုပ်တော့မယ် ဆိုရင် ဇလုံတလုံးထဲကို  ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ပူစီနံ ၊ သခွါးသီး ၊ အားလုံးကို ပါးပါး လှီးထည့် ၊ ငံပြာရည် ၊ အချိုမှုန့် ၊ မန်ကျည်းမှည့် ပဲရည်လေး ထည့်နယ်ပြီးမှအပေါ်ကနေ   ဗယာကြော်ကို မွှ မွှလေး ချေထည့်ပြီး နယ်စားလို့ ရပါပြီ ။ ကြိုက် တတ်ရင် ကြက်သွန်ဖြူနဲ့ ငရုပ်သီးခြောက်ကြော်လေး ကိုက်


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP