Lorem Ipsum

အရည်သောက်များ

 Friday, November 12, 2010



ပဲလိပ်ပြာ နှပ်ထားတာ ရှိနေတာနဲ့ ဟင်းချို သောက်ဖြစ်တယ် ။ပဲလိပ်ပြာထဲ ပဲဆီ နည်းနည်းနဲ့ ဆား အချိုမှုန့် ထည့်၊ ရေဆူထဲ ကြက်သွန်ဖြူ ထုထည့်ပြီး အရွက်ကလေး ထည့်ပြီး တမိနစ်ဆိုရပြီ ။ အောက်က အရွက်ပါ။




ဗူးသီး ဟင်းချိုပါ။


ပဲလိပ်နဲ့ အပေါ်က အရွက်ပါပဲ ဟင်းချိုလေးပေါ့ ။ လွယ်တယ် မပြောတော့ဘူး ။



ဒါက မိဆိုအနှစ်ရယ် ကြက်သွန်ဖြူရယ် ရေဆူထဲထည့်ပြီး ပွက်လာမှ အမဲသား ထည့်တယ် ။အမဲသား ကျက် ရင် ကြက်ဥ ဖောက်ထည့် ။ မုံညှင်းရွက်လေး အုပ်ပြီး သောက်ဖြစ်တဲ့ ဟင်းချိုပါ။




ဒါကတော့ လောဝ်ဟင်းရည်ပါ။ ခနော်န် တတုံးကို ရေဆူထဲထည့် ။ ငရုတ်စိမ်းနဲ့ ကြက်သွန်ဖြူထည့် ဆူလာရင် စံမိတ်ရွက်နဲ့ ငါးပေါက်လေးတွေထည့် ၊ ပင်စိမ်း ခတ်ပြီးသောက်နိုင်ပြီ။



 ဒါကတော့ မိဆိုရယ် ၊ပဲပြားရယ်၊ ပဲလိပ်ခြောက် ရေစိမ်ရယ် ၊ တရုတ်နံနံရယ် ကို ကိုရီးယား မုန့်တီ အမဲ လေး နဲ့ ပြုတ်သောက်တယ် ။ ခုတော့ ဓါတ်ပုံ မရိုက်ရ သေးဘူး ။မုန့်တီ ပုံလေး တင်ပေးပါ့မယ် ။


ရေညှိဟင်းချိုပါ ။ လွယ်တယ်ဆိုတော့ မပြောတော့ဘူး ။အရင်ကလည်း ရေးဘူးပါတယ် ။



ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP