Lorem Ipsum

ပေါချောင်ကောင်းများလိုက်မွှေသည်

 Friday, December 24, 2010


ဒါတွေက ယောင်းမ အငယ်လေးမွေးကင်းစ သားလေးအတွက်။ နဲနဲကြီးတာပဲ ၀ယ်လိုက်တာ။

မနေ့က ဖတ်ဖတ်ကိုမောတယ်။ ကိုယ်တို့ မိဘတွေများ ဒီလောက်များတဲ့ ကလေးတွေကို ဘယ်လိုများ ကျွေးမွေးခဲ့လည်း မသိပါဘူး။ ကိုယ့်ယောင်းမတွေနဲ့ အမကိုလည်း ချီးကျူးမိပါရဲ့။ ကိုယ်တော့ တယောက်ထဲ နဲ့ချာလပတ်လည်နေတယ် :D လူကြီးတွေထက် ကလေးအ၀တ်တွေက ဈေးပိုကြီးတာ အားလုံးသိကြမှာပေါ့ အဆိုးဆုံးက မွေးကင်းစလေးတွေပေါ့။ ဒါလေးတွေရလာတယ်။ ရှူ့ စားတော် မူကြပါလော့ :)


တထည်ကို ၆.၅၀ တဲ့လေ


ဒါလေးက တူမလတ်လေးအတွက် တစုံကို ၃၃ ကျော်မယ်ထင်တယ်၅၀% လျော့ပြီးသားပါ။



ဒါလေးကတော့ ပါရမီလေး အတွက်ပါ:) ပါရမီဆိုတာ ကိုယ့်သမီးလေးရဲ့ အိမ်နာမည်ပါ။



ဒါက နှစ်ထည်ဝယ်တယ် ၃နှစ်အရွယ်ပါ တထည် ၇.၆၉တဲ့


ဒါက ၄နှစ်


ဒါက စီးချင်တဲ့သူ စီးနိုင်အောင်


ဒါတွေက လက်အိတ်၊ နားအုပ်တဲ့၊ လက်သုတ်က ၅ထည်၊ စောစ့်ခွက်၊ ပန်ကန်ပြား အနက်ရောင်၊ သူ့ပေါ်မှာ အိုးသေးသေးလေး တလုံး ချစ်စရာကောင်းလို့၊ ဇွန်းကြီး/သေးခက်ရင်းကြီး/သေးဓါး၈စုံတဲ့ ၇၉.၀၀ကို ထက်ဝက်လျော့တယ်။ ဒါတောင်လောဘကြီးပြီး ယူထားတာတွေ ချန်ထားခဲ့တယ် :) ဒီနေ့ထပ်သွားပါ့မယ်။ အမရဲ့ သမီးကြီးနဲ့လတ် နှစ်ယောက်တွက် ကျန်သေးတယ်။ ဖိနပ်တွေ ကျန်သေးတယ်။ မောတယ်နော်။ မောင်နှမ တွေလည်း ကလေးတွေယူမယ်ဆို သေချာ စာရင်းအင်းလုပ်ပြီး ယူပါလို့ အကြံပေးချင်တယ် :)




ဒီလောက် သက်သာတယ်တဲ့ မထင်ပေါင်။ လူပီပီ ပြောမှာပဲ သူတို့က မတန်တရားဈေးတင်ထားပြီး မသာက နဲနဲလျော့ထားတာပါ။ ဒါကို အဟုတ်မှတ်ပြီး လိုက်ဝယ်တာ လူတိုင်းရဲ့သဘာဝပါပဲလေနော်။ ကိုယ်တ ယောက်ထဲလို့တော့ မထင်မိပါဘူး။ ကဲနောက်ဆက်တွဲ မကြာမီလာမည်မျှော်ပေါ့ :) အားလုံး ပဲပျော် စရာ အားလပ်ရက်ဖြစ်ပါစေ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP