Lorem Ipsum

တိုဖူးပျော့(သို့)တိုဖူးနွေး

 Sunday, December 26, 2010

မနေ့မနက်က တိုဖူးပျော့ (သို့) တိုဖူးနွေးလုပ်စားဖြစ်တယ်။ ကိုယ်တို့ နေတဲ့မြို့မှာတော့ တိုဖူးပျော့လို့ပဲခေါ် လေ့ရှိတာပါ။ တခြားနေရာမှာတော့ တိုဖူးနွေးတဲ့။ တိုဖူးပျော့ကို ကုလားပဲခြမ်း ရေစိမ်ကြိတ်ပြီး ချက်ကြ သလိုပဲမှုန့်နဲ့လည်း ချက်ကြပါတယ်။ ကချင်မှာဆိုရင် မြေပဲလည်း ထည့်ကြိတ်တတ်ပါသေးတယ်။ အကြိုက် ဆုံးကတော့ ကုလာပဲခြမ်းကိုရေစိမ် ကြိတ်ပြီးချက်တဲ့ တိုဖူးပါ။ ငယ်ငယ်ကဖျားပြီဆို မေမေက ဘာစားမလဲလို့မေးရင် ၀က်ကုန်းဈေးက တိုဖူးပျော့လို့ ပြောတတ်ပါတယ်။ ကျန်တာ ဘာကျွေးကျွေး မစား ပေမဲ့ အဲ့ဒီကတိုဖူးပျော့တော့ စားတတ်တယ်။ သာမန်ချိန်ဆိုဝေးလို့ သွားမ၀ယ်စားဖြစ်ပါဘူး။ ဒါကြောင့်ရ တဲ့အခွင့်ရေးကို အသုံးချခြင်းဖြစ်ပါတယ် :) တိုဖူးပျော့ကို ဆန်ခေါက်ဆွဲ၊ မုန့်တီတွေနဲ့ စားကြပေမဲ့ ကိုယ်က တော့ပါးပါး (အဖေမဟုတ်ပါ။ ခေါပုတ်ပါပဲ။ ဒါပေမဲ့သူက တကယ့်ကို ဖက်ထုတ်လုပ်တဲ့ အဖတ်သာသာ ပဲရှိ တာပါ)ကိုမီးကင်ညှပ်ပြီး ခေါက်ဆွဲအစားထိုး ထည့်ပေးတတ်ပါတယ်။ အဲ့လိုမျိုးပဲစားပါတယ်။ အခုလိုနိုင်ငံ ရပ်ခြားရောက်လာတော့ ကြာကြာမမူနိုင်ခဲ့ပါဘူး။ အငတ်ဘေးကြုံလာတယ်လေ :) ဒါနဲ့ရတာနဲ့စား တဲ့ အကျင့်လေးက ဖြစ်လာပါတယ်။

ကုလားပဲခြမ်းကို တညရေစိမ်ထားပါတယ်။
အဖတ်သပ်သပ် အရည်သပ်သပ်ဖြစ်တဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပါတယ်။
အိုးတလုံးမှာ ပဲရေထည့်ပြီး ဆနွင်းမှုန့်နဲနဲနဲ့ ဆားထည့်ကျိုပါတယ်။

အဆာပလာတွေ အတွက်ကတော့
ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ဆားကို ထောင်းပြီ အရည်ဖျော်ထား။
ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းပြီး ဆီကျက် ချက်ပါတယ်၊ နှမ်း နဲ့မြေပဲလှော်ထောင်းပါ တခါတည်း ထည့်ပါတယ်။ တရုတ်မဆလာ နဲနဲထည့်မွှေပါတယ်။
ကြက်သွန်မြိတ် ပါးပါးလှီးထားပါတယ်။
ငရုတ်ကြော်ကိုထောင်းပြီး ဆီစိမ်ထားပါတယ်။
ကြာညို့ ဒါတွေရှိရင်ရပါပြီ။










ကျေးဇူးရှင်က တိုဖူးပျော့ကို အပျော့လျော့ထည့်တာ ကြိုက်တယ်လေ။ ဒီလိုလေးပေါ့ :)





ကိုယ်ကတော့ ဒီလိုမျိုးပိုကြိုက်တယ်။ ခေါက်ဆွဲဖတ် ရေစိမ်ထားတာကို တိုဖူးပျော့ အိုးလေးထဲ ထည့်ပြီးမွှေ လိုက်ပါတယ်။ ပန်ကန်မှာထုတ်ပြီး အပေါ်ကနေ အပျော့လေးထပ်ထည့်တယ်။ ကြာညို့နဲ့မြေပဲများများ ကြိုက်တယ်။ အချဉ်အတွက်ကတော့ မုန့်ညှင်းဖူးနဲ့မုံလာဥကို  အချဉ်တည်ထားတာ ကြိုက်တယ်(ရှမ်းချဉ်) မရှိရင်လည်း အချဉ်မလိုဘူး။ အချိုလေးစားရတာ ပိုသဘောကျတယ်။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP