Lorem Ipsum

ဖတ်ထိုင်း

 Tuesday, December 28, 2010

ဖတ်ထိုင်စားချင်နေတာ ကြာလှပေါ့။ ကွေ့ သယို အဖတ်ကို ထိုင်းစတိုင် ကြော်ထားတာပါ။ မြန်မာမှာဆိုရင် တော့ ရေစိမ်ခေါက်ဆွဲဖတ် လို့ခေါ်တယ် ထင်တာပဲ။ ထိုင်းမှာတော့ ကွေ့သယိုတဲ့။

ကြော်နည်းကတော့ သိပြီးသားဖြစ်နေရင်လည်း ပန်ကန်လေးပဲ ကြည့်ပြန်ပေါ့ကွယ် :)

ခေါက်ဆွဲဖတ်ကို ရေစိမ်ထား( ကိုယ်ကတော့ အစိုပဲဝယ်တယ်) ၂နာရီလောက် စိမ်ရင်ရပါပြီ။
တိုဖူးကို ပါးပါးလှီးထား။
မုံလာဥခြောက် (အာရှဆိုင်တွေမှာ ရတတ်ပါတယ် မုံလာဥခြောက်ဆိုပေမဲ့ စိုစိုလေးပါပဲ)
ကျူဆိုင်းရွက် အသင့်ဖြတ်ထား။
ပဲပင်ပေါက်ရေဆေးထား။
ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး နုပ်နုပ်စဉ်းထား။
ပုဇွန်အခွံခွါထား။
ကြက်ဥ
ပဲငံပြာရည်
ငံပြာရည်
ခရုဆီ
သကြား
မြေပဲလှော်
ငရုတ်သီးမှုန့်
သံပုရာသီး


ပထမဆုံး ဒယ်အိုးတည်။ ဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူဆီသတ်၊ တိုဖူးထည့်၊ တိုဖူးရရင် ပုဇွန်ထည့်၊ မုံလာဥခြောက်ထည့် ( လဖက်ရည်ဇွန်း တဇွန်း) ခေါက်ဆွဲဖတ်ထည့်၊ ရေနဲနဲဖျန်းပြီးကြော်( ရေများသွား ရင်ခေါက်ဆွဲဖတ်လုံး သွားတတ်တယ်။ ) ခရုဆီ၊ ငံပြာရည်၊ ပဲငံပြာရည် သကြားထည့်ကြော်၊  ကြော်ထားတဲ့ ခေါက်ဆွဲဖတ်တွေကို ဘေးဖယ်ပြီး ကြက်ဥဖောက်ထည့် ၊ ပဲပင်ပေါက်နဲ့ ကျူဆိုင်းထည့်၊ ခေါက်ဆွဲတွေနဲ့ရော မွှေပြီး ဆက်ကြော်လိုက် ရပြီ။ ပန်ကန်ထဲထည့်၊ မြေပဲလှော်ထောင်းထည့်၊ သံပုရာသီးညစ်၊ သကြားနဲ့ငရုတ် မှုန့် ကြိုက်ရင်ထည့်စားပေါ့။ ထိုင်းစစ်စစ်တွေ ကြော်သလိုတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့စားလို့တော့ ဖြစ်ပါတယ်။







လည်ချောင်းနာနေလို့လေ အချိုရည် မသောက်ပဲ ဒီရေခဲမုန့်ပဲ စားလိုက်တယ်။ ရေခဲမုန့်ကလည်း ဒီတံဆိတ် ပဲ ကြိုက်တယ်။ တခြားဈေးကြီးတာတွေ မစားနိုင်လို့လည်း နေမှာပါ :)



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP