Lorem Ipsum

ကြက်သားခရမ်းသီးနဲ့ တိုဖူးဟင်း

 Tuesday, December 21, 2010























 ဒီဟင်းကို ထိုင်းမှာ စားဖူးတာပါ။ SUKHUMVIT SOI 24 ကသတ်သတ်လွတ် တရုတ် ထမင်းဆိုင်မှာစားခဲ့ တာ။ ကိုယ့်သူငယ်ချင်း ညီမလေးတယောက်က အဲ့ဒီဆိုင်က သားတော်မောင်နဲ့အိမ်ထောင် ကျနေတော့ သူငယ်ချင်းက သတ်သတ်လွတ်နေ့တိုင်း အဲ့ဒီဆိုင်ကို ခေါ်သွားတယ်။ ဒါနဲ့ပဲ ချက်နည်းလေးမေး
ခိုင်းလိုက်တာပါ။

ပထမဆုံး ခရမ်းသီးကို အခွံနွာပြီး အတုံးလေးတွေတုံး ရေဆူထဲထည့်ပြုပ်ထား။

တိုဖူး စိပ်ထား။

သံလွင်ဆီ ထမင်းစားဇွန်း ၂ဇွန်းထည့်ပူလာရင် ကြက်သွန်နီကို ခပ်ကြီးကြီးစိပ်ပြီးထည့်၊ ဂျင်းနဲ့ကြက် သွန်ဖြူကိုနုပ်နုပ်စဉ်းထည့်၊ ကြက်သားအကြေသားထည့် (သူတို့ကတော့ အသားတုထည့်ပါတယ်)ကြော်။

ပန်ကန်တလုံးမှာ ပဲငါပိအချို ၂ဇွန်း
ပဲငံပြာရည် အကြည် ၂ဇွန်း
ပဲငံပြာရည် အနှောက် ၂ဇွန်း
ခရုဆီ ၁ဇွန်း( သူတို့က မှိုဆီထည့်တယ်)
တရုတ် ငရုတ်သီဆီစိမ် ၁ဇွန်း ( ငရုတ်ခြောက်ကို ကြော်ထောင်းပြီး နှမ်းလှော်နဲ့ ဆီအများကြီးထဲ ပြန်စိမ် ထားတာ)
တရုတ်မဆလာ နဲနဲ
ငရုတ်ကောင်းနဲနဲ

ဒါတွေအားလုံးကို အားလုံးရောပြီး ကြက်သားကြော်ထဲထည့်ကြော်၊ ရေဆူတခွက်ထည့်။ ခရမ်းသီးနဲ့ တိုဖူးထည့်။ ၅မိနစ်လောက်ကြာရင် ပြောင်းဖူးမှုန့် ရေအေးနဲဖျော်ထည့်။ ကြက်သွန်မိတ် ပါးပါးလှီးထည့်ပြီး စားလို့ရပါပြီ။










ထေားပတ်သီး တခါမှ မစားဖူးဘူးဆိုရင် ရီကြမလား? တကယ် လုံးဝ မစားဖူးဘူး။ ငယ်ငယ်က ကိုယ်နေတဲ့ဝန်းကျင်မှာ မရှိလို့ပဲလား? မေမေတို့က မကြိုက်လို့ပဲလား? တကယ်သေချာတော့မသိဘူး။ အရွယ် ရောက် လာတော့၊ အအေးဆိုင် ထိုင်တတ်လာတယ်။ အဲ့ဒီမှာစပြီး သူငယ်ချင်းတွေသောက်တာမြင်ဖူးတယ်။ ကိုယ် လည်းတခါမှ မစားဖူးတော့ တခါမှစားဖို့ စိတ်မ၀င်စားမိခဲ့ဘူး။ နောက်သမီးလေးကိုယ်ဝန် ရလာတော့ သောက်ချင်စိတ် ဖြစ်တာနဲ့ သောက်ဖို့ ၀ယ်လာတာပဲ ရှိသေး အမလေး အနံ့က စိမ်းရွှေရွှေအနဲ့ အဲ့ဒီတော့ ပါစပ်ထဲတောင် မထည့်ဖြစ်ဘူး။ မနိုင်းနိုင်းစနေက တခါက ထောပတ်သီး အရမ်း ကြိုက်တယ်လို့ ရေးဖူး တယ်။ စားကြည့်အုံးမှပဲလို့ စဉ်းစားထားတာ နှစ်ကျော်မှ သတိရပြီးဟိုနေ့က၀ယ်လာတယ်။ ဒါနဲ့သောက် ဖြစ်တော့ မဆိုးပါဘူးပေါ့ :) ထောပတ်သီးကိုချေပြီး၊ နီု့ဆီ၊ နို့စိမ်းထည့်ဖျော် သောက်လိုက်ပါတယ် ခင်များ:) ကောင်းပါ၏။
 


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP