Lorem Ipsum

တိုဟူးသုပ်၊ ကြက်သားဟင်းနဲ့ အစိမ်းကြော်

 Monday, January 31, 2011



တိုဖူးသုပ်၊ ရှောက်ရွက်ရှိနေလို့ သုပ်လိုက်တာပါ။






ဒီတခါ ကြက်သားကို နံနံပင်များများနဲ့ ကုလားချက်ချက်တယ်။ ပထမဆုံး ကြက်သားကို ဆားနနွင်း နယ်ထားလိုက်တယ်။ ဆီနဲနဲမှာ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း နုပ်နုပ်စဉ်းထည့်၊ ကြက်သွန် နီဝါရောင်သန်းလာရင်၊ ကြက်သားထည့်ကြော်၊ ကြက်သားနီဝါရောင် ရလာရင် နံနံပင် ခပ်များများကို ရိတ်ရိတ်လှီးထည့်၊ ဆား၊ အချိုမှုန့်နဲ့ မဆလာ( နံနံစေ့အမှုန့် ခပ်များများ) ထည့်ပြီး ရေဆူနဲနဲထည့်တည်ထား။ ကြက်သားနူးလာရင် ရပါပြီ။




ဂေါ်ပီထုပ်ကို အရွယ်တော်ဖြတ်ပြီး၊ ရေဆူဆူမှာ ဆီတဇွန်းထည့်ပြုပ်ပါတယ်။ ဆီနဲနဲထည့် ကြက်သွန်ဖြူဆီ သတ်၊ ငါးဆုပ်ထည့်၊ ဂေါ်ပီထုပ်၊ ခရုဆီ၊ ကြက်သားမှုန့်ထည့်ပြီး တိုဖူးကြော်ထားတာနဲ့ တရုတ်နံနံထည့်ရင်  နောက်ဆုံးထည့်ရင်ရပါပြီ။




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP