Lorem Ipsum

ငါးဟင်းနဲ့ သစ်တိုသီး ငါးပိကျက်

 Wednesday, February 16, 2011

သစ်တိုသီး ငပိကျက်ချက်တယ်။ ပထမဆုံး သစ်တိုသီးတွေကို ပါးပါးလှီးပြီ ဗင်နီကာ နဲနဲထည့် စိမ်ထားတယ်။ ကြက်သွန်နီ၊ဖြူ၊ ငရုတ်သီးခြောက်တို့ကို ထောင်းပြီးဆီသတ်၊ စိမ်းစားငါပိနဲနဲ ရေဖျော်ထည့်၊ ပုဇွန်ခြောက် အကောင်လိုက်ရေစိမ်ပြီထည့်၊ အချိုမှုန့်နဲ့ ငံပြာရည်ထည့်၊ ပြီးမှ သစ်တိုသီးထည့်၊ သစ်တိုသီးတွေ နူးအိ လာပြီး ဆီပြန်လာရင် ရပါပြီ။









Salmon ကို တခါမှမချက်စားဖူးဘူး။ ပေါင်းစားလိုက်၊ ကင်စားလိုက် ပြုတ်စားလိုက်ပဲ။ ဒီတခါတော့ ထူးခြား သွားအောင် ဆီပြန်ချက်လိုက်တယ်။ သူ့ကိုလည်း ကြက်သွန်နီ၊ဖြူ၊ ဂျင်း စပါးလင်၊ ငရုတ်ခြောက်ထောင်းပြီး ဆီသတ်တယ်။ ဆနွင်းမှုန့်နဲ့ အရောင်တင်မှုန့်ထည့်၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် ထည့်ပြီး ခရမ်းချဉ်သီးတွေကြေရင် ငါးထည့်၊ ရေဆူနဲနဲထည့် ဆီပြန်လာရင် နံနံပင် အုပ်ပြီးရင်ရပါပြီ။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP