Lorem Ipsum

အမဲခြေထောက် Stew

 Saturday, February 12, 2011

အမဲခြေထောက်Stew ချက်တယ်။ မစားဖြစ်တာလည်း ကြာနေပြီမို့ အရမ်းစားလို့ကောင်းနေတယ်။ ထမင်းပူ ပူလေးနဲ့စားတယ်။ နောက်နေ့ ခေါက်ဆွဲနဲ့စားတယ်း) ကိုယ့်မေမေ အမြဲပြောတဲ့ စကားတခွန်းရှိတယ်။ မ ကောင်းတာဆို တို့တောင်မတို့ဘူး။ ကောင်းတာဆို ပန်ကန်တောင်မချန်ဘူးတဲ့ :P အဲ့ဒါကိုယ်ပေါ့။


လိုအပ်တာတွေကတော့

အမဲခြေထောက် (သို့) ၀က်ခြေထောက် (သန့်စင်ပြီး)
ဆီ (အနည်းငယ်)
ဂျင်း (လက်နှစ်ဆစ် ပါးပါးလွှာ)
ကြက်သွန်ဖြူ (အမွှာလိုက် ၁၀မွှာ)
သစ်ဂျပွေးခေါက် (၁လက်မ အရွယ်တချောင်း)
နာနတ်ပွင့် (တပွင့်)
ငရုတ်ကောင်းအဖြူ (အစေ့လိုက် ၁၅စေ့)
Chinese Five Spice Powder (အနည်းငယ်)
ပဲငံပြာရည်အကြည်၊ အနှောက် (ထမင်းစားဇွန်း ၆ဇွန်း)
သကြား( ထမင်းစားဇွန်း ၁ဇွန်း)
နံနံပင်အမြစ် (၃ခု)
ငံပြာရည်(ခန့်မှန်း)
ကိုက်လန်ရွက်


ဒယ်အိုးထဲ ဆီနဲနဲထည့်ပြီး သစ်ဂျပွေးခေါက်၊နာနတ်ပွင့်နဲ့ နံနံပင်အမြစ်ထုထည့်ပြီး ဆီသတ်ပါတယ်။ ပြီးမှ သကြားထည့်၊ သကြားပျော်ရင် အမဲခြေထောက်တွေထည့်ပြီး အနည်းငယ်ကြော်ပါတယ်။ အရောင်လေး လှလာရင်၊ ဂျင်း၊ ကြက်သွန်ဖြူ(အမွှာလိုက်) အရုတ်ကောင်းစေ့၊ ငံပြာရည်၊ ပဲငံပြာရည် အကြည်အနှောက်၊ 5Spice Powderတွေထည့်၊ ရေဆူမြုပ်အောင်ထည့်ပြီ၊ အဖုံးလုံအောင်ဖုံးပြီးတည်ထား။ အရည်ခမ်းပြီး မနူး သေးရင် ရေဆူထပ်ထည့်တည်ထား။ မိနစ်၃၀ မီးပြင်းပြင်းနဲ့ ချက်ပြီး၊ နောက်ထပ် မိနစ်၃၀ မီးငွေ့ငွေ့လေးနဲ့ တည်ထားရင် နူးပါပြီ။ စားခါနီး ကိုက်လန်ရွက် အပေါ်ကနေထည့်၊ ၂မိနစ်ဆိုရပါပြီ။

အချဉ်ရည်အတွက်

ဗင်နီကာ
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ငံပြာရည်
နံနံပင်
အချိုမှုန့် အားလုံးကိုရောပြီး ကြိတ်လိုက်ပါတယ်။



နောက်တခါ အရည်များများထည့်ပြီး ရိုက်ရမယ်ဆိုတာ နားလည်သွားတယ်း) ပုံက စိုစိုပြေပြေလေးမဖြစ်ဘူ

















ဒီပုံကို ဂူဂဲလ်က ယူထားပါတယ်

ပုလင်းနဲ့ ၀ယ်ရခက်နေရင်၊ 5 Spice Powder မှာ ဒါတွေပါပါတယ်။  ဇီရာ၊ သစ်ဂျပွေးခေါက်၊ ငရုတ်ကောင်း စေ့၊ နာနတ်ပွင့်တို့ကို ရောပြီး အမှုန့်ကြိတ်လိုက်ပါ။


ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP