Lorem Ipsum

ပုန်းရည်ကြီး ထမင်းသုပ်

 Saturday, March 26, 2011

အားလုံပဲ မင်္ဂလာပါ ..... ပုံတွေ မတင်ဖြစ်ပေမယ့် ဟင်းတွေတော့ ချက်ဖြစ်ပါတယ်။ ခရီးက ပြန်ရောက် တော့ အိမ်မှာစားစရာမရှိတာဘူး။ ကိုယ်ကဘာစားစားရပေမယ့် ကျေးဇူးရှင်ကမရပြန်ဘူး။ ရေခဲသေတ္တာ ဖွင့်တော့ စလပ်ရွက်ကလေး ၅ရွက်နဲ့ တိုဖူး တဖြတ်၊ ဆူရှီလုပ်စားတုန်းက ဂဏန်းချောင်း ၃ချောင်း၊ ကြက်ဥ ပဲတွေ့တယ်။ တခြားတဖက်က တံခါးဖွင့်တော့ အလွယ်ကူဆုံး ရေခဲပျော်လွယ်တာ ဘာတခုမှ မတွေ့ဘူး။ စဉ်းစားမနေဘူး ထမင်းအိုးတည်လိုက်တယ်။ ကြက်ဥကြော်ပေးမယ် စဉ်းစားခါမှ ပုန်ရည်ကြီးတထုပ် တွေ့တယ်။ ပုန်ရည်ကြီး ထမင်းသုပ်ပြီး ကြက်ဥကြော်၊ ဂဏန်း၊ စလပ်ရွက်နဲ့တိုဖူးရောပြီး ဟင်းချိုလုပ် လိုက်တယ်။ 



ထမင်းပူပူမှာ ပုန်းရည်ကြီးသုပ်၊ ပုဇွန်ခြောက်၊ ငံပြာရည်နဲ့ သံပုရာသီညစ်ပြီး ရောနယ်ထားတာပါ။ ကြက်ဥနဲ့ ကြက်သွန်မြိတ်များများကို ရောကြော်လိုက်တယ်။





ရေပွက်ပွက်ဆူထဲကို ကြက်သွန်ဖြူ ဓါးပြာရိုက်ထည့်၊ ကြက်သားမှုန့်ထည့်၊ တိုဖူးနဲ့ ဂဏန်းသားမျှင်ထည့်၊ စလပ်ရွက် ပါးပါးလှီးထည့်ပြီး ငရုတ်ကောင်းအဖြူမှုန့် ခပ်လိုက်ရင် ဟင်းချိုပူပူလေးပါရပါပြီ။





ဒါက ပုန်းရည်ကြီးသုပ်ပါ။ တံဆိတ်တော့ မမှတ်မိတော့ဘူး။ ကောင်းတယ်ပြောတာပဲ။ သုပ်နည်းက အရင်က လည်ရေးဖူးပါတယ်။ ဒီတခါတော့ မြန်မာပြည်က ပို့ထားတဲ့ပုဇွန်ခြောက် ထည့်တယ်။ ဒီကပုဇွန်ခြောက်က လှပေမယ့် မြန်မာပြည်ကလောက် မချိုဘူးလားလို့ ထင်မိတယ်။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP