Lorem Ipsum

ယုန်သားမွှကြော်နဲ့ ပဲသီးသုပ်( ပဲတောင့်ရှည်သုပ်)

 Monday, March 28, 2011

ပဲတောင့်ရှည် အချိုသုပ်ပေါ့။ တကယ်တော့ ချဥ၊်ငံ၊စပ် သုပ်စားချင်တာပါ။ စားလို့ မရတာနဲ့ အချိုသုပ်ပေါ့။ ပဲတောင့်ကို ၁လက်မ အရွယ်ဖြတ်ပြီး ရေဆေးထာလိုက်တယ်။ ရေဆူပွက်လာရင် သကြားနဲနဲထည့်ပြီး ပြုပ်လိုက်တယ်။ ပဲသီးရရင် ရေအေးစိမ်ထားပြီး၊ ကြက်သွန်နီပါးပါးလှီး ရေဆေးပြီး အရည်ညှစ်ထုတ် လိုက် တယ်။(ပူစပ်နေမှာစိုးလို့ပါ) ပဲသီးကို ရေညှစ်၊ ကြက်သွန်နီ၊ မြေပဲထောင်၊ ပုဇွန်ခြောက်ထောင်း၊ ကြက်သွန်ဖြူ ဆီကျက်၊ ငန်ပြာရည်၊ အချိုမှုန့်နဲ့ နှမ်းလှော်ထည့်ပြီး နယ်လိုက်တော့ ပဲသီအချိုသုပ်ပေါ့။



ဟိုတခါ ၀ယ်ထားတဲ့ ယုန်သားပေါ့။ တကောင်ကျန်နေတာ ဟင်းချက်တာကို ကျေးဇူးရှင်က မကြိုက်ဘူးတဲ့။ ဒီတခါတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်း၊ ငန်ပြာရည်နယ်ပြီး ပြုပ်လိုက်တယ်။ ပြီးမှ အမျှင်လေးတွေ ထွင်ပြီး ကြက်သွန်နီနဲ့ ဖြူ များများဆီသတ်၊ ယုန်သားထည့် ငံပြာရည်နဲနဲထည့်ပြီး ကြော်ပေးလိုက်တယ်။ အရမ်းကောင်းဆိုပဲ။






စိမ်းစားငပိထောင်းပေါ့။ ကြက်သွန်နီ၊ ဖြူ၊ ငရုတ်စိမ်း အားလုံးကို ပြုပ်ပြီး လှော်လိုက်တယ်။ စိမ်းစားငပိနဲ့ မန်ကျည်းသီးမှည့်ကို မီးကင်ပြီး ရောထောင်းလိုက်တာ၊ အချိုမှုန့် နဲနဲထည့် ချဉ်၊ ငံ၊ စပ်လေးပေါ့။





ချဉ်ပေါင်နဲ့ မုန်လာဥဖြူကို ပုဇွန်ခြောက်မှုန့် စိမ်းစားငပိနဲ့ ဟင်းချိုလုပ်တယ်။



ဒါကတော့ ကိုယ်စားတဲ့ ကြက်သားနဲ့ မုန်လာဥဖြူ ဟင်းချိုပါ။ ကြက်သားကို ဂျင်းပါးပါးလွှာထည့်ပြီး ၅မိနစ် လောက်ပြုပ်လိုက်တယ်။ သွေးအညှီတွေ ထွက်လာတော့မှ ရေဆေးချ။ ရေဆူထပ်တည်ပြီး ကြက်သား ထည့်၊ အချိုမှုန့်နဲ့ဆား ထည့်ပြုပ်ထားပေါ့။ နောက်မှ မုန်လာဥထည့် အသားနဲ့မုန်လာဥနူးလာရင် ကြက် သွန်ဖြူထောင်းထည့်၊ ငရုတ်ကောင်းအဖြူမှုန့်နဲ့ ကြက်သွန်မြိတ်ထည့်လိုက်တယ်။ (တခါတလေတော့ ပဒက်စာထည့်ပြုပ်တယ်)








ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP