Lorem Ipsum

ကုန်းဘောင်ကြီးကြော်၊ ပဲသီးကြော်၊ မာပိုတိုဖူးနဲ့ ကြက်ဟင်းခါးသီးကြော်

 Tuesday, June 28, 2011





ကြက်သား ကုန်းဘောင်ကြီးကြော်ပါ။ ကြက်သားကို အတုံးသေးသေးလေးတွေ တုံးတယ်။ မျှစ်၊ ကြက်သွန်နီ၊ မုန်လာ ဥတို့ကိုရော အတုံးလေးတွေတုံးထားပြီး၊ ကြက်သွန်ဖြူနဲ့ ဂျင်းကိုနုပ်နုပ်စဉ်းပြီး ဆီသတ် ကြက်သား ထည့်၊ ပဲငံပြာရည်နဲ့ အချိုမှုန့်ထည့်မွှေပြီး အဖုံး ခဏအုပ်ထားလိုက်တယ်။ ပြီးမှ မျှစ်၊ မုန်လာဥနီနဲ့ ကြက်သွန် ရောထည့်ပြီးကြော်ပါတယ်။ နောက်ဆုံးမှ ကော်ရည်ဖျော်ပြီးထည့်၊ ကြက်သွန်မိတ်နဲ့ ငရုပ်ခြောက် အ တောင့်လိုက် ကြော်ထားတာထည့်တယ်။

မှတ်ချက်။  ။ ကော်ရည်ကတော့ မထည့်လည်းရပါတယ်။ ကိုယ်က ငယ်ငယ်ကတည်းက ကော်ရည်ပါတာပဲ စားဖူးတော့ အကျင့်ပါနေလို့ပါ။


ဘိုစားပဲသီးကို ကြက်ဥနဲ့ မွှေကြော်တယ်။





Ma Pa Tofu တဲ့။ Youtubeမှာ တွေ့ပြီးစမ်းချက်ဖူးတယ်။ မချက်စားဖြစ်တာ တော်တော်ကြာပြီ။ ဟိုတ လောက Ma Po Tofu အနှစ်ထုတ် တွေ့တာနဲ့ ၀ယ်လာပြီး ချက်စားဖြစ်ပြန်တယ်။ Ma Po ဆိုတဲ့ အမျိုးသမီး က သူ့နည်းသူ့ဟန်နဲ့ ချက်လို့ အဲ့လို ခေါ်တယ်လို့ ပြောတာ ကြည့်ဖူးတယ်။ လင့်ခ်ပြန်ရှာတာ မတွေ့တော့ ဘူး။

ကြက်သွန်ဖြူဆီသတ်၊ ကြက်(သို့) ၀က် (သို့) အမဲသားအကြေကို ထည့်ကြော် အမဲသားကျက်လောက်ရင် ခရမ်းချဉ်သီး နုပ်နုပ်စဉ်းထည့်တိုဖူးအနှစ်ထည့် ခရမ်းချဉ်သီးအနှစ်ကြေရင်၊ တိုဖူးတွေကို တုံးပြီးထည့်၊ ရေဆူ နဲနဲထည့်၊ အရသာမြည်းကြည့်၊ ကိုယ်ကတော့ လိုအပ် မယ်ထင်လို့ ခရုဆီနဲ့ ပဲငံပြာရည်အကြည် နဲနဲဖြည့်

တယ်။ ကြက်သွန်မိတ်ဖြူးပြီး စားလို့ရပါပြီ။





ကြက်ဟင်းခါးသီး(အကြီးမျိုး)ကို ရေဆေး အူတိုင်ထုတ်ပြီး၊ ပါးပါးလှီးပါတယ်။ ကြက်သွန်ဖြူနဲ့ ငရုတ်စိမ်းကို ဆီသတ်၊ ပဲပုပ်ဆောစ့်ထည့်၊ ကြက်ဟင်းခါးသီးထည့်၊ ခရုဆီနဲနဲထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ ၅မိနစ် ဆိုရပါပြီ ကြက်ဟင်းခါးသီးကြော်။



ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP