Lorem Ipsum

အသုပ်များနဲ့ထမင်းဝိုင်း

 Saturday, July 09, 2011

ဖီထန်သုပ်(ဆေးဘဲဥ)သုပ် စားတယ်။ သုပ်စားရတာထက် ကိုယ်တို့အိမ်မှာ ဒီတိုင်း အခွံနွာ ပဲငံပြာ ရည် အကြည်နဲ့ အပြင်းပြေထိုင်စားတယ်။ တိုဖူးဖြူရှိနေတဲ့နေ့ဆို တိုဖူးဖြူပေါင်းပြီး ငံပြာရည်တို့စားကြတာပေါ့။ ဒီ တခါတော့ သုပ်စားဖြစ်တယ်။

ကိုယ်ကတော့ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ကြက်သွန်မိတ်၊ သံပုရာသီး၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး သုပ် ထားတယ်။ မြစ်ကြီးနားအိမ်မှာဆိုရင်တော့ မြန်မာငရုပ်ဆီနဲ့ မြေပဲကြော် ထည့်သုပ်တတ်ပါတယ်။






ဖီထန်သုပ်(ဆေးဘဲဥသုပ်)


မုန့်ညှင်းဖြူကို ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ငရုပ်သီးစိမ်းထောင်းနဲ့ဆီသတ်ပြီး မုန့်ညှင်းထည့်၊ ခရုဆီအစား မိဆို အနှစ်ထည့်:D ကြော်ချက်လေးလုပ်တယ်။



ငါးကျပ်တိုက်ခြောက်ခေါင်း ပိုနေတာနဲ့ ဟင်းခါးလုပ်တယ်။






ပြည်ကြီးငါးကို ရေဆေးပြီး အကွင်းလေးတွေလှီးလိုက်တယ်။ ငါးဆုပ်လုံးတွေကိုရော ပါးပါးလှီး ရေဆူထဲ ထည့်ပြုပ်။ နံနံပင်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူကြိတ်ပြီးထည့်၊ ကြက်သွန်နီပါးပါးလှီးထည့်၊ ငံပြာရည် အချို မှုန့်နဲ့ သံပုရာရည်ညစ်ထည့်တယ်။ အရည် များများလေး ပါအောင်လုပ်ထားတယ်။ ဒါကို ကြာဇံပြုပ်ပြီး ရော စားရင် ထိုင်းရာဟူဆင့် ဖြစ်သွားတာပေါ့။ မြေပဲနဲ့ တရုတ်နံနံပင်ထပ်ထည့်ဖို့တော့ လိုမယ်နော်။ အရင်တခါ လည်း ကျမတင်ဖူးပေမဲ့ ပီကာစာမှာ ပုံတွေဖျက်လိုက်တာ အကုန်ပျောက်ကုန်ပါတယ်။







ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP