Lorem Ipsum

စနေနေ့က ထမင်းဝိုင်းနဲ့ အလကားရလာတဲ့ငါးများ

 Sunday, July 24, 2011



ခုတလော အလကားရလာတဲ့ ငါးတွေကို ချက်စားဖြစ်နေတယ် ;) မုံလာဥဖြူနဲ့ ငါးချဉ်ရည်ဟင် ချက်ပါတယ်။ ထုံးစံအတိုင်းပေါ့ ကြက်သွန်နီဖြူကို ထောင်းပြီဆီသတ် ခရမ်းချဉ်သီး ပါးပါးလှီးထည့်။ ငါး အနေတော်တုံး ထားတာတွေကိုထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး အဖုံးခဏအုပ်ထား။ ငါးထဲကရေခမ်းပြီဆိုမှ မုံလာဥ တွေထည့်။ မုံလာဥနူးသွားရင် ရေဆူနဲ့ မန်ကျည့်မှည့်အနှစ်ထည့်ပြီး ဆက်တည်ထားလိုက်တယ်။ စားခါနီးမှ အပေါ့အငံမြည်းပေါ့။ ကိုယ်ကတော့ ငံပြာရည်ပဲထည့်တယ်။ ငပိမထည့်ဘူး။





မုံလာဥနဲ့ ငါးချဉ်ရည်ဟင်း



တီလားပီးယား ငါးအသေးလေးတွေကို အကြေးထိုးဗိုက်ဖောက်၊ ၊ ဆားနနွင်းနယ်ပြီး အကြွပ်ကြော် လိုက်တယ်။ ပြီးမှ ကြက်သွန်နီနဲ့ ဖြူကိုပါးပါးလှီးဆီသတ်၊ ငရုပ်သီး အလှော်ထောင်းမှုန့်ထည့်၊ ငံပြာရည်နဲ့ အ ချိုမှုန့် ထည့်ပြီး ငါးကြော်တွေထည့်။ ရေလေးနဲနဲဆီဖျန်းပေးပြီး ပြန်နှပ်ထားပါတယ်။



အမဲသား ပဲဆီပေါင်းလေး ချက်တယ်။ အမဲသားတွေကို အရွယ်တော်တုံး၊ ပဲငံပြာရည်အကြည်၊ အနှောက်နဲ့ပဲငပိချိုတွေကို အသားအနဲအများပေါ်မူတည်ပြီးထည့်။ ကြက်သွန်နီနဲ့ ဖြူကို အမွှာလိုက်ထည့်ပြီး ရောနယ်ထား။ ဆီအိုးတည် ငရုပ်သီးအခြောက်အတောင့်တွေကို ဆီသတ်၊ အဆာပလာနဲ့ ရောနယ်ထားတဲ့ အသားတွေကို ထည့် ရေခမ်းရင် ရေဆူထပ်ထည့်ပြီး မီးငွေ့ငွေ့လေးနဲ့ ဆီပြန်လာတဲ့အထိ ချက်ထားပါတယ်။ အရင်ကလည်း ချက်ဖူးပေမဲ့ ကိုယ်တိုင်တောင် ပြန်မရှာတတ်တော့လို့ ဟဟ:P




 အမဲသားပဲဆီပေါင်း


ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ကြက်သွန်မိတ်တို့ကို ရေဆေးပါးပါးလှီးထား။ ခရမ်းသီးကို မီးကင်ပြီး အတွင်း သားတွေခြစ်၊ ကြက်သွန်ဖြူဆီချက်နဲ့ သံပုရာသီး၊ ငံပြာရည်၊ ဆီတို့ဟူးထည့်ပြီး ချဉ်ငံစပ်သုပ်ပါတယ်။


ခရမ်းသီးမီးဖုတ်သုပ်






ကိုက်လန်ရွက်ကို ကြက်သွန်ဖြူ ဓါးပြာရိုက်ပြီး၊ ဆီသတ်ကြော်ထားပါတယ်။



ကဲ အလကားရတဲ့ ငါးတွေ အကြောင်းလာပြီ :P လွန်ခဲ့တဲ့၂ပတ်ကျော်က ခရီးထွက်ဖြစ် တယ်။ကနေဒါကအမက ဖုန်းဆက်လာတယ်။ ငါတို့ မတွေ့ရတာလည်း တနှစ်ရှိပြီတဲ့။ မကြာခင် စနိုးကျလာ ရင် ကားမောင်း ဖို့ခက်မယ် အခုပဲ လာတော့တဲ့။ အမိန့်ကျလာတာနဲ့ အပေါင်းဖော်တွေကို တိုင်ပင်တော့ သွားကျမယ်တဲ့။ ကိုယ်တို့ ဆီကနေ ၄နာရီကျော်ကျော်လေးမောင်းရင် နယ်စပ်ကို ရောက်ပါပြီ။ အဲ့ဒီကနေ ၂း၃၀ လောက် မောင်းရင်  တိုရန်တိုကို ရောက်ပါတယ်။ ကနေဒါဖက်မကူးခင်မှာ ဘတ်ဖလိုးမှာနေတဲ့ သူငယ်ချင်းကို ကြို ဖုန်း ဆက်ထားတယ်။ ငါပြန်လာရင် ၀င်ခဲ့မယ်လို့။ ဒါနဲ့ကနေဒါမှာ ၅ရက်နေပြီး အပြန်သူ့ အိမ်ကို ၀င်ပြီး ၃ရက်နေပါတယ်။ အဖော် တွေကလည်း အများကြီးဆိုတော့ ပျော်ဖို့ကောင်းတယ်။

သူငယ်ချင်းက ပြန်ရင် ယူသွားဖို့ ငါးသလဲထိုးခြောက်နဲ့ ငါးခြောက်ကို သဘောင်္ဆေးပုံးတပုံးမှာ ထည့်ပေး ထားတယ်နော် ဆိုတော့ ကိုယ်ကလည်း ပုံးလေးကို ဖွင့်ကြည့်တဲ့အခါမှာတော့ အမလေးပုံး အပြည့်ပါပဲ။ သွားတဲ့လူ ၇ယောက်လုံးအထွက် ခွဲယူဖို့တဲ့။ အလကားရတာ ပျော်တာနော် :P မေးကြည့်တယ် ငါးဘယ် ကရလည်းဆိုတော့ ဒီမှာ ငါးကို မ၀ယ်စားဖူးတဲ့။ Erie Lake အမေရီကားနဲ့ ကနေဒါကြားထဲက အဲ့ဒီ Erie Lake ကနေ ညနေခင်းမှာ သွားခပ်ကြတယ်တဲ့( ကိုယ်ကတော့ ငါးခပ်တယ်လို့ ခေါ်တယ်။ ဘယ်လို ခေါ်လည်းမသိဖူး) ငါးမျှားတံနဲ့လည်း မျှားကြသတဲ့။  မပြန်ခင်တရက် ညနေခင်းလောက် ကျေးဇူး ရှင်နဲ့ သူ့ သူငယ် ချင်းတွေ သွားကြတယ်။ ဇကာနဲ့ ငါးမျှားတံတွေလည်း ယူသွားကြတယ်။ အဲ့ဒီမှာ ငါးသလဲထိုးတွေကို ဇကာနဲ့ခပ်ပြီး ယူသွားတဲ့ပုံးထဲထည့်ပြီး တပုံးယူလာတယ်။ ပြီးတော့ သူ့သူငယ်ချင်းက ငါးမျှားတံနဲ့ မျှားပေးတဲ့ ငါးတွေက မနည်းဖူး။ အဲ့ဒီမှာ နေတဲ့လူတွေက ငါးခြောက်တွေ ငါးချဉ်တွေ လုပ်ထား ကြသတဲ့။ တချို့ ဗီယက် နာမ်တွေက တခြားမြို့မှာ သွားရောင်းတယ်ပြောကြတာပဲ။ ကိုယ်ကတော့ ပူလို့ မသွားဖြစ်ပါဘူး။ ကမ်းခြေ တွေတော့ သွားတယ် မပူဘူးရယ် :P ကိုယ်တို့ နေတဲ့မြို့ကနေ ၄၅မိုင် ဝေးတဲ့နေ ရာမှာလည်း ကရင်တွေ သွားမျှားကြတယ်။ ကိုယ်ကတော့ တခါမှ မရောက်ဖူးဘူး။ ခုတော့ ကြုံတုန်းမို့ယူ လာတာ ပါ။ ကဲအဲ့လို  အလကားရလာတဲ့ ငါးတွေပါလို့ ကြွားနေတာပေါ့း)



အိမ်ကိုေ၇ာက်တော့ ဝေစုပုံလိုက်တာ ၆ယောက်စာတပုံပေါ့။ ၇ပေါင်လောက် ရှိမယ်ထင်တယ်။


ဒီလို ၆ပုံစာရှိတယ်။ တယောက်တပုံယူကြတာပေါ့း) ကျေးဇူးရှင်နဲ့ ကိုယ်က တပုံထဲယူတား)


ဒါက သူငယ်ချင်းအခြောက်လုပ်ထားတဲ့ ထဲကပေးလာတာ ၆ပုံ တပုံပေါ့း) ညီတူညီမျှ ခွဲထားတာ အဝေတည့်ရင် နိုး အဖွဲ့လို့ ဖြစ်သွားမှာစိုးလို့ :P

ကဲ ဟင်းစားအတွက် ငါးရှာ ဖားရှာ အတွက်သွားမယ်တို နယူယောက်ပြည်နယ် ဘတ်ဖလိုးမြို့က Erie Lakeမှာ  သွားရောက် မျှား၊ ဖမ်း၊ ခပ်နိုင်ပါကြောင်း .....း) ငါးတွေ တကူးတက လိုက်ခပ်ပေးတဲ့ ကျေးဇူးရှင်ရဲ့ သူငယ်ချင်း မိသားစုကိုလည်း ဒီနေရာကနေ ကျေးဇူး အထူး အထူးပါလို့း)


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP