Lorem Ipsum

ကျမချစ်သော ဧရာဝတီ

 Thursday, September 22, 2011






ရှေးရှေးက လူကြီးသူမတွေကပြောတာကို ကြားဖူးမှတ်ဖူးရတာက၊ မိဘဆိုတာ ကိုယ့်သား၊ သ္မီးရင်နှစ်သည်း ခြားကို အကောင်းဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်စေချင်ကြတယ်တဲ့။

ရိုးသားပြီး၊ အေးချမ်းကြွယ်ဝတဲ့၊ မေခနဲ့ မလိခဆိုတဲ့ မိဘနှစ်ပါးကဖွားသန့်စင်လို့၊ ကျောက်သံပတ္တမြားတွေ ခြံရံကာ ရွှေလင်ဗန်းနဲ့ အချင်းဆေးခံခဲ့ရတဲ့ " ဧရာဝတီ " ဆိုတဲ့ သတို့သမီးဟာမိဘမျိုးရိုးကိုလိုက်ပြီး၊ သူကြီးပျင်း ဖွံ့ဖြိုးလာတဲ့အခါမှာ၊ သူဖြတ်သန်းရာတလျှောက်၊ အရှေ့ ဖက်ကိုလဲမပို၊ အနှောက်ဖက်ကိုလည်း မလိုအောင်၊ ညီမျှတူညီတဲ့ စွမ်းဆောင်ချက်များနဲ့ တွေ့ထိရာ ဒေသမှန်သမျှကို၊ ၀မ်းဝစေရုံမက၊ ခါးပါလှစေ ခဲ့တာကို၊ ခေတ်အဆက်ဆက် ရာဇ၀င်တွေထဲမှာ အထင်အရှား တွေ့ရမှာပါ။

ဒီလို တန်ဖိုးရှိခဲ့တဲ့၊ ရှိနေတဲ့ အမျိုးကောင်း သမီးကို အသားထဲကလောက်ထွက်၊ နောက်ကြောကို ဓါးထိုးဖို့ ကြံသူက ရသာရင်၊ ဘနှဖူး သိုက်တူးချင်သူ၊ တကိုယ်ကောင်းသမား လက်ထဲ အတင်းထိုးထည့်ဖို့၊ ကြံစည်နေတာကို၊ ကြားရ မြင်ရတော့ " ဧရာဝတီ " ရဲ့မိဘတွေနဲ့အတူ တန်ဖိုးထား၊ ချစ်မြတ်နိုးကြတဲ့ မိဘပြည်သူတွေက မခံမရနိုင်ဖြစ်ကြတာ မဆန်းပါဘူး။

ခေတ်အဆက်ဆက်က ရာဇ၀င်ထွန်းပြောင်ခဲ့ရတဲ့ " ဧရာဝတီ " ဒို့ခေတ်ကြတော့မှ အမှောင်လွမ်းရတော့ မှာလား။

" အဖိုးမှိုင်းရဲ့ စကားဦးထိပ်ထားလို့၊ အရေးကြီးပြီမို့၊ သွေးနီးရာ ညီညွတ်လို့ ထထကြွကြွဝိုင်းလိုက်ကြစို့လား"



မြစ်ဆုံရေကာတာ စီမံကိန်းကို အကြွင်းမရှိကန့်ကွက် ပါတယ်။



စာရေးတတ်လို့ ရေးတာ မဟုတ်တဲ့အတွက် အမှားပါရင် ခွင့်လွတ်ကြပါ။ ဧရာဝတီကို ချစ်သောပြည်သူ၊ တွေထဲက ပြည်သူတယောက်ဖြစ်လို့၊   ဒီပို့စ်လေးရေးဖြစ်တာပါ။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP