Lorem Ipsum

ငါးခူစဉ်းကော

 Tuesday, October 25, 2011



အသိတယောက်က ငါးသွားမျှားတာတဲ့ အများကြီးရလာလို့ ငါးခူ၁ကီလိုကျော်လောက် အရွယ်လက်ဆောင် လာပေးတယ်။ အလည်ရိုးနဲ့ဗိုက်သားတွေကို ချဉ်ရည်ဟင်း ချက်စားမယ်ဆိုပြီးထားလိုက်တယ်။ ကျန်တာကို တော့ ငါးခူစဉ်းကောလုပ်စားတယ်။ 



ငါးခူစဉ်းကော




ပထမဆုံး ငါးခူကို အလည်ရိုးချန်ပြီး ပါးပါးလွှာပြီး လှီးထားပါတယ်( စဉ်းလိုက်ရင် ကြေသွားမှာစိုးလို့ပါ) ဆီအိုး တည် ဆီပူလာရင် စပါးလင်၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ငရုပ်သီးအခြောက်တွေကို ညှက်နေအောင်ထောင်းပြီး ဆီသတ်၊ ကြက်သွန်အရောင် ပြောင်းလာရင် ဆနွင်းနဲ့ အရောင်တင်နဲနဲထည့်၊ ခရမ်းချဉ်သီး နုပ်နုပ်စဉ်းထည့်ပြီး၊ အဖုံးအုပ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကြေလောက်ရင် ငါးခူထည့်၊ ငံပြာရည်နဲ့ အချိုမှုန်ထည့်၊ ရေဆူ နဲနဲလေးထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ ဆီပြန်လာရင် ရပါပြီ။( အိမ်မှာတော့ ရွဲယိုရွက်အုပ်ချက်တယ်။ ဒီ မှာတော့ မရှိလို့မထည့်ရဘူး)


 မြင်းခွါရွက် အချိုသုပ်


ငါးဥနဲ့ ပေါက်ပန်းဖြူချဉ်ရည်ဟင်း (Kang Som)

Kang Som (ထိုင်း ချဉ်ရည်ဟင်း) ချက်တယ်။ ငါးခူထဲက ဥရယ်၊ ငါးရံ့ ၃ပေါင်လောက်ရှိတဲ့ အကောင်ဝယ် လာတာ။ အထဲမှာဥရှိနေတာနဲ့၊ အဲ့ဒီငါးနှစ်ကောင်ထဲကဥတွေရောပြီး ပေါက်ပန်းဖြူနဲ့ ချဉ်ရည်ဟင်းချက် တယ်။

ပထမဆုံးရေနွေးတည်၊ ရေဆူလာရင်၊ Kang Som အနှစ်( ၃ဇွန်း ထမင်းစားဇွန်း)ထည့်၊ ငံပြာရည်နဲ့ သကြား နဲနဲထည့်၊ ပွက်ပွက်ဆူလာရင်၊ ငါးဥတွေကိုထည့် (သပ်သပ်ပြုပ်ပြီး အရေသွန်ပြစ်ပါတယ်ညှီမှာစိုးလို့) မ ကျည်းမှည့်ဖျော်ထည့်( အချဉ်ကြိုက်သလောက်ပေါ့)။ နောက်ဆုံးမှာ အပေါ့အငံမြည်းပြီး၊ ပေါက်ပန်းဖြူနဲ့ ကြက်သွန်ဖြူထည့်ပြီး သောက်လို့်ရပါပြီ။ (ဒန့်သလွန်သီး၊ ငါးရံ့ကြော်၊ ထိကရုံးတို့နဲ့လည်း ချက်တာစားဖူးပါ တယ်) အရင်ကလည်း Kang Som  ချက်ဖူးပါတယ်။ ဒါပေမဲ့ ဆီသတ်ပြီး ချက်ထားတာပါ။




လက်ဆောင် ရတဲ့ ငါးခူ



ငါးခူ (လတ်လတ် ဆတ်ဆတ်)


ငါးရံ့ကြော်




ခင်မင်စွာဖြင့်
Baby taster






Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP