စနေနေ့က ထမင်းဝိုင်း(၁၇)
Wednesday, February 22, 2012
ပဲထမင်းပါ။ ထေားပတ် ၅ဇွန်း( ထမင်းစားဇွန်း)ကို အပူပေးပြီး ဇီရာ၊ သစ်ဂျပွေးခေါက်၊ ကရဝေးရွက်
နဲ့ကြက်သွန်နီ( အစိတ်ကြီးကြီးစိတ်ပြီး) ဆီသတ်ပါတယ်။ ပြီးမှ ဆန်နို့ဆီဗူး၂ဗူးကို ရေဆေးထည့်၊ ဆားနဲ့ သကြားနည်းနည်းထည့်ပြီး၊ လှော်ပါတယ်။ ဆန်လုံးနဲနဲညိုလာမှ ပဲထည့်( ဗူးနဲ့ဝယ်လာတာပါ )ရေဆူ( နီု့ဆီဗူး၂ခွဲးထည့်ပြီး ပေါင်းအိုးနဲ့ နှပ်လိုက်တာပါ။
ပဲထမင်း
ဆပ်သားဘလာချောင်
ဆပ်သားခြောက် ဘလာချောင်ပါ၊ ပုစွန်ခြောက်အစား ဆပ်သားခြောက်ထောင်းပြီးထည့်ထားတာပါ၊
ပဲပုပ်ဂျူးမြစ်ကြော်ပါ (ညီမလေးတယောက် လက်ဆောင်ယူလာပေးတာ)
သရက်သီးသနပ်၊ ငရုပ်သီးသနပ်နဲ့ ကြက်သွန်ဖြူ သနပ်တို့ကို တခါတည်းရောထားတာ။
(Badami Chicken Curry)
ကြက်သားနဲ့ ဗံဒန်စေ့(Badami Chicken ) ချက်ထားပါတယ်/ ချက်နည်းက ဒီမှာပါ။
အမဲသားချဉ်စပ်
အမဲသားချဉ်စပ်ပါ (Karai Beef) ချက်နည်းကို ဒီကယူပါတယ် ကိုယ်ကတော့ ချဉ်စပ်ဖြစ်အောင် သရက်သီး သနပ်နည်းနည်းထည့်ထားတယ်
ဗူးသီးဟင်းခါး (ဓါတ်ပုံ မရိုက်လိုက်ရလို့ အဟောင်းပဲ တင်လိုက်တယ်)
ခင်မင်စွာဖြင့်
ဘေဘီ