Lorem Ipsum

ကြက်ဥဒန်ပေါက်

 Tuesday, April 24, 2012

ဒန်ပေါက်။ ဒီတခါ ကြက်ဥ၊ ကြက်ဥတိုဖူး၊ ခါဂျယ်ဥ၊ အာလူးနဲ့ ပဲစိမ်းလုံးတွေနဲ့ ချက်ထားပါတယ်။

ကြက်ဥကိုပြုပ်ပြီ အခွံခွါထားပါတယ်။
ကြက်ဥတိုဖူးကို ပါးပါးလှီးပြီ ကြော်ထားပါတယ်။
အာလူးကို အခွံနွာ၊ ဆား၊ ဆနွင်းနယ်ပြီး မကျက်တကျက် ကြော်ထားပါတယ်။

ထောပတ် အနည်းငယ်ထဲမှာ၊ ဇီရာ၊ သစ်ဂျပွေးခေါက်၊ ဖာလာစေ့( အကြီးနဲ့ အသေး) ကရဝေးရွက်၊ လေး ညှင်းပွင့်တို့ကို ဆီသတ်ပါတယ်။ အရွက်နဲ့ အခေါက်တွေ ဆီသတ်ပြီးရင်၊ ကြက်သွန်နီပါးပါးလှီးထည့်ပြီး ဆက် ကြော်ပါတယ်။ ကြက်သွန်နီ နွမ်းလာရင်၊ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့်၊ ကြက်သွန်အနှစ် နီဝါရောင် သန်း လာရင်၊ ဆနွင်း အနည်ငယ်ထည့်ပြီ၊ ဆန်ကို ရေဆေးပြီးထည့်ပါတယ်။ ဆားနဲ့ မဆလာမှုန့် ထည့်ပြီး ရေဆူ ထည့်ပြီ ဆက်တည်ထားပါတယ်။ ရေခမ်းတော့မယ်ဆိုရင်၊ ခါဂျယ်ဥ၊ ပဲစိမ်းလုံး၊ ကြက်ဥပြုပ်နဲ့ တိုဖူးကြော်တို့ ထည့်ပြီ နှပ်ထားလိုက်ပါတယ်။ ဒါဆိုရင် ရပါပြီ ကြက်ဥဒန်ပေါက်။

မှတ်ချက်။  ။ မဆလာနဲ့ အမွှေးအကြိုင်တွေကို လျော့ထည့်ပါမယ်။ အသားငါး မဟုတ်တဲ့ အတွက် အများကြီး မလိုပါဘူး။



ကြက်ဥ ဒန်ပေါက်

း)


တွဲပြီ စားဖြစ်တာတွေကတော့ နောက်မှ တ်တော့မယ်း)



ခင်မင်စွာဖြင့်
ဘေဘီ


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP