Lorem Ipsum

ကြောင်လျှာသီးအမဲခြောက် အစပ်ကြော်

 Thursday, April 26, 2012

ကြောင်လျှာသီး အစိမ်းတော့ မရပါဘူး။ မီးဖုတ်ပြီသားပဲ ရပါတယ်။ တထုပ်ကို $ ၃.၉၉ပေးရပြီ၊ မီးဖုတ်ထားတဲ့ ကြောင်လျှာသီ ၂တောင့်နဲ့ တ၀က်ပါပါတယ်။ လက်ဆောင် ရထားတဲ့ အမဲခြောက်ကလည်း ရှိနေတော့ ရောကြော်ဖြစ်သွား တယ်။   အရင်ကလည်း ကြောင်လျှာသီးတွေ ကြော်ဘူးသုပ်ဘူးပါတယ်။ ထပ် ရှာ မနေချင်တော့လို့ ရေးလိုက်ပါ့မယ်း)

ကြောင်လျှာသီးနဲ့ အမဲခြောက်အစပ်ကြော်


ကြောင်လျှာသီးကို ပါးပါးလှီးပြီး ခပ်သေးသေးပြန်စိပ်ပါတယ်။ အမဲခြောက်ကို လည်း ရေစိမ်ပြီး ခပ်နုပ်နုပ်လေးစဉ်းပါတယ်။ ဆီအနည်းငယ်မှာ ကြက်သွန်နီ၊ ဖြူနဲ့ ငရုပ်သီးစိမ်းတို့ကို ခပ်နုပ်နုပ်စဉ်းပြီး ဆီသတ်ပါတယ်။ ကြက်သွန်နီဝါရောင် ရလာရင်၊ ဆနွင်းနဲ့ အရောင်တင် အနည်းငယ်ထည့်ပြီး အမဲခြောက်ထည့် ကြော် ပါတယ်။ အမဲခြောက်ကျက်ရင် ကြောင်လျှာသီး၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ဆက်ကြော်ပါတယ်။ ဆီပြန်လာရင် ရပြီပေါ့ ကြောင်လျှာသီး အမဲခြောက် အစပ် ကြော်။


ခင်မင်စွာဖြင့်
ဘေဘီ


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP