Lorem Ipsum

အသုပ်များ ( ၁ )

 Saturday, October 23, 2010




 ကြက်သားနဲ့ ကြက်သဲ ရောသုပ် ထားပါတယ် ။ ယိုးဒယား သုပ်လေးပါ ။ ကြက်ကြေသားကို ရေနည်းနည်းထည့်ပြုတ်ပါ။ ကြက်သည်း ကိုတော့ သေချာ  ရေဆေးပြီး ချင်းရည်နဲ့ ပြုတ်ထားပါ ။ ဇလုံတလုံးမှာ ကြက်သဲနဲ့ ကြက်သာရေားထည့် ၊ ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ပူစီနံ ၊စပါလင်နုနု အားလုံးကိုပါးပါးလှီးထည့်ပါ ။ ဆန်လှော်မှုန့် ၊ ငရုတ်သီး လှော်မှုန့် ( စပ်စပ်လေးမှ ကောင်းတယ်) ထည့် ၊ ငံပြာရည် ၊ သံပုရာသီး ၊အချိုမှုန့် အားလုံးထည့်ပြီး သမအောင်နယ် ။ ချဉ်စပ်လေးပါ အရမ်းစားကောင်းတယ် ။ ကြက်သားအစားဝက်သား ၊အမဲသား တို့ နဲ့လည်း လုပ်စား လို့ရပါတယ်။ ကောက်ညှင်း ပေါင်းနဲ့ ကြက်ကြော် တွဲစားရတာ ဖြစ်ပေမဲ့ ထမင်းနဲ့ ကြက်ကြော်နဲ့ ပဲစားဖြစ်တယ် ။



 ဒါလေးက မျှစ်သုပ်လေးပါ ။ ယိုးဒယား စတိုင်ပါပဲ ။ လောဝ်မ တွေ သုပ်စား တာများတယ် ။ ဒီမျှစ်ကတော့ရိုးရိုးမျှစ်တော့ မဟုတ်ဘူး ။ သူတို့ ဘယ်လို လုပ်လည်းတော့မသိဘူး ။မျှစ်ထဲက အရည်က နည်းနည်းတော့ မဲညစ်ညစ်ကြီး ။ ကျမတော့ ပုလင်းထဲက ရေသွန်ပြစ်တတ်ပေမဲ့ ၊ သူငယ်ချင်း တယောက်ကပြောတယ်၊ အဲ့ဒီမှာ အရသာရှိတယ်ဆိုပဲ ။နောက်တော့ မပြစ်တော့ဘူး ။ အပေါ်က နည်းအတိုင်း သုပ်ပါတယ် ။ ဒီမှာတော့ စပါလင် မထည့် ရပါဘူး ။


 
                                                                             


ကနဖော့ ၀ယ်လာမှပဲ နေမကောင်း ဖြစ်သွားတယ် ။ မြန်မာပြည်မှာတုန်း ကတော့ ကနဖော့ တခါမှ မစားဖူးဘူး ။ မြန်မာပြည်က ကနဖော့က ကြီးသလိုပါပဲ ။ ဒါလေးက သေးသေးလေးတွေ တော်တော် ဈေးကြီးတယ် တခါ သူများသုပ်ကျွေးတော့ ခါးခါးလေး ပေမယ့် ကြိုက်တယ် ။


 ကျေးဇူးရှင် လက်ချက်ကြောင့် မစိမ်းပဲ နည်းနည်းမဲသွားတယ် ။ ဘာမှမထည့်ထားဘူး ။ ပုဇွန်ခြောက်၊ကြက် သွန်နီ ၊ မြေပဲ နှမ်းဆီ တစ် နှစ်စက်ပဲပါတယ် ။ ဆားအချိုမှုန့် ဘာမှ မပါဘူး စားလို့တော့ မကောင်းဘူး ။


                                                        
  သခွါးသီးသုပ်ပါ


 ရေဘ၀ဲသုပ်ပါ ။ ဒါလည်း ရိုးရိုး ကြက်သွန်နီ ၊ငရုပ်သီးစိမ်း၊ နံနံပင် ၊သံပုရာသီး ၊ ငံပြာရည် ၊ အချိုမှုန့်လေးနဲ့သုပ်ထားပါတယ် ။ ချဉ်စပ်လေးပေါ့ ။ ကျမတော့ ကြာဇံလေးနဲ့ ရောစားရတာ ကြိုက်တယ် ။


ဒါလေးက ကဇော့ခါးသီးပါ ။ အချိုသီး လည်းရတတ်ပေမဲ့ အခါးကို ပိုကြိုက်တယ် ။ ငယ်ငယ်က အမေပြောတာကြား ဖူးတယ် ။ ဒီဟာက ဆေးဖက်ဝင်တယ်တဲ့ ။ ဘာဆေးဖက်လည်းတော့ မမေးမိပါဘူး ။


                                        ငပိကင်လေးနဲ့ ရောထောင်းထားတယ် ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP