Lorem Ipsum

Paneer Kachori

 Sunday, October 03, 2010

 မနေ့က အိမ်မှာ Paneer Kachori လုပ်စားဖြစ်တယ် ။ Pieလို ခပ်စင်စင်ပါပဲ ။ သူ ကျတော့ ဆီ ထဲထည့် ကြော်ရုံပေါ့ ။ ၀ိတ်လျှော့ နေသူတွေ အတွက်ကတော့ မကောင်းဘူး ထင်တယ် ။ Paneer အစား  တခြား အစာတွေ ထည့်ရင်လည်း  ရပါတယ် ။ ဥပမာ- အာလူး ၊ စတော်ပဲစိမ်း၊ ကြက်သား အကြေသား ၊ ပုဇွန် ကြိုက်တတ် ရာရာပေါ့ ထည့်ကြော် ချင်တယ်ဆို ရပါတယ် ။ မနက်ခင်း စာအဖြစ်  စားလို့ ရသလို နေ့ လည်ဖက် လက်ဖက်ရည် နဲ့လည်း တွဲစားဖို့ ကောင်းပါတယ် ။ဒါမှမဟုတ် ဧည့်သည် လာရင် ဖြစ်ဖြစ် ချကျွေး လို့ကောင်းတဲ့ မုန့် လေးပါ။  လုပ်နည်း လေး ပြောပြမယ်နော်




 
ပထမဆုံး ဂျူံမုန့်  (All Purpose Plour ) ကို ဆား အနည်းငယ် နဲ့ဆီ ထမင်းစားဇွန်း တဇွန်း စာလောက် ထည့်ပြီ နှံ့အောင် မွှေပေးပါ ။ ပြီးမှ ရေအနည်းငယ်ဆီ ထည့်ရင် မုန့်သားညက် လာတဲ့ အထိနယ်ပေးပါ ။ မုန့် သားညက်လာရင် အလုံးလေး လုပ်ပြီ အပေါ်ကနေ အ၀တ် ရေစို ပါးပါးလေး အုပ်ထားပြီး မိနစ် ၃၀  နပ်ထား ပေးပါ ။ အပေါ်ကပုံလေးပေါ့ ။


မိနစ် ၃၀ဆိုရင် ထပ်ပြီး ဂျူံကို နယ်ပေးပြီး အလုံးသေးသေးလေးတွေ လုံးလိုက်ပြီး ဘေးသားတွေကို ပေါက်စီလုပ်သလို ပြားအောင်  လက်လေးနဲ့ ၀ိုင်းဝိုလေးဖိပြားပေးပါ။  ပြီးမှ ကိုယ်ထည့် ချင် တဲ့ အစာ ကိုထည့်ပြီး ပေါက်စီလို ဘေးသားတွေ ဆွဲပြီး အလုံးလေးလုပ်ပါ ။


ဒီလို အလုံးလေး ဖြစ်လာပါလိမ့်မယ် ။ ဒီအလုံးလေးကို လက်ဖ၀ါးလေး နဲ့ အသာလေးအပေါ်က ဖိချလိုက်ရင်




ဒီလိုမျိုးလေး ဖြစ်လာမှာပါ ။




အားလုံး ရယ်ဒီဖြစ်ရင်တော့ ဆီအိုးတည်ပါ ။ ဆီပူလာရင် မုန့် လေးတွေ တခုပြီး တခုထည့်ကြော် ပေါ့နော်။


တဖက်ကို ၃ မိနစ် ဆိုကျက်ပါပြီ ရွှေဝါရောင်လေးတွေ ဖြစ်လာမှာပါ ။

ဒီလို စားချင်စရာလေးပေါ့း)


အချဉ်ကိုတော့ ကြိုက်တာ နဲ့တွဲစားပါ ။ အိမ်မှာတော့ ဟိုနေ့ က မန်ကျဉ်းမှည့် အချဉ် ရှိနေလို့ ဒါလေးနဲ့ပဲ တွဲစား လိုက်ကြတယ် ။



ဒါလေးက ကျမ မုန် ထဲ ထည့်ထားတဲ့ အစာပါ ။ Paneer ဆိုတာက နို့ ခဲပါ  ကျမကတော့ နို့ ကို အိုးတလုံးထဲ ထည့်ပြီး အပူ ပေးပါတယ် နို့ ပူလာရင် အချဉ် တမျိုးမျိုး အနည်းငယ် ထည့်ပြီး နို့ ကို ရေသပ်သပ် ဖြစ်အောင် လုပ်လိုက်ပါတယ် နို့ ခဲတွေကို အ၀တ်ပါးလေးထဲ လောင်းချ အောက်မှာ ခွက်လေးနဲ့ ခံထား ပြီး ရေအေး ဖွင့်ချပြီး ရေစစ်ထားပါ ။ အပေါ်ကနေ အလေး တခုလောက် ဖိထားပေါ့ ။ ရေစစ်သွားရင် ခြေလိုက်တယ် ။

ဒယ်အိုးတည်  ဆီ အနည်းငယ် ( ပါရုံလေ) ထည့်ပါ ။ကြက်သွန်နီ သေးသေး လှီးထည့်ပြီး ဆီသတ် နို့ခဲလေး တွေခြေထည့် ။ဆားအနည်းငယ် နဲ့ မဆလာမှုန့် လေးထည့် ငရုပ်သီး ကြိုက်တတ်ရင်ထည့် နံနံပင် နဲ့ ကြက် သွန်မိတ်လေး လှီးထည့်ပြီး လှော်လိုက်ပါတယ် ။ အာလူး ထည့်လည်း ရပါတယ် ။ပြုတ်ပြီး ခြေထည့်ပေါ့ ။

Paneer kachori  လို့ ခေါ်ရတာက နို့ ခဲနဲ့လုပ်လို့ ပါ။
အာလူးနဲ့ သာလုပ်မယ် ဆိုရင် တော့ အာလူး Kachori ပေါ့း)

ခင်မင်စွာဖြင့်
Baby Taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP