Lorem Ipsum

ပုဇွန်ထုပ်ဆီပြန်၊ ချဉ်ရည်ဟင်းနဲ့ ငါပိရည်

 Monday, November 22, 2010



ပုဇွန်ထုပ် ၀ယ်လာပါတယ် ။ ခေါင်းကြီး ဖင်သေးဆိုတာ ဒါမျိုးနေမှာနော် :D ခြေထောက်တွေကလည်း ရှည်သလား မမေးနဲ့ ။ကျေးဇူးရှင်က ပုဇွန် အရမ်းကြိုက်တော့ ချက်ပေး ရတော့တာပေါ့ ။စာဖတ်မိလို့ နောက်မချက်နဲ့ ဆိုရင်တော့ သက်သာတယ်ပေါ့ :) ဟုတ်ဘူးလားနော်။ လုံးဝကို မတန်တာပါ ။ ပြီးတော့ရေ ခဲရိုက် ဆို သိတ် မကြိုက်ဘူးလေ ။ ဒါပေမဲ့ အမှတ်မရှိပါဘူ။ တခါဝယ် တခါညည်း နောက်တခါ မေ့ ပြန်ဝယ် ပေါ့ ။
  

ခေါင်းက အခွံကိုပဲ ခွါပါတယ် ။  နှုတ်သီးနဲ့ မျက်လုံးပိုင်းတွေ အားလုံးဖြတ်တယ် ခြေထောက် တွေကို လည်း ကတ်ကျေးနဲ့ သေချာ ညပ်ပြီး အထဲက အသားလေးတွေ ဆွဲထုတ်တယ် ဘေးမှာပုံထားတာ တွေ့ တယ်ဟုတ်





စပါလင် ဆီသတ်ပြီး ကြက်သွန်နီ၊ ဖြူ ၊ဂျင်း၊ ငရုတ်သီးခြောက်တို့ကို ညက်အောင် ထောင်းပြီး ဆီသတ်။ ကြက်သွန် အရောင်ပြောင်းလာရင် ခရမ်းချဉ်သီး ၄လုံး ပါးပါးလှီးပြီးထည့် ၊ဆားအချိုမှုန့် ထည့်ပြီး အနှစ်ရအောင် ချက်ပါတယ် ။ခရမ်းချဉ်သီး ကြေလောက်ရင် ပုဇွန်တွေထည့် ၊ရေလေးနည်းနည်းထည့်ပြီး ဆီပြန်လာအောင် တည်ပါတယ် ။ နောက်ဆုံးတော့ ရှမ်းနံနံလေး အုပ်လို့ စားလို့ရပါပြီ ။



ဓါတ်ပုံတွေတော့ သူများ ဘလောဂ့်က အများကြီး ရိုက်ပြီးတင်တာ တွေ့လို့ အတုခိုး ပါတယ်။



ဂဏန်ဟင်းက အနှစ်ကျန်လေးကို မန်ကျည်းမှည့်နဲ့ လိုအပ်တာလေး ထပ်ဖြည့်ပါတယ် ။ ရုံးပတေသီးနဲ့ မုံလာဥဖြူပဲ ရှိလို့ ထည့်လိုက်တယ် ။ အချဉ်ရည်ပေါ့ ။





ငါပိရည်ကျိုကို ဆနွင်းနဲ့ အချိုမှုန့်လေးထည့် ၊ရေထည့်ပြီး တည်ထားပါတယ် ။ ငရုတ်သီး မီးမကင်ဖြစ်ဘူး ငရုတ် သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ရေနည်းနည်း ထည့်ပြုတ်ပါတယ် ။ငါခူကိုလည်း ပြုတ်ပြီး အရေခွံခွါ ငရုတ် သီး ၊ကြက်သွန်ဖြူတို့နဲ့ ရောထောင်းပြီး ထည့်လိုက်တယ် ။ရေကျို ငါပိပေါ့ ။



ခရမ်းကျွတ်သီးနော် ကျမတော့ မကြိုက်ပါဘူ ။



ညောင်ချဉ်ရွက် ထင်တာပါပဲ ။ပုလင်းထဲက ထုတ်ပြီး ပုလင်း ပြစ်လိုက်တယ် ။မနေ့က အမှိုက်လည်းပြစ်ရော
ခု ပို့စ်တင်မှ သတိရတယ် ။ဘယ်လို ခေါ်မှန်း မသိပြန်ဘူး ။သိရင် ပြောပြပေးကြပါ ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP