Lorem Ipsum

ဆီထမင်းနဲ့ အမဲသားကြော်

 Sunday, November 21, 2010



အုန်းသီးလေး ဖြူးထားတဲ့ ဆီထမင်း :)
ဆီထမင်းနဲ့ အမဲသားကြော် လုပ်စားတယ် ။ ကောက်ညှင်းဆန်ကို ၂နာရီ ရေစိမ် ထားပါတယ် ။ ဆီအိုးတည်ဆီ ပူလာရင် ဆနွင်းမှုန့်ထည့် ၊ ကော်ညှင်းဆန်ကို ရေစစ်ထည့် ၊ ၂မိနစ်လောက် ကြော်ပြီး ဆားအနည်းငယ်ထည့် ၊ရေဆူထည့်ပြီး မီး ဖြေးဖြေးနဲ့တည်ထား။ ကောက်ညှင်း နှပ်တဲ့ အထိ တည်ထားပါ နှပ်ပြီး ဆီပြန်လာပြီး ကောက်ညှင်းကို ဂျိုးဖြစ်လာရင် ရပါပြီ။အုန်းသီးနဲ့ကြက် သွန် ကြော်ကြိုက်ရာနဲ့ တွဲး စား ပေါ့။ အိမ်မှာ ပဲပိဆပ် နှပ်ထားတာ ကျန်နေတာနဲ့ထည့်ဖြစ်တယ် ။ ဆီထမင်းနဲ့ တွဲစားဖို့ကိုတော့ ငါးခြောက် မရှိတာနဲ့ ညကတည်းက အမဲသားကို ပါးပါးလှီး ၊ ဆားအချိုမှုန့် ၊ငရုတ်ကောင်း ၊ကြက်သွန်ဖြူ ၊ဂျင်း ၊ရှမ်း နံနံ ငရုတ်စိမ်း ကိုထောင်းလိုက်ပြီး ရောနယ်လိုက်တယ် ။ ပြီးမှ ဘန်းတခုမှ စီထည့်ပြီး ၊ Heater ပေါ်မှာ တင် ထားလိုက်တယ် ။မနက် ခြောက်သွားရော အဲ့ဒါကိုပဲ ဆီပူထဲ ထည့်ကြော် ထားလိုက်ပါတယ် ။ ဒီအမဲသား ကိုတော့ ကျမတို့ အမေငယ်ငယ်က အမြဲတမ်း လုပ်ကျွေးနေကျပါ ။ ဆတ်သားခြောက် ၊ကျွဲသားခြောက်တို့ ၀ယ်လာပြီး အဲ့လို အခြောက်လှန်း တတ်တယ် ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP