Lorem Ipsum

ငါးသလောက်ပေါင်းနဲ့ ပုဇွန်ငါပိသုပ်

 Monday, November 29, 2010




ကျေးဇူးရှင် သူငယ်ချင်းတယောက်က ငါးသလောက်ပေါင်း စားချင်တယ်လို့ပြေားထားတော့၊ အလုပ်၎ရက်ပိတ်ရင် ပေါင်းကျွေးမယ်လို့ ဂတိပေးခဲ့တယ်လေ။ အနီးကပ်မှ ငါးသလောက်ဝယ်တော့ အကောင်ကြီးကြီး မရပြန်ဘူး။ ငါးသလောက်က သေးရင်လည်း မစားကောင်းပြန်ဘူး။ အမတယောက်ကို ညမှ ဖုန်းဆက်တော့ သူကပြောတယ် သူ့ဆီမှာရှိနေတယ် တပေါင်ကို ရ ဒေါ်လာတဲ့။ သွားကြည့်တော့ တကောင်ကို ၁ကီလို ကျော်ကျော်လေးအကောင်က အကြီးဆုံးပဲ။ မထူးဘူး မလာတယ်။ အကြေးထိုးပြီး သွားမှ၊ ကျေးဇူးရှင် ဘော်ဘော်က ဖုန်းဆက်လာတယ်၊ သူတခြား ပြည်နယ်တခုကို အရေးတကြီးသွားမ လို့တဲ့။ အသေထုချင်လိုက်တာ :D ( ဖတ်မိရင်လည်း မတတ်နိုင်ဘူး။ ရေလည်တင်းနေတယ်နော်)

ချက်ရတော့မှာပေါ့ မလာလည်း ရှိတဲ့ကိုယ်တို့ပဲစားမယ်။ ကျမက ငါးသလောက်ကို ပြောသလောက် မကြိုက် တတ်ဘူး။ ပေါင်းအိုးထဲမှာ စပါလင်အရွက် ကြမ်းတွေ အောက်ဆုံးကစီထည့်ပါတယ် (ကျမ မေမေကတော့ကြံ တွေစိတ်ပြီး အောက်ဆုံးမှာ ထည့်တတ်တယ်) အိုးတလုံးမှာ ခရမ်းချဉ်သီး တုံးထားပြီး သားဗူး တဗူးဖောက်ထည့်ပါတယ် (တအောင်စဗူးပါ) ကြက်သွန်နီ ဥကြီး ၁လုံး ပါးပါးလှီးထည့်။ ကြက်သွန်ဖြူ နဲ့ ဂျင်းလက်တဆစ်စာ ထောင်းထည့်၊ ငံပြာရည်၊ အချိုမှုန့်၊ အရောင်တင်၊ ဆနွင်း ခန့်မှန်းထည့်ပြီးနယ်လိုက်ပါတယ်။ ပေါင်းမဲ့အိုးထဲ နယ်ထားတဲ့ ငါးသလောက်ကိုထည့်၊ ဆီလိုအပ်မယ် ထင်သလောက် ထည့်၊ စပါလင် တချောင်း ထုထည့်၊ ရေမြုပ်ရုံလေးထည့်ပြီး ချက်ပါတယ်။ ပေါင်းအိုးက ၁၀ ခါလောက်မြည် ပြီးရင်တော့၊ မီးကိုမှိန်မှိန်လေးနဲ့ ထပ်ပြီး နာရီဝက်နှပ်ပါတယ်။ နာရီဝက်ကြာတာနဲ့ မီးပိတ်ပြီး အိုးမဖွင့်ပါဘူးအငွေ့နဲ့ ဆက်နူးသွားအောင် ထားလိုက်ပါတယ်။ ကျမက ငါးသလောက်ကို ဘယ်တော့မှ  အချဉ်တွေနဲ့ မပေါင်းပါဘူး။ ခရမ်းချဉ်သီးပဲ များများထည့်ပြီး ပေါင်းလိုက်ပါတယ်။ ပေါင်းအိုး မရှိလည်း နူးအောင်ပေါင်းလို့ ရပါတယ်။ အဖုံးကိုလုံအောင် ပိတ်ပြီးအပေါ်ကနေ အလေးတခုဖိပေးထားပါ။ အရိုးနူး လွယ်ပါတယ်။




စိမ်းစားငပိ သုပ်ပါတယ်။ ငပိကို ငွေရောင်စက္ကူနဲ့ ထုပ်ပြီး မီးကင်ပါတယ်။ ပုဇွန်ကို နုပ်နုပ်စဉ်းပြီး လှော်လိုက် တယ် (ပုဇွန်ဆိတ်လေးတွေ လှော်ပြီးသုပ်တာ ပိုကြိုက်တယ်) ငရုပ်သီးခြောက်မီးကင်နဲ့ ကြက်သွန်ဖြူ ကိုရေားထောင်း။ ငရုတ်သီးစိမ်၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး သံပုရာသီး တခြမ်းညစ် ထည့်ပြီး အားလုံးကို ရောနယ်လိုက်ပါတယ်။





ချဉ်ချဉ်စပ်စပ်လေးနော် :)

 

ချဉ်ပေါင်၊ မျှစ်နဲ့ ကဇွန်းရွက် (ချဉ်ရည်သောက်တဲ့ ကဇွန်းထင်တာပဲ) ကို ပုဇွန်ခြောက်နဲ့ ချဉ်ရည်ဟင်းပါ။



ပေါက်ပန်းဖြူ နဲ့ သခွါးသီး တို့စရာအဖြစ် စားကြပါတယ်။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP