Lorem Ipsum

ပန်းသေးခေါက်ဆွဲကြော်

 Sunday, November 28, 2010



ပန်းသေးခေါက်ဆွဲ ကြာ်စားတယ်။ Wonton ခေါက်ဆွဲဖတ်နဲ့ ကြော်ထားတာပါ။ ရေဆူထဲ ဆီလ္ဖက်ရည် တဇွန်းစာလောက်ထည့်၊ ခေါက်ဆွဲဖတ်တွေ ဖွပြီးထည့်၊ ၃မိနစ်လောက်ဆို ကျက်ပါပြီ။ ဇကာတခုထဲ ရေစစ်ထား။ မကြာခဏ ဖွပေးပါတယ်။ ပူလို့ လုံးသွားမှာ ဆိုးလို့ပါ။

အသီးအရွက်တွေကိုတော့ သုံးနာရီလောက်ကြို ရေဆေးပြီး လိုချင်တဲ့ အရွယ်အစား တုံးထားပါတယ်။ ကြက်သားကိုလည်း ရေဆေးတုံးပြီး ခရုဆီနဲ့ ပဲငံပြာရည်ရော နှပ်ထားပါတယ်။ ကြော်ဖို့ အဆင်သင့်ဖြစ်ရင် ဆီအိုးတည်၊ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းထည့်၊ ကြက်သွန်ရရင် ကြက်သားထည့်ကြော်၊ ကြက်သားရရင် အသီးအရွက်ထည့် ၂မိနစ်လောက်ဆို ခေါက်ဆွဲဖတ်ထည့်ပါတယ်။ ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်၊ ကြာညို့၊ မဆလာမှုန့် (အနည်းငယ်)၊ အချိုမှုန့် အားလုံးထည့်ပြီးကြော် ငါမိနစ်လောက်ကြော်ပြီး တရုတ်နံနံထည့်၊ ငရုတ်ကောင်းမှုန့်ဖြူး ရပါပြီ။




ကြက်ဥ မကျက်တကျက် ကြော်နဲ့စားတယ် :)



ဒါလေးက သခွါးသီးနဲ့ ကြက်သွန်ကို သံပုရာသီး၊ ငံပြာရည်၊ မြန်မာ ငရုတ်ဆီထည့်ပြီး သုပ်ထားတယ်။







 
မြန်မာပြည်က ပို့ထားတဲ့ ကြက်သွန်ချဉ်ပါ။ မကုန်သေးဘူး ချွေတာစားနေတာ။ မုံညှင်းချဉ်နဲ့ ကြက်သွန်ချဉ် ၂ကီလိုကို သယ်လာပေးခ ဒေါ်လာ ၃၀ပေးလိုက်ရတယ်။ စဉ်းစားနေတယ် ပစ္စည်း သယ်စားရင် ကောင်း မလားလို့ :) ပို့ချင်သူများ၊ ယူလာပေးစေချင်သူများ ရှိရင်စာရင်းပေးကြပါ :D




ဂျင်းချဉ်ပါ ။ဘယ်လိုခေါ်လည်းတော့ မသိဘူး။ ဆူရှီနဲ့ တွဲပြီးလည်းစားကြပါတယ်။ ကချင်မှာတော့ တရုတ်ခေါက်ဆွဲ ဆိုင်တွေမှာ ခေါက်ဆွဲကြော်နဲ့ တွဲစားကြပါတယ်။ ရန်ကုန်နဲ့ တခြားနေရာမှာတော့ မသိပါဘူး။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP