Lorem Ipsum

Iora သို့ကျေးဇူးတင်ရှိခြင်း

 Thursday, November 18, 2010

ကျမ အစာအိမ် လေနာနေတယ် ဆေးနည်းလေးးများ သိရင် ပြောပြ ပေးကြပါလို့ ရေးခဲ့တယ် ။ တချို့ သော မောင်နှမတွေ ကလည်း အပူအစပ် မစားရဘူး ။ ဆန်ပြုတ်ပဲ သောက်ပါလို့ သူတို့ သိသလောက်လေး ပြောပြကြပါတယ် ။ ကျမ ဘလောဂ့်ကို လာလည်တဲ့ Iora ကတော့ မဟာ ဖြေဆေးက အရမ်း ကောင်း တယ်လို့ ပြောပြခဲ့ပေမယ့် တခါမှ အဲ့ဒီ ဆေးကို မမြင်ဘူးတော့ ၀ယ်ရ ခက်နေခဲ့တယ်။ ဗမာ ဆိုင်တွေမှာ မေးတော့လည်း သူတို့က မရှိဘူးလို့ ပြောပါတယ် ။တောင်ကြီးက ထုတ်တာဆိုတော့ မရနိုင်တာလည်း ဖြစ်မှာပါ ။ မြန်မာပြည်ကို ဖုန်းဆက်မှာတော့လည်း အခုထိတော့ မရသေးဘူးတဲ့ ။ ဒါနဲ့ Iora ကို ထပ်ပြီး အပူကပ်မိတယ် ပုံလေးရှိရင် မေးလ်ပို့ပေးဖို့ ။ သူက ပို့းပေးခဲ့ပါတယ် ။ အရမ်း ကောင်းတယ်လို့ ပြောတယ်။ စဖြစ်ချိန်နဲ့ ဆေးသောက်ပြီး နာရီဝက် အထိမှာ လုံးဝသက်သာ တယ် လို့ ပြောပါတယ် ။ မောင်နှမ အားလုံးလည်း ဆေားဆိုတော့ သိထားတာ ကောင်းမယ်လို့ ထင်လို့ သူပို့ပေးတဲ့ ဆေးထုပ်ပုံလေး တင်ပေး လိုက်ပါတယ် ။ ဆေးအကြောင်း ပြောပြတဲ့  Iora ကို အရမ်း ကျေးဇူး တင် ပါ တယ် ။တခါမှ မသိပဲ ခုလို အကူညီပေးလာတဲ့ အတွက် ထပ်ပြီး ကျေးဇူး တင်ပါရစေ ။ ဒါလည်း မြန်မာတွေရဲ့ ချစ်စရာ ဓလေ့တခု ပါပဲလေ ။ သူတပါးကို ကူညီချင်တဲ့ စိတ်လေးပေါ့ ။  နောက်လည်း ဆေးနည်းလေးတွေ သိရင် မျှဝေပေးကြပါလို့  တောင်းဆိုပါရစေ ။



ဒီဆေးလေးပါ

Iora ရေ ကျေးဇူးပါ ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP