Lorem Ipsum

ဆင်ခေါင်းပဲနဲ့ ဗယာကြော်သုပ်

 Tuesday, April 19, 2011


ရေနွေးကြမ်းနဲ့ အသုပ်ထဲထည့်ဖို့ အချဉ်ရည်ပါ။ ချဉ်ငံစပ်လေးမို့ အရမ်းကောင်းတယ်လို့ကြော်ငြာပါရစေ :)အချဉ်ရည်အတွက် မန်ကျည်မှည့်ကို ရေဆေးပြီး အိုးတလုံးထဲမှ ပြုပ်ပါတယ်။ Ketchup လက်ဖက်ရည်ပန် ကန်လုံး ၁လုံးစားထည့်ပြုပ်ပါတယ် ဆားနဲ့ အချိုမှုန့်ထည့်ပြီး တခါတည်းပြုပ်ပါတယ်။ မန်ကျည်းမှည့်ရလာ ရင် ခြေပြီးအရည်ညစ်လိုက်တယ်။ ငရုတ်သိးစိမ်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်တို့ကို ရောပြီထောင်းထည့် ပါတယ်။ အချဉ်ရည် တရက်ကျိုလုပ်ထားရင် ပိုကောင်းပါတယ်။ အချဉ်စူးပြီး ပိုစပ်နေ တတ်တယ်။




ဗယာကြော်ကြော်ဖို့ အဆင်သင့်လုပ်ထားတာပါ။ ဗယာကြော်နဲ့ ဆင်ခေါင်းပဲသုပ် အကြောင်း အရင်က ဒီမှာ ရေးဖူးပါတယ်။



ဗယာကြော်


ဆင်ခေါင်းပဲ သုပ်ဖို့ရယ်ဒီပါ။

သုပ်ပြီးပြီ


စားလို့ရပါပြီ :)



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP