Lorem Ipsum

ငါးပိရည်နဲ့ငါးကြော်

 Thursday, April 21, 2011





ငပိရည်ပါ။ စူးနွယ်ချက်စားတာ မြင်တော့ မနေနိုင်ဘူး။ နောက်နေ့ ချက်စားဖြစ်တယ်။ အစပ် စားမရတဲ့ ကိုယ့်တွက်တော့ အစပ်မပါပဲ လုပ်ထားလိုက်ပြီး၊ ဒါကတော့ အစပ်နဲ့ ဖျော်ထားတာပါ။ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူကို လှော်ပြီ၊ ပုဇွန်ခြောက်မှုန့်နဲ့ ဖျော်ထားတာပါ။



တို့စရာကတော့ မစုံဘူးပေါ့။ မုန့်ညှင်းရယ် ဂျပန်သခွါးသီး( အစေ့မပါတာ) နှစ်မျိုးတည်းပါပဲ။


ငါးကြော်ပါတယ်။ တန်ပူရာမှုန့်နဲ့ ရောကြော်ထားတာပါ။



ချဉ်ပေါင်နဲ့မျှစ်ကို ရောပြီး ပုဇွန်ခြောက်နဲ့ ချဉ်ရည်ဟင်းလုပ်ပါတယ်။


အချဉ်စားလို့မရတဲ့ ကိုယ့်တွက်ကတော့ ကြက်ဥကိုမွှေပြီး ဟင်းချိုလုပ်သောက်ပါတယ်။




ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP