Lorem Ipsum

အမဲသားနဲ့ အသီးအရွက်စုံ Egg Rolls

 Sunday, April 24, 2011

မနေ့နေ့လည်က ပျင်းလို့ Egg Rolls လုပ်စားတယ်။ မလုပ်စားတာလည်း ကြာလှပေါ့။ မလုပ်စားဖြစ်တာက ခုတလော ကိုယ်တို့နေတဲ့မြို့မှာ မြန်မာဆိုင်တွေ တော်တော်ပေါနေတယ်။ ကုန်ခြောက်ရော ကုန်စိုရော ရတဲ့အပြင် မုန့်ပဲသရေစာတွေရော တနေ့တမျိုး မရိုးရအောင်ရတယ်။ ထပ်ပြီး ကမ္ဘောဒီးယားဆိုင်နဲ့ ဗီယက်နာမ်ဆိုင်ကလည်း ထိုင်းသဘောင်္သီးထောင်း ၀က်ခေါင်းသုပ်ကအစ သုပ်ရောင်တယ်။ အဲ့ဒါအပြင် အခု မြန်မာပြည်က မွတ်စ်လင် မိသားစုက လ္ဖက်ရည်ဆိုင် ဖွင့်ထားသေးတယ်။ မုန့်တွေများ စုံလို့ပေါ့။ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ ဟလ၀ါ၊ ရွှေချီဆနွင်းမကင်း၊ ကောက်ညှင်းဆနွင်းမကင်း၊ အီကြာကွေး၊ စမူဆာ၊ ပဲပလာတာ၊ နံပြား( ဖိုမှာပြီး ကိုယ်တိုင်ရိုက်) ခါကြာမုန့် စုံလို့ပေါ့။ မရေးနိုင်တော့ဘူး :)

ဒါနဲ့ Egg Roll လုပ်စားပါတယ်။ Spring Roll နဲ့ကွာတာက အပေါ်က အခွံပါပဲ။ အဆာတွေအတွက် ကိုယ့်မှာ အဆင်သင့် ရှိနေတာတွေနဲ့ လုပ်ပါတယ်။

အမဲသား (အကြေသား)
မုံလာဥနီ (ခပ်နုပ်နုပ် စဉ်းထား)
ဂေါ်ပီထုပ် (ရိတ်ရိတ် လှီးထား)
ပဲကြာဇံ (ရေနွေးစိမ်ထား)
ပဲပင်ပေါက်( ရေဆေးပြီးစစ်ထား)
ပဲပြား ( အတုံးသေးသေးလှီးထား)
ကြက်သွန်မိတ် (ရိတ်ရိတ်လှီးထား)
နံနံပင် ( ရိတ်ရိတ်လှီးထား)

ဒယ်အိုးတည် ဆီနဲနဲထည့်( လုံးဝမများဖို့သတိထားပါ) ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်စိမ်းတို့ကို နုပ်နုပ်စဉ်းပြီ ဆီသတ်၊ ပဲပြားထည့်ကြော်၊ ပဲပြားထည့် အရောင်လှလာရင် ဘေးဖယ်ထား၊ အမဲသားအကြေထည့်ကြော်၊ အမဲသားရရင် နှစ်မျိုးလုံးရောကြော်၊ မုံလာဥနီထည့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်အနှောက်၊ အချိုမှုန့် ထည့်ကြော်၊ အသားထဲက ရေတွေလုံးဝခမ်းသွာပြီး ဆီပြန်လာမှ ဂေါ်ပီထုပ်ထည့်၊ ပဲကြာဇံ၊ ပဲပင်ပေါက်၊ ထည့်၊ နောက်ဆုံး ကြက်သွန်မိတ်၊ ငရုတ်ကောင်းမှုန့်နဲ့ ပြောင်းဖူးမှုန့်တဇွန်း(လ္ဖက်ရည်ဇွန်း) တရုတ်မဆ လာနဲနဲထည့်မွှေပြီ အအေးခံထား ( ဆား၊ ငံပြာရည်မထည့်ဘူး။ ပဲငံပြာရည်နဲ့ ခရုဆီက ငံလို့ပါ)

Egg Roll အခွံဖြန့်ခင်း၊ အဆာတဇွန်းထည့်၊ ထိပ်နှစ်ဖက်ပိတ်ပြီလှိမ့်၊ ကိုယ်ကတော့ ကြက်ဥတလုံးဖောက် ပြီအကာနဲ့ ကပ်တယ်။ (ဂျူံမှုန့်ကို ရေဖျော်ပြီး ကပ်နိုင်သလို ကော်မှုန့်နဲပလည်း ကပ်နိုင်ပါတယ်)



ကြော်ပြီသား


အထဲမှာ ဒါတွေပါတယ်


အချဉ်အတွက်၊ မြန်မာပြည်က လာတဲံငရုပ်ဆီ လက်ဖက်ရည် ခွက်တခွက်စာကို၊ ငရုတ်သီးစိမ်း၊ ကြက်သွန် ဖြူကို ညက်အောင်ထောင်းထည့်၊ ဆားအချိုမှုန့်နဲ့ သံပုရာသီးတလုံး ညှစ်ထည့်ထားပါတယ်။


ကြော်ပြီအအေးခံထားတာပါ


Egg Roll အခွံပါ





ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP