Lorem Ipsum

အမဲသားတုတ်ထိုးနဲ့ ကြာဇံကြော်

 Saturday, April 23, 2011

ကဲ .... ခုတလော ဘလောဂ့်တကာက ၀က်သားတုတ်ထိုးတဲ့ ကြာဇံကြော်တဲ့ စားလိုက်ကြတာနော်။ ကိုယ်ဝက်သား မစားတာ ၈နှစ်လောက်ရှိပြီဆိုတော့ ၀က်သားတုတ်ထိုး မစားတော့တာလည်း အဲ့လောက်ကြာပြီ။ မမြင်ရတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ နေမကောင်းနေတုန်းက အန်တီဆွိဘလောဂ့်မှာဝက်သားဒုတ်ထိုးနဲ့ ကြာဇံကြော်တဲ့။ ဒုတ်ထိုးကို စားဖူးပေမယ့် အဲ့ဒီလို ကြာဇံကြော်နဲ့ တွဲစားရမှန်းမသိခဲ့ဘူး။ ဒါနဲ့ အာရှဆိုင်က အမဲကလီဇာတွဲဝက် ၀ယ်လာတယ်။ အိမ်မှာ သန့်ရှင်းအောင်လုပ်ရတာက နေ့တပိုင်းပေါ့။ စူပါမားကက်တွေမှာ သန့်ရှင်းပြီးသားရပေမယ့် လတ်လတ်ဆတ်ဆတ်လောက် မချိုပါဘူး။ ဒါကြောင့် ပင်ပန်းခံပြီး လုပ်စားပါတယ်။ တွဲဝက်ကို ၆နှပ်လောက်ရပါတယ်။ တန်ပါတယ်။ ၀က်သားမစားသူတွေ အတွက် အမဲသားတုတ်ထိုးပေါ့နော် :)

အမဲတုတ်ထိုးအတွက် လိုအပ်တာတွေက ၀က်သားတုတ်ထိုးနဲ့ တူပေမယ့် အမဲက ပိုညှီတတ်လို့ ဖာလာနဲ့ လေးညှင်းပွင့်ဖြည့်ပါတယ်။ အမဲကလီဇာစုံကို သန့်ရှင်းအောင်လုပ် ရေဆေးပြီး ပဲငံပြာရည်နဲ့နယ်ထား ပါတယ်။ အိုးတလုံးထဲမှာ ဆီနဲနဲထည့်၊ ဆီပူလာရင် သစ်ဂျပွေးခေါက်၊ ကရဝေးရွက်၊ ဖာလာနဲ့ လေးညှင်းပွင့်(၃ပွင့်) ထည့်ပြီးဆီသတ်၊ သကြားနဲနဲထည့်၊ နှပ်ထားတဲ့ အမဲကလီဇာကိုထည့်ကြော်။ အရောင်လှပြီး ရေခန်းသွားရင်၊ ပဲငံပြာရည်အကြည်၊ အချိုမှုန့်၊ ဆား၊ ရေဆူကို ကလီဇာမြုပ်အောင်ထည့်ပြီးတည်တယ်။ ကလီဇာတွေကျက်လောက်ရင် အသဲကိုဆယ်ပြီ ကျန်တဲ့အစိတ်အပိုင်းကို နူးအောင်ပြုပ်။ နူးရင်ပါးပါးလှီးပြီ အရည်ထဲပြန်စိမ်ထားလိုက်တယ်။




အစိတ်ပိုင်းတခုချင်းစီကို ဘယ်လိုခေါ်လည်းတော့ ကိုယ်မသိဘူးး) ၀က်သားမှာ ပါသလို အဆီပိတ်တော့ မပါဘူး။ အဲ့ဒါတော့သိတယ် အရင်က အဆီပိတ်ပဲ စားတာခုတော့ ကိုယ်တိုင်အဆီပိတ်တော့မယ် :)


ထင်သာမြင်သာအောင်ပေါ့ တကွက်ချင်းရိုက်ပြတာပါး)




                   အဆုတ်မစားပေမဲ့ နှမြောလို့ထည့်လိုက်တယ်။ နောက်တော့ ပြစ်လိုက်ရတယ်။


 ရှူရှဲစေမယ့် အချဉ်နော် စပ်နည်းရေးထားတယ် အရင်ပို့စ်မှာ


ကြာဇံကြော် စားမဲ့စိတ်ကူး မရှိခဲ့ဘူး။ သူများတွေစားသလို စားကြည့်အုံးမှလို့ စိတ်ကူးရတော့ ကမန်းကတန်း ကြာဇံကို ပြုပ်ပြီး ဂေါ်ပီထုပ်နဲ့ ရိုးရိုးလေးကြော်လိုက်တာ။ မဆိုးဘူးကောင်းတယ်။


ကြာဇံကြော်က မှောင်နေတယ် :)


ဒါမျိုးတွေ ခုလို အသက်ရွယ်ရလာမှ ကြိုက်တတ်လာတယ်။ လက်စွပ်နဲ့ တွဲဝတ်ရတာ မကြိုက်ဘူး။ လက်ကောက်နဲ့ နားဆွဲပဲကြိုက်တယ်။ ဒါလေးက တစုံကို $ 23.00 နဲ့လျော့ထားတယ်။


ဘေးက အနီလေးက တစုံကို $ 18.00 နဲ့လျှော့ထားတယ်။


ဒါလေးက $ 17.00 နဲ့လျှော့ထားတယ် နားဆွဲက အမှောင်ပေမဲ့ လက်ကောက်က အရမ်းလှနေတယ် ဒါကြောင့်ဝယ်ဖြစ်တာ။  မမခင်ဦးမေကို အားကျလို့ပါ :)



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP