Lorem Ipsum

ဒီနေ့ ချက်စားဖြစ်တာတွေပါ(၂)

 Sunday, May 15, 2011

အမဲနံရိုးတွေ ၀ယ်လာတယ်။ အဆီတော်တော်များတာနဲ့ ပဲငါးပိနဲ့ပေါင်းလိုက်တယ်။ အမဲနံရိုးတွေကိုရေဆေးအရွယ်တော်တုံး( ကိုယ်ကတော့ တုံးပြီးသားဝယ်လာတာ) ချက်မဲ့အိုးထဲထည့်၊ ပဲငါပိ ၃ဇွန်း(ထမင်းစား ဇွန်းခရုဆီ ၁ဇွန်း၊ ပဲငံပြာရည်အကြည်၂ဇွန်း၊ ပဲငံပြာရည်အနှောက် ၁ဇွန်း၊ငရုတ်ကောင်းစေ့၁၀စေ့( အဖြူမျိုး) ဂျင်းလက်၂ဆစ်(ဓါးပြားရိုက်) ကြက်သွန်ဖြူ ၁၀မွှာ (ဓါးပြားရိုက်) မြေပဲဆီ ၃ဇွန်းထည့်ပြီး ရောနယ်လိုက်တယ်။ ပြီးမှ မီးဖိုပေါ်တင် ဆီပြန်လာအောင်ချက်၊ ဆီပြန်လာမှ ရေဆူအသား မြုပ်အောင် ထည့်၊ ရေခမ်းတော့မယ်ဆိုရင် ငရုတ်ကောင်းမှုန့် နဲနဲဖြူး၊ မီးငွေ့ငွေ့လေးနဲ့ အဖုံးကိုလုံအောင်ဖုံးပြီး အလေး တခုခုနဲ့ ဖိထားလိုက်တယ်။ အနည်းဆုံး တနာရီကြာရင် ရပါပြီ အမဲနံရိုး ပဲငပိပေါင်း။

ဆားနဲ့အချိုမှုန့် မထည့်ပါဘူး။ ပဲငါပိ၊ ခရုဆီနဲ့ ပဲငံပြာရည်က အငံပါနေလို့ပါ။



(ပုံ ဂူဂဲလ်)

ဒီလိုပဲငါးပိ အစေ့ကို သုံးပါတယ်။ အချိုမျိုးနဲ့ အငံမျိုး ရတတ်ပါတယ်။ အချိုမျိုးကို သုံးပါတယ်။







ကန်စွန်းရွက် နဲနဲကျန်နေတာနဲ့ အမဲရိုး ပေါင်းပြီးသား အိုးထဲထည့်ပြီး မွှေလိုက်တယ်။




အချဉ်တခွက်ပါမှ ဆိုတော့၊ အိမ်မှာ အဆင်သင့် ရှိနေတဲ့ မုံလာဥနီ၊ ဂေါ်ရခါးသီး၊ ကြက်သွန်နီ အကြီးမျိုး၊ ကြက်သွန်ဖြူ အချဉ်( ကိုရီးယားမိတ်) တို့ကို ရောပြီး သနပ်လုပ်တယ်။ ပထမဆုံး မုံလာဥနီနဲ့ ဂေါ်ရခါးသီးကို အခွံခွါလိုက်တယ်။ ရေဆူထဲကို ဗီနီကာ ခွက်တ၀က်( လဖက်ရည်ခွက်)ထည့်ပြီး ဆူအောင်တည်။ ရေဆူပွက် လာရင် မုံလာဥနီနဲ့ ဂေါ်ရခါးသီးထည့်၊ ၅မိနစ်ပြုပ်၊ ကြက်သွန်နီထည့်၊ ၂မိနစ်ဆို မီးပိတ်ပြီး ရေစစ်ထား။ အိုး တည် ဆီ ၃ဇွန်းထည့်( ထမင်းစားဇွန်း) ရေစစ်ထားတဲ့ အသီးအနှံတွေထည့်၊ ကြက်သွန်ဖြူချဉ် ငရုတ်သီးစိမ်း ခြမ်း၊ နှမ်းလှော်မှုန့်၊ ငံပြာရည်၊ အချို  မှုန့်ထည့်ပြီး ရေခမ်းပြီး ဆီပြန်လာရင်ချလို့ရပြီ။ အေးမှနှမ်းမဲ နဲနဲဖြူး လိုက်တယ်။ မုံလာဥနဲ့ ဂေါ်ရခါသီး ကြက်သွန်တွေက အချဉ်ကြောင့် ကြွပ်ပြီး အရမ်းစားလို့ ကောင်းနေတယ်။



 ပုဇွန်ခြောက် ဘလာချောင်ကြော်ပါ။



ဒါက ပိန်းရိုးဟင်းခါးပါ။ ပိန်းရိုးကို အခွံသင် ပါးပါးလှီးပြီး ရေစိမ်ထား။ ရေဆူတည် ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်နဲ့ ငရုတ်ကောင်ထောင်းထည့်ပြီး ဟင်းရည်ကျအောင် တည်ထားလိုက်တယ်။ ထမင်းစားခါနီးမှ ပိန်းရိုး၊ ကြက်သွန်မိတ်နဲ့ ဆားထည့်ပြီး ဆူလာရင်ရပါပြီ။ (တခါတလေ ပင်စိမ်းခတ်ပါတယ်)





ပိန်းရိုးပါ။ ပိန်းဥအပင်ကနေ ရပါတယ်။ အရွက်ကိုတော့ နုရင်စားကြပေမဲ့ ရင့်ရင် မစားကြပါဘူး။


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP