Lorem Ipsum

လတ်တလောဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ

 Saturday, May 21, 2011



မောင်လေးရာဇာ(ကျေးလက်သားလေး)က တဂ့်တယ်တဲ့။ လတ်တလောဖြစ်ပေါ်နေသော စိတ်ဆန္ဒလေး များ။ သတိတရ တဂ့်လို့ ကျေးဇူးတင်ပါ၏။

၁။ အစားချင်ဆုံးသော အစားအစာ - ငရုပ်သီးထောင်း ချဉ်စပ်( အစာအိမ်ရောဂါကြောင့် ချဉ်စပ် မစားရတာ တနှစ်ရှိနေပြီမို့လို့ :( )

၂။ နေ့တိုင်းစားဖြစ်တဲ့ အစားအစာ -  ထမင်းနဲ့ အသီးအရွက် ရေလုံပြုပ်

၃။ အလိုချင်ဆုံးရေမွှေး - မရှိပါ။ တန်ရာတန်ရာပဲ မှန်းတာအကောင်းဆုံးပါ။

၎။ သုံးဖြစ်နေတဲ့ရေမွှေး -  ARMANI CODE For Women By GIORGIO, Private Collection Jasmine White Moss

၅။ အလိုချင်ဆုံးမွေးနေ့လက်ဆောင် - မရှိပါ။

၆။ အလိုချင်ဆုံးဖုန်း - မရှိပါ။ ဆက်သွယ်လို့ရရင် ပြီးရောပေါ့နော်။

၇။ သုံးဖြစ်နေတဲ့ဖုန်း - iphone 4G

၈။ အရူးသွပ်ဆုံးအရာ - ဘာမှမရူးသွပ်ဘူး။ ဘာမှမစွဲလန်းတတ်ဘူး။

၉။ အနီးစပ်ဆုံးဂီတ - သီချင်းနားထောင်ခြင်း ( သံစဉ်ကောင်းလေးတွေ။ ကော်ပီမဟုတ်ပါ။)

၁၀။ အလိုချင်ဆုံးစာအုပ် - မရှိပါ။

၁၁။ အခုဖတ်ဖြစ်နေတဲ့စာအုပ် - အွန်လိုင်းက စာတိုပေစ အကုန်ဖတ်တယ်။

၁၂။ အကြားချင်ဆုံးစကား - မြန်မာပြည် ဒီမိုကရေစီရပြီဆိုတာ။

၁၃။ အဖြစ်ချင်ဆုံးဆန္ဒ - မြန်မာပြည်သူ/ ပြည်သား အားလုံးကို လူပီသစွာ နေထိုင်စေချင်တဲ့ဆန္ဒ။

၁၄။ အလိုချင်ဆုံးဆု - မိသားစု အမြန်ဆုံး ပြန်လည်ဆုံတွေ့ရပါစေလို့။

၁၅။ အသွားချင်ဆုံးနေရာ - မြန်မာပြည်

၁၆။ သွားဖြစ်တဲ့နေရာတွေ - အလုပ်နဲ့ အိမ် ၊ ဈေးဝယ်

၁၇။ အကြည့်ချင်ဆုံးရုပ်ရှင် - အကြည့်ချင်ဆုံးရယ်လို့ မရှိပါဘူး။ (ပေါက်တကရ ငွေရရင် ပြီးရော ကားမျိုး မဖြစ်ရင် ပြီးတာပဲ )

၁၈။ အပြောချင်ဆုံးစကား - ကိုယ်က စကောင်းပါ။ သူ့နေရာမှာ ၀င်ပြီး ကိုယ်ချင်းစာပါ။

၁၉။ အယုံကြည်ဆုံးလူသား - ဗုဒ္ဓ မြတ်စွာဘုရား။ ယုံကြည်စရာကောင်းအောင် အလုပ်နဲ့သက်သေပြတဲ့ တချို့ သောလူသား။

၂၀။ မယုံကြည်ဆုံးအရာ - မြန်မာပြည် အခြေအနေ ကောင်းလာတော့မယ်ဆိုတာ

၂၁။  အမုန်းဆုံးအရာ - အပြောနဲ့အလုပ် ညီအောင်မလုပ်တဲ့လူတွေ။

၂၂။  အသောက်ဖြစ်ဆုံးအအေး - ရေပဲသောက်တယ်။

၂၃။  လတ်တလော အထိတွေ့ဆုံးအရာ - ဖုန်း

၂၄။  မကောင်းတဲ့ ကျန်းမာရေး - အစာအိမ်လေနာဖြစ်ခဲ့လို့ ဆေးသောက်နေရတယ်။

၂၅။ အကောင်းဆုံးအဖော် - တရား

၂၆။ လက်ရှိအကြိုက်ဆုံးသီချင်း - သံစဉ်ကောင်းတဲ့ သီချင်းတိုင်း ကြိုက်ပါတယ်။

၂၇။ အကြောက်ဆုံးအလုပ် - ကိုယ့်ကြောင့် သူတပါး စိတ်ဆင်းရဲမှာကို။

၂၈။ တန်ဖိုးအထားဆုံးအရာ - ကိုယ့်ကျင့်တရား

၂၉။ အကြောက်ဆုံးတိရိစ္ဆာန် - ခူယား၊ မျော့၊ ဘောတ်ဖတ်လို ပျော့စိစိအကောင်တွေ အကုန် ကြောက် တယ်။

၃၀။ တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - အရင်က ကိုကြီးကျောက်ကို တွေ့ဖြစ်ခဲ့တယ်။

၃၁။ အပြင်သွားတိုင်းပါတဲ့ပစ္စည်း - အိတ်ကြီးကြီးတလုံးထဲမှာ အစုံပေါ့။ မိန်းကလေးဆိုတော့။

၃၂။ သွားဖြစ်နေတဲ့နေရာတွေ - ၁၆မှာ ဖြေပြီးပြီ။

၃၃။ စိတ်အညစ်ရဆုံးအချိန် - Bill ပေးတဲ့အချိန် :)

၃၄။ အနေချင်ဆုံးနေရာ - ကိုယ်နဲ့အဆင်ပြေဆုံးနေရာ

၃၅။ ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - ထောင်ဒဏ် ၆၅နှစ်သမားတွေ ရှော့ပေါ့ကြောင့် ၆၄နှစ်တဲ့ ဟဟား

၃၇။ ပေးချင်တဲ့ သတင်းတစ်ခု - မကြာခင်ချိန်အတွင်းမှာ ခွဲစိတ်မှု တခုပြုလုပ်ရမှာ :(

၃၈။ အပျော်ဆုံးဖြစ်မယ့်အချိန် - မိသားစု ပြန်လည် စုံတွေ့မဲ့နေ့။

မောင်လေးရာဇာ ရေးတတ်သလောက်ရေးထားပါတယ်။


ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP