Lorem Ipsum

စနေနေ့က ထမင်းဝိုင်း

 Saturday, June 18, 2011

ပုဇွန်ကို မာလာဟင်းအနှစ်နဲ့ ကြော်လိုက်တယ်။ စိတ်ကူးတည့်သလိုသာချက်လိုက်တာပါ။ ဒါပေမဲ့စား ကောင်းတယ်။ ပုဇွန်ကို ခေါင်းချွန်လေးဖြတ်၊ ကျောခွဲပြီး ရေဆေးထားလိုက်တယ်။ ဆီအိုတယ် ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ငရုပ်စိမ်းနုပ်နုပ်စဉ်းပြီး ဆီသတ်။ မာလာဟင်းအနှစ်ထည့်၊ ပုဇွန်ထည့် ရေဆူနဲနဲလေးထည့်ပြီကြော်၊ လိုအပ်မယ်ထင်ရင် ငံပြာရည်နဲနဲထပ်ထည့်၊ ကြက်သွန်မိတ်ဖြူး ရပါပြီ ပုဇွန်မာလာဟင်းပေါ့။



 




ပဲငပိ၊ ငရုတ်သီး( တရုတ်ငရုတ်သီးကြော် နှမ်းဆီပဲဆီနဲ့ စိမ်ထားတာ) ၊ ဆီတိုဖူး၊ ရှမ်မုန့််ညှင်းချဉ်၊ ကြက်သွန် ဖြူနီ၊ ဂျင်း၊ ပဲငံပြာရည်၊ ပဲဆီ၊ အချိုမှုန့်၊ တရုတ်မုန့်ညှင်းချည်အရည်၊  ဆီတိုဖူး၊ မြေပဲနဲ့ နှမ်းလှော်ထောင်း၊ တရုတ်မဆလာရောပြီး လုပ်လိုက်တယ်။





ငါးဆုပ်နဲ့ Bok Choy အရည်သောက်ချက်တယ်။



ချဉ်ပေါင်နဲ့မျှစ်ကို ပုဇွန်ခြောက်နဲ့ကြော်ထားတယ်။ ခဏခဏရေးဖူးတော့ ကြော်နည်းမရေးတော့ဘူးနော် :)





အမဲသားကို ဂျင်းရည်၊ ငရုပ်ကောင်းမှုန့်၊ ခရုဆီနဲ့ တညနှပ်ထားတယ်။ နောက်နေ့မှ ပြုပ်ကြော်ကြော်ပါတယ်။





ခင်မင်စွာဖြင့်
Baby taster


 

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP