Lorem Ipsum

အမဲသား ခရုဆီကြော်၊ ခရမ်းသီးနှပ်၊ ပဲပြားသုပ်

 Wednesday, June 15, 2011


အမဲသား ခရုဆီကြော်


အမဲသားကို ပါးနိုင်သလောက် ပါးပါးလှိးပါတယ်။ ရေဆေး ခရုဆီနဲ့ ဂျင်းရည်ညစ်ပြီး နှပ်ထားတယ်။ ကြော် ခါနီးမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ဆီသတ်၊ နှပ်ထားတဲ့ အမဲသားထည့်ကြော် ပဲငံပြာရည်အကြည်နဲ့ အချိုမှုန့် ထည့်၊ ရေဆူနဲနဲထည့်၊ အသားနူးရင် ကြက်သွန်မိတ်နဲ့ ငရုတ်ကောင်းမှုန့်ဖြူးရင် စားလို့ရပါပြီ။ ငရုပ်ပွနဲ့ ကြက်သွန်နီထည့်ပြီး ကော်မှုန့် အရည်ဖျော်ထည့်လည်း ရပါတယ်။



ပဲပြားသုပ်မလို့ ရယ်ဒီပေါ့။ ပဲပြားကြော်ပါးပါးလှီး၊ ဂေါ်ပီထုပ်၊ ငရုပ်စိမ်း၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ ဆီကျက်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ သံပုရာသီးထည့်ပြီး ချဉ်ငံစပ်လေးသုပ်တယ်။



ပြဲပားသုပ်




ခရမ်းသီးနှပ်ပါ။ ခရမ်းသီးတွေကို လေးစိတ် စိတ်ပြီး ရေစိမ်ထား။ ငရုပ်သီးခြောက်၊ ကြက်သွန်နီ၊ဖြူ တို့ကို ရောထောင်း၊ ပုဇွန်ခြောက် ရေစိမ်ပြီးထောင်း၊ ခရမ်းချဉ်သီး ၃လုံးပါးပါးလှီး၊ စိမ်းစားငပိ ရေဖျော်ထား။ အား လုံး အဆင်သင့်ဖြစ်ရင် ခရမ်းသီးနှပ်မဲ့အိုးမှာ ထောင်းထားတဲ့ ကြက်သွန်၊ ခရမ်းချဉ်သီးနဲ့ ကျန်တဲ့ အဆာပ လာ ထည့်နယ်၊ ခရမ်းသီးကို အဆာပလာနဲ့ ရောနှယ်ပြီး ဆီများများထည့်ပြီး မီးနဲနဲနဲ့နှပ်။ ခရမ်းသီးကရေ ထည့်ရင် မအိဘူး။ ပျော့ပြဲသွားရော နူးအိအောင် မီးနဲနဲနဲ့ နှပ်လိုက်တယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ ခရမ်းသီးထဲက အနှစ်နဲ့တင် ရေမလိုတော့ဘူး နူးအိနေပါပြီ။



                                       ဂေါ်ပီထုပ် ပါးပါးလှီးပြီး ဟင်းခါးလုပ်ပါတယ်။




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP