Lorem Ipsum

နံနက်စာများ

 Tuesday, August 09, 2011

လာလည်ကြတဲ့ မောင်နှမအားလုံးကို ကျေးဇူးအထူးပါလို့။ မီးခိုး မတိတ်ခဲ့သလို အားနေခဲ့ပါတယ်း) ပျင်းနေတာပါ။ လွယ်ကူဆုံးနည်းနဲ့ တိုရှည်(DOSA) လုပ်စားခဲ့တယ်။ လုပ်နည်း ပြောပါ့မယ်။ စားချင်သူတွေ အတွက်ပေါ့း)

ဆန်မှုန့်၅ဇွန်း (ထမင်းစားဇွန်း)
ပဲမှုန့် ၂ဇွန်း (ထမင်းစားဇွန်း)
ရွှေကြည်မှုန့်၁ဇွန်း (ထမင်းစားဇွန်း)
အုန်းနို့ ဗူးဝက်(တဗူး)ရဲ့ တ၀က်တို့ကို ရောပြီး ညကတည်းက မွှေထားပါ။ ရေခဲသေတ္တာထဲ မထည့်ပဲ အပြင်မှာဘဲထားပါ။ နောက်နေ့မနက် ခွက်တခွက်ထဲ ရေဆူ250ml  ၊ သကြာနဲ့ ဆော်ဒါမှုန့် အနည်းငယ် ထည့်ပြီး ရောဖျော်ပါ။ ဖျော်ထားတဲ့ ဆော်ဒါကို မုန့်နှစ်ရည်ထဲ လောင်းထည့်မွှေလိုက်ရင် မုန့်နှစ်ရည်ဟာ ပွတက်လာမှာဖြစ်ပါတယ်။ မုန့်နှစ်ရည်ကို အရမ်းမကျဲစေဖို့ သတိထားရပါလိမ့်မယ်။ ဒါဆိုရင် ဒယ်ပြားတခု မှာ ကြက်သွန်ထက်ခြမ်းလှီးပြီး ဆီမှာ နှစ်လိုက်ပြီး ဒယ်ပြားမှာ ဆီသုတ် မုန့်နှစ်ရည် တဇွန်း(ဇွန်းကြီး) ထည့်ပြီး ဇွန်းဖင်လေးနဲ့ အ၀ိုင်းလေးချဲ့သွားရင် ရပြီ။ အပေါ်ကနေ ဆီလေးတစက် နှစ်စက်ချပေး ၃မိနစ်ဆို ကျက်ပါပြီ။ ဒါက ဆန်မှုန့်၊ ရွှေကြည်မှုန့်၊ ပဲမှုန့်နဲ့ အုန်းနို့တို့ရယ်ဒီမိတ် ရနိုင်တဲ့လူတွေ လုပ်စားဖို့ လွယ်ကူ အောင်ပါ။

ဆန်နဲ့ပဲစိမ်ပြီး အီတလီ၊ ဒိုစာ လုပ်စားခဲ့ရင် ထပ်တင်ပေးပါအုံးမယ်။ တိုရှည် ကို မြန်မာပြည်မှာ တမျိုး တည်းစားဖူးပေမဲ့ ပြည်ပရောက်လာတော့ အမျိုးပေါင်းမနည်း စားဖူးပြီးသွားပြီ။ အသိသူငယ်ချင်း တမီးလ်မ ကပြောတယ် တိုရှည် လုပ်နည်းပေါင်း ၃၇မျိုး ရှိသတဲ့း)



အမဲသားဗူး တဗူးရှိနေတာနဲ့ ဇီရာစေ့၊ ငရုတ်သီးခြောက်ဆီသတ်၊ ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းထည့်၊ အနံ့ မွှေးလာရင် အမဲသားဗူးဖောက်ထည့်၊ ဆားအချိုမှုန့်၊ မဆလာနဲ့ ရေဆူအနည်းငယ်ထည့်ပြီး ချက်လိုက်တယ်။ တိုရှည်နဲ့ တွဲစားဖို့း)


 တိုရှည်


 လ္ဖက်ရည်ဆိုင်က ၀ယ်လာတဲ့ နံပြားကို အိမ်ရောက်တော့ ထောပတ်သုတ်လိုက်တယ်။



အမဲသား စွပ်ပြုပ်ပါ။ အချဉ်ရည်အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဗီနီဂါရောထောင်းတယ်။ တရုတ်နံနံနဲ့ ကြက်သွန်မိတ် ပါးပါးလှီးပြီးထည့်စားပါတယ်။





ပေါင်မှုန့်ကို ထောပတ်နဲ့ ကြက်သွန်ဖြူထောင်းသုတ်ပြီး မီးကင်ထားတာပါ။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP