Lorem Ipsum

အာလူး ပဲဆီပေါင်း၊ တိုဖူးစွပ်နဲ့ အမဲသားပဲသီးကြော်

 Saturday, August 20, 2011




ပဲသီးနဲ့ အမဲသားကို  ခရုဆီနဲ့ အစိမ်းကြော် ကြော်ထားတာပါ။


 တိုဖူးစွပ်

တိုဖူးနဲ့ အမဲသား အရည်သောက်ချက်တယ်။ အမဲသားကို တရုတ်နံနံအရိုးနဲ့ ရောပြုတ်လိုက်တယ်။ အမဲ သားနူးမှ တိုဖူးခြေထည့်၊ ကြက်သွန်ဖြူထောင်းထည့်၊ နှမ်းဆီနဲ့ တရုတ်ပဲငါးပိထည့်၊ ပွက်ပွက်ဆူလာရင် အ ပေါ့အငံမြည်းပြီး ကြက်သွန်မိတ် ပါးပါးလှီးထည့်ပါတယ်။


ကျန်နေတဲ့ တိုဖူးဟင်းရည် ညနေစားထားတာပါး)


အာလူးပဲဆီပေါင်း (ကိုယ့်ဟာကိုယ် ပေးတဲ့နံမည်)

အာလူးကို ရေဆေးပါးပါးလှီးထား။ ဆီအိုးတည် ပဲဆီထည့်၊ ကြက်သွန်ဖြူနဲ့နီကိုရောပြီ ဆီသတ်၊ ကြက်သွန်နီဝါရောင်သန်းလာရင်၊ ငရုပ်သီးအခြောက်ထက်ပိုင်း ချိုးထည့်ပြီးဆီသတ်၊ အာလူးထည့်ကြော် အာလူး မ ကျက်တကျက် အချိန်မှာ ပဲငါးပိ ၂ဇွန်း( ထမင်းစားဇွန်း) ခရုဆီ အနည်းငယ်၊နဲ့ ပဲငံပြာရည် အနည်းငယ် ထည့်၊ မီးမြေ့မြေ့လေးနဲ့ ဆက်ကြော်ပါတယ်။ အာလူးနှပ်သွားရင် နှမ်းဖြူ လှော်ထားတာ နည်းနည်းထည့် လိုက်ပါတယ်။ ကိုရီးယား အာလူးကြော်ကို နဲနဲ အတုခိုးထားတာပေါ့း)



နှမ့်ဖစ်( ထိုင်းငရုတ်သီးစောစ့်)

ဒါက ထိုင်း ငရုပ်သီးဖျော်ပေါ့း)၊ နှမ့်ဖစ် ဆိုလား ခေါ်တာ။ ကြက်ကင်နဲ့ တွဲပေးတတ်ပါတယ်။ ငရုတ်သီး လှော်ထောင်းကို ပူနေတဲ့ ဒယ်အိုးထဲထည့် အဖုံးအုပ်ထားပါ( မဟုတ်ရင် ငရုတ်သီး အနံ့ဟာ တအိမ်လုံးမွန် ထူပြီး သေသွားနိုင်တယ်) ခွက်တလုံးထဲ သံပုရာရည်နဲ့ ငံပြာရည်ကို ဆတူရောထည့်၊ အချိုမှုန့်အနည်းငယ်နဲ့၊ နံနံပင်ရိတ်ရိတ်လှီးထည့်ပြီး ရောဖျော်လိုက်ပြီ ငရုပ်သီးမှုန့် လှော်တဲ့ ဒယ်အိုးထဲ လောင်းထည့်မွှေလိုက်ရင် အလွန် အရသာရှိတဲ့ နှမ့်ဖစ်ကို ရမှာ ဖြစ်ပါတယ်။


ထမင်းမစားချင်လို့ ကြေးအိုး ယောင်ယောင် ဆူကီယောင်ယောင် တပွဲလုပ်စားပါတယ်း)


အချိုစားတာ သိတ်ရှားပေမဲ့ တခါတလေ ပူတင်းလုပ်စားဖြစ်ပါတယ်။

ကြက်ဥပူတင်း မေးကြလို့ ရေးပေးလိုက်ပါတယ်။ ကြက်ဥ လေးလုံး၊ နို့ လေးခွက်( 250ml Cup) ခြေစက်ထဲ ထည့်မွှေပါတယ်။ သကြား(အချိုကြိုက်သလောက်) ထည့်ပြီး ဆက်မွှေပါတယ်။ ခွက်တခွက်ထဲထည့်၊  အပေါ်ကနေ Crispy Rice Cerealအနည်းငယ် ဖြူးပြီး အိုဗင်ထဲမှာ အပူချိန် 370  Fံ နဲ့ ရေအောက်ခံဗန်း ထဲထည့် အပေါ်ကနေ ပူတင်းခွက်ထည့်ပြီး မိနစ်၂၀ ပေါင်းထားတာပါ။ ပူတင်းရရင် သကြားလှော်ပြီး ရေနည်းနည်းထည့်ကျိုလိုက်တယ်။ ပြီးမှ အပေါ်ကနေ လောင်းထည့်လိုက်တာပါ။ စက်နဲ့ ကြက်ဥ၊ နို့တို့ကိုရော ခြေထား လို့ မုန့်သားတွေ အရမ်းညက်ပြီး စားလို့ ကောင်းပါတယ်။


ညီမလေး YM က မေးထားလို့ တင်ပေးလိုက်ပါတယ်။

 





ခင်မင်စွာဖြင့်
Baby taster









Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP