Lorem Ipsum

ထောပတ်ထမင်း၊ သိုးသားဟင်းနဲ့ မလုတ်သနီ ဟင်းရည်

 Friday, September 16, 2011



ထောပတ်ထမင်း ချက်တယ်။ ခုတလော မအားဘူးကွယ်။ အသက်ကကြီးလာပြီဆိုတော့ အလှအပဖက်ကို ပိုပြီး ဦးစားပေးလာမိတယ် :P (ရုပ်ဆိုးဆိုး ဆိုတော့က မပြင်ရင်မလှဖူး၊ ပြင်လိုက်တော့ မှန်ထဲ ကိုယ့်ပုံကြည့်ပြီး ကိုယ့်ဖာသာ လန့်တယ် :D) အသက်ကလည်း တနှစ်ထက် တနှစ်ပိုကြီးလာပြီ၊ အသက်သာကြီးလာပြီး ဘာမှကို အဖတ်မတင်ဘူးရယ်း) ဖီလင် (၃_ ) ဆိုပြီး ပို့စ်လေး အတုခိုးရေးမလား စဉ်းစားမိသေးတယ်။ ဘလောဂ့်တကာ လည်တယ်၊ ဖတ်တယ် မှတ်တယ် မေ့တယ်၊ မန့်တယ်။ ခုတလော ပိုစိတ်ဝင်စားတာက အလှအပ ဘလောဂ့်လေးတွေကို ဦးစားပေးဖြစ်တယ်။ ဟင်းတွေ ချက်ပြီး ပုံလေးတွေ ရိုက်ဖို့တောင် ပျင်းလာတယ်း) ကဲထောပတ်ထမင်း ကို ဆက်ချက်ပါတော့မယ်း)

ဒယ်အိုးတည် ပူလာရင် ထောပတ်(Ghee) ၃ဇွန်းထည့်(ထမင်းစားဇွန်း) ပူလာရင် ၊ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက် လက်တဆစ်စာထည့်၊ ဆန်နီု့ဆီဗူး ၂လုံးကို ရေဆေးပြီးထည့်လှော်၊ ဆားနဲ့ သကြားနဲနဲထည့်၊ ဆန်အရောင် လေးလှလာရင် ရေဆူခန့်မှန်းထည့်ပြီး ပေါင်းအိုးထဲထည့်ဆက်ချက်လိုက်တယ်။



ထောပတ်ထမင်း



                                                  ဆိတ်ကလီစာဟင်း


                                                  မလုတ်သနီ ဟင်းရည်

ပဲစင်းငုံကို ရေးဆေးပြီး အိုးတလုံးထဲထည့်၊ ဂျင်းနဲ့ ငရုပ်သီး အခြောက်တောင့်(အစပ်)  ၅တောင့်ကိုပါ တခါတည်း ရေဆေးပြီးပဲနဲ့ရောပြုပ်။ ပဲနူးလာရင် ငရုပ်သီး၊ ဂျင်းနဲ့ပဲကို ရောခြေထားပါ။

မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အနှစ်တိုက်ထား။

ဆီအိုးတည်၊ ငရုပ်သီး အခြောက်နဲ့ မုန့်ညှင်းစေ့( Mustard Seed) အနည်းငယ်ကို ဆီသတ်၊ ငရုပ်သီးတူး လောက်မှ၊ ပျည်းတော်သိမ်ရွက်၊ ခြွေထည့်၊ ကြက်သွန်ဖြူထောင်းထည့်ပြီး ခြေထားတဲ့ပဲးကိုလောင်းထည့်။ ရေဆူများများထည့်( ဟင်းရည်က ကျဲနေမှ သောက်လို့ကောင်းပါတယ်) ဆက်တည်ထား။

ပဲအနေအထား အတော်လောက်ဖြစ်ရင်၊ ဆား၊ အချိုမှုန့်၊ မန်ကျည်းမှည့် နဲ့ (Rasam Powder မလုတ်သနီ မဆလာ ) ထည့်၊ နံနံပင်ထည့်၊ အရည်ကျဲကျဲလေး ဖြစ်အောင် ပဲကို လျော့ထည့်ပါတယ်။ ချဉ်စပ် မလုတ်သနီဟင်းရည် ရပါပြီ။ တချို့ကတော့ ပဲမထည့်ဘူး၊ အဆာပလာတွေကိုပဲ ဟင်းရည် အကြည်လေး လုပ်သောက်ကြတယ်တဲ့။(သူငယ်ချင်းပြော ပြတာပါ)


                                               ငါးသလဲထိုး အစပ်ကြော်

ငါးသလဲထိုးတွေကို ကြက်သွန်ဖြူများများ၊ ငံပြာရည်များများ၊ ငရုပ်သီးကြော်ထောင်းမှုန့်များများနဲ့ စပ်စပ် လေးကြော်တယ်။



သိုးသား ဆီပြန်ဟင်းပါ။ ဆိတ်သား ချစ်တီး ချက်အတိုင်း ချက်ထားပါတယ်။ ချစ်တီးချက်က ဒီမှာ ပါ။ သာဂူ ကျိုဖြစ်ပေမဲ့ ပုံမရိုက်လိုက်မိဘူး :D

မလုတ်သနီ မဆလာမှုန့်

(ပုံကို ဂူဂဲလ်က ယူထားတာပါ။ ရိုက်ရမှာ ပျင်းလို့း)




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP