Lorem Ipsum

လက်သဲ ပုံဖော်ရအောင် (၁)

 Saturday, October 29, 2011


Base Coat၊ Top Coat၊ အဖြူရောင် ( Sally Hansen Bad to the bone 120 )အနီ၊ အဖြူ၊ အနက်၊ ငွေမှုံရောင်တွေကို သုံးထားပါတယ်။




ပထမဆုံး လက်သဲကို သန့်စဉ်ပြီးရင် Base Coatခံပြီးရင်၊ အဖြူရောင် ( Sally Hansen Bad to the bone 120 ) ကိုဆိုးပါတယ်။ ဒီအရောင်က အဖြူ ဆွတ်ဆွတ်ကြီး မဟုတ်ပါဘူး။ ပန်းရောင်နဲနဲသန်းပါတယ်။



အနီရောင်ကို လက်သဲရဲ့ ၃ပုံ၁ပုံကို တစောင်းဆိုးပါတယ်။ ဒါက ကိုယ်ဆိုးတာ။ ကိုယ့်စိတ်ကြိုက် ဆိုးချင် သလို ဆိုးနိုင်ပါတယ်။



 Art Club  အနက်ရောင်နဲ့ မျှဉ်းပြိုင် ကောက်ကြောင်းလေးဆွဲလိုက်တယ်။ သူ့စုတ်တံက သေးမျှင်မျှင်လေး ဆိုတော့ တခြားစုတ်တံ အကူမလိုပါဘူး။



 အနက်ရောင် မျှဉ်းပြိုင် ကြားထဲကို ငွေမှုံဆိုးဆေးလေးဖြည့်ပါတယ်။ မဖြည့်ချင်လည်းရပါတယ်။





ပြီးရင်တော့ သွားကြားထိုးတံ၊ ကလစ်ထိပ်၊ ပင်းအပ်ထိပ်၊ ဘောပင်ထိပ်စသည်တို့နဲ့ အစက်လေးချပေး ပါတယ်။ မကြိုက်ရင် ဖယ်လိုက်ပါ။


နောက်ဆုံးတော့ Top Coat ထပ်လိုက်ရင်ရပါပြီ။ ကြိုက်တဲ့ Top Coat  သုံးနိုင်ပါတယ်။ ကိုယ့်လက်သဲ တွေ ခဏ ခဏကျိုးနေလို့ ဒီTop Coat ကို အစားထိုးသုံးတာပါ။


ဓါတ်ပုံက အလင်းအရမ်းပြန်နေတော့ သိပ်မမြင်ရဘူး။ နောက်မှ လှလှလေး ရိုက်တတ်ဖို့ ကြိုးစားပါအုံးမယ်။







သာမန်ကိုယ့်ဘလောဂ့်ကို လာလည်သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့း)



ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP