Lorem Ipsum

လက်သဲ ပုံဖော်ရအောင် (၂)

 Sunday, October 30, 2011

မနက်ဖြန် Helloween day ဆိုတော့ ဒီအရောင်လေး စမ်းဆိုးကြည့်ပါတယ်။ တရက်တလေအတွက် အရောင် တောက်တောက်လေးတွေ ကောင်းပေမဲ့ အမြဲတမ်းအတွက်တော့ မကြိုက်ဘူး။


konad plate m 35 ၊Konad Stamper And Scraper၊ လက်သဲနီ လိမ္မော်ရောင်၊ အနက်ရောင်၊ အ၀ါရောင်( ဓါတ်ပုံထဲ ကျန်သွားတယ် ပါမလာဘူး)  ငွေမှုံ(silver glitter) ၊ Base Coat၊ Top Coat၊ Makeup Sponge( တစ်ရှူးအကြမ်း သုံးနိုင်ပါတယ်) နဲ့ သွားကြားထိုးတံတို့ လိုအပ်ပါတယ်။



Base Coat ဆိုးပါတယ်။
                        လိမ္မော်ရောင်ကို ဆိုးပါတယ်။(အရောင်က အရမ်းကျဲနေရင် ၂ထပ်ဆိုးပါ)


အ၀ါရောင်ကို တစ်ရှူးအကြမ်းသို့ makeup sponge နဲ့ လက်သဲရဲ့ အလည်ကိုဆိုးပေးပါတယ်။ လိမ္မော်ရောင် တပြေးထဲ ဆိုးချင်ရင် ဒီတဆင့်ကို ဖြုတ်လိုက်ပါ။ ကိုယ်ကတော့ အရမ်းတောက်နေတာကို မလိုချင်လို့ အ၀ါ ရောင် နဲ့ အရောင်စပ်လိုက်တာပါ။


                           Konad Plate M 35 က အသဲပုံလေးတွေကို အနက်ရောင်တင်ပြီး


Stamper နဲ့ယူလိုက်ပြီး လက်သဲရဲ့ အ၀ါရောင် ဆိုးထားတဲ့နေရာမှာ ခပ်စောင်းစောင်းလေး ဖိကပ်လိုက် ပါတယ်။  နောက်ထပ်တကြိမ် အနက်ရောင်ထည့်ပြီး Stamperနဲ့ထပ်ယူပြီး လိုနေတဲ့ နေရာမှာဖြည့်ပါတယ်။(တကြိမ်ထဲနဲ့ အသဲပုံလေးတွေက လက်သဲမှာ မလောက်လို့ ထပ်ဖြည့်တာပါ)


ဒီလိုလေး ရလာမှာပါ


အနက်ရောင် အသဲပုံလေး ဖော်ပါတယ်။ စုတ်တံ သေးမျှင်မျှင်လေးသုံးပေးပါ။ ကျွမ်းကျင်တဲ့လူတွေ အတွက် ကတော့ စုတ်တံ သိပ်သေးနေဖို့မလိုဘူးထင်ပါတယ်။( ကိုယ့်အတွက်ကတော့ လိုတယ်း)


                                                      ဒီလိုလေးပေါ့




ငွေမှုံ(silver glitter)နဲ့ အသဲပုံကို အပေါ်ကနေ နောက်တလိုင်း ဖော်ပေးပါတယ်။


အနက်ရောင်ကို သွားကြားထိုးတံနဲ့ လက်သဲထိပ်ရဲ့ ထိပ်လေးတွေမှာ အစက်လေးတွေ ချပေးပြီးရင်



Top Coat ဆိုးလိုက်ပါ။ ဒါဆိုရင် အရမ်းကို ဆိုလက် တောက်ပြောင်လှတဲ့ လက်သဲလေးတွေနဲ့ လှနေမှာပါ။









အားလုံးပဲ ပျော်ရွှင်စရာ  Helloween day ဖြစ်ပါစေ။


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP