Lorem Ipsum

လက်သဲ ပုံဖော်ရအောင်(၁၂)

 Saturday, November 26, 2011

ခုတလော ပို့စ်တွေ ဆက်တိုက်တင်ဖြစ်နေတယ်။ နေမကောင်းတာများတော့ ဘာမှမလုပ်ပဲ အချိန်တွေ ပိုနေတယ် ဒါကြောင့်ပါ။ ကိုယ့်ဘလောဂ့်မှာ တင်ထားသမျှ လက်သဲပုံဖော်နည်းတွေဟာ တချို့ တ၀က်က ကိုယ့်အိုင်ဒီယာပေမဲ့ တချို့ ကိုတော့ Youtube ကနေကြည့်ပြီး ဆိုးထားသလို၊ တချို့ကိုတော့ ဘလောဂ့်ဂါတွေဆီကပါ။ ကိုယ်အရင်ကလည်း ပြောဖူးပါတယ်။ ဘလောဂ့်ဂါတွေက ကိုယ့်ရဲ့ မြင်ဆရာတွေပါလို့း)



ဘေစ့်ကုတ်ဆိုးပြီး ခြောက်သွားရင်၊ အပြာရောင်ကို makeup spongeနဲ့ လက်သဲရဲ့ ၃ပုံ၂ပုံကနေဖွဖွလေး ဖိပေးပါ။ အဲ့လို ဆိုးတဲ့အခါမှာ လက်သဲထိပ်လေးကို လက်သဲအတို၊ အရှည်ပေါ်မူတည်ပြီး နဲနဲချန်ပေးပါ။



ဒီလိုလေးပေါ့း)



အဖြူရောင်နဲ့ နှင်းပွင့်လေး(သို့) ကြယ်လေးတွေ ဖော်ပေးပါ( လက်သဲရှည်ရင် များများဖော်လို့ရပါတယ်။ တိုရင်တော့ နဲနဲပေါ့) ပြီးရင် အဖြူရောင် အစက်လေးတွေ ချပေးပါ။ တောပ့်ကုတ်လေး ဆိုးလိုက်ရင် အရမ်းလှသွားလိမ့်မယ်။ (ကိုယ်တော့ ဒီပုံတွေမှာ မဆိုးထားပါဘူး။ ချွေတာတာပါး)



တကယ်လှတယ် ဆိုးကြည့်ကြပါ။ အရင်က ခြေသည်းမှာ ဆိုးဖူးပါတယ်။











ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP