Lorem Ipsum

စနေနေ့ကထမင်းဝိုင်း(၁၀)

 Sunday, November 27, 2011


                                                      ဘဲသားဇီးဖြူသီးဆီပြန်

ဘဲသားကို အရွယ်တော်တုံးရေဆေးပြီး၊ ဆနွင်းနဲ့ ငံပြာရည်နယ်ထားပါတယ်။ ဇီးဖြူသီးကိုပြုပ်၊ အဖန်ရည် တွေ သွန်ပြစ်ပြီး အစေ့ထုတ်ခြေထားပါတယ်။

ဆီအိုတည်၊ ကြက်သွန်နီ၊ဖြူ၊ ဂျင်းနဲ့ငရုပ်သီး အခြောက်တို့ကို ထောင်းပြီးဆီသတ်ပါတယ်။ ကြက်သွန်နီဝါ ရောင်သန်းလာရင်၊ ဆနွင်းနဲ့ အရောင်တင်ထည့်၊ ခရမ်းချဉ်သီး တလုံးပါးပါးလှီးထည့်ပါတယ်။ ခရမ်းချဉ်သီးကြေမှ ဘဲသားထည့်ပြီး အပေါ်ရေတင်းလာရင် ခြေထားတဲ့ ဇီးဖြူသီး၊ ငံပြာရည်၊ အချိုမှုန့် ရေဆူ ထည့်ပြီး ဆက်ချက်ပါတယ်။ ဘဲသားနူးပြီး ဆီပြန်လာရင် ရပါပြီ။

 

                                               ဘဲသားဇီးဖြူသီးဆီပြန်


ချဉ်ပေါင်ဟင်းချို

ဝယ်လာတဲ့ဇီးဖြူသီး( အိန္ဒိယ ဆိုင်ကပါ)

ငါးရံ့ အစပ်ကြော်

ငါးရံ့ အသားလွှာပြီး အတုံးသေးသေးတွေတုံးပါတယ်။ ဆီအိုတည်(များများထည့်ပါတယ်) ဆနွင်းထည့်ပြီး ငါးရံ့တွေကို ကြွပ်လာတဲ့အထိ ကြော်ပြီး ဆယ်ထားပါတယ်။ ဆီနဲနဲမှာ ကြက်သွန်ဖြူထောင်းထည့်ပြီး ဆီသတ်၊ ငံပြာရည်များများ၊ ငရုပ်ခြောက်ကြော်ထောင်း၊ အချိုမှုန့်တို့ကိုထည့်ပြီး ကြော်ပါတယ်။ ပြီးမှ ကြော်ထားတဲ့ ငါးတွေကိုထည့်ပြီး ဆက်ကြော်ပါတယ်။ ငံပြာရည်ခမ်းပြီး ဆီပြန်လာရင်ရပါပြီ။



ကဇွန်းရွက်ကြော်

ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို ဆီသတ်၊ ပဲပုတ်ထည့် ကဇွန်းရွက်ထည့်ပြီး ကြော်ထားတာပါ။

အာလူးမီဆိုကြော်း)

မီဆို တစခန်းထပါပြီရှင်း) မကုန်သေးလို့ပါး)

အာလူးတွေကို အခွနွါပါးပါးလှီးရေစိမ်ထား။ ဆီနဲနဲထည့်ပြီး ပူလာရင်ကြက်သွန်နီ၊ ဂျင်း၊ ခရမ်းချဉ်သီးကို ဆီသတ်၊ မိဆို ၂ဇွန်းထည့်၊ ပဲငံပြာရည်တဇွန်းထည့်၊ ငရုပ်မှုန့် နဲနဲ(ပါလေကာ)ထည့်ပြီး ရေစိမ်ထားတဲ့ အာလူးထည့်မွှေပြီး အဖုံးအုပ်ထား၊ အာလူးနူးလာရင်၊ နှမ်းဆီ၊ နံနံပင်နဲ့ ကြက်သွန်မိတ်ထည့်၊ ရပါပြီ အာလူးမိဆိုဟင်း။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP