Lorem Ipsum

စနေနေ့ကထမင်းဝိုင်း(၁၂)

 Saturday, December 10, 2011

ဒီနေ့ ထမင်းဟင်း မချက်တော့ဘူးလို့ ဆုံးဖြတ်ထားတာပါ။ အပြင်မှာပဲ စားကြမယ်လို့း( အသိအကိုကြီးတ ယောက်က တခြားမြို့ တခုကိုသွားပြီးပြန်လာနေတယ် နင်တို့အိမ် ၀င်ပြီး ထမင်းစားမယ် နောက်နေ့မှ ပြန်မယ်ဆိုတော့ လုပ်ငန်းစရပါတော့တယ်း)ရေခဲသေတ္တာက ငါးသလောက်တကောင်ထုတ် ရေဇလုံတခုထဲ ရေအပြည့်ဖြည့်ပြီး စိမ်ထား။ တခြားလုပ်စ ရာတွေ ဆက်လုပ်ရတော့တာပေါ့း)
ကိုယ်က ငါးသလောက်ပေါင်းရင် ဘယ်တော့မှ ရှာလကာချဉ်တို့ မန်ကျည်းရည်တို့မထည့်ဘူး။ ခရမ်းချဉ်သီးပဲ သုံးတယ်။ အရသာ တမျိုးပြောင်းသွားတတ်လို့ပါ။ ဒါနဲ့ပဲ ငါးသလောက်ပေါင်းပါတော့မယ်။ ငါးသလောက်ကို အကြေးခွံထိုး၊ ဗိုက်ဖောက်(ဥလေးတွေရတယ်) အူတွေထုတ် ရေဆေးပြီး ခတ်လပ်လပ်အတုံးတုံးပါတယ်။( အရမ်းမသေးဘူး၊ တတ်နိုင်ရင် ၃ပိုင်းပဲပိုင်းတယ်) ပေါင်းမဲ့အိုးမှာ စပါးလင် ပါးပါးလှီး၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ခရမ်းချဉ်သီး၊ အေ၇ာင်တင်၊ ဆနွင်း၊ ငံပြာရည်၊ အချိုမှုန့်၊ ဆီတို့အားလုံးထည့်ပြီးနယ်၊ နောက်မှ ငါးသလောက်ထည့်၊ ရေ ငါးသလောက်မြုပ်အောင်ထည့်ပြီး ပေါင်းအိုးနဲ့ မိနစ်၃၀ ပေါင်းပါတယ်။ ဒါဆိုရင် တော့ ရေလည်းခမ်း၊ ငါးအရိုးတွေလည်း နူးသွားပါပြီး ဆီလည်းပြန်လာပြီ။ ငါးသလောက်ပေါင်း ရပြီပေါ့။ အရင်ကလည်း ငါးသလောက် ပေါင်းဖူးပါတယ် ဒီမှာပါ

 

ငါးသလောက်ပေါင်း



ငါးသလောက်က ဥပါလို့ သတ်သတ် ပန်ကန်တလုံးနဲ့ ထည့်လိုက်တာပါး)


မျှစ်နဲ့ ချဉ်ပေါင်ကို ပုဇွန်ဆိတ်နဲ့ ကြော်ပါတယ်။

 

ဗူးသီးဟင်းခါးပါ


ငပိရည်နဲ့တို့စရာ

ငပိရည်နဲ့ တို့စရာ ငါးပိရည်ကို ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ငရုပ်သီးစိမ်းတို့ကို မီးကင်ထောင်း၊ ငပိရည်ကျိုကို ဆနွင်းနဲ့ အချိုမှုန့်ထည့်ရေဆူထည့်ပြီး ပွက်ပွက်ဆူလာရင်၊ ပုဇွန်ခြောက်အမှုန့်ထည့်၊ ထောင်းထားတဲ့၊ အဆာပလာထည့် ရပြီပေါ့း) တို့စရာတွေက၊ ပေါက်ပန်းဖြူ၊ သခွါးသီး၊ ငှက်ပျောဖူးနုနု၊ ဂေါ်ပီထုပ်ပြုပ်တို့ပါပဲ။ ကြောင်ရှာသီး မီးဖုတ်ပါထပ်ထည့်မလို့ မျှစ်နဲ့ ငါးသလောက်ဆိုရင် တော်ပါပြီလို့ :D



ငပိနဲ့ တို့စရာ

မနက်ဖြန်မနက်တော့ ရှမ်းခေါက်ဆွဲ ချက်ကျွေးပါ့မယ်လို့ ကြိုတင်ကြွားထားလိုက်တယ်။ ဒါနဲ့ မေမေ့ကို ဖုန်းဆက်တုန်းက မေးထားတယ် မေမေ ပြိတ္တာ ဆိုတာ ဘယ်လိုမျိုးလည်းဆိုတော့ ပါစပ်ပေါက်သေး သေးလေး ခန္တာကိုယ်က အကြီးကြီး တဲ့း( ကိုယ်ကိုယ်လည်း ဒါမျိုးတွေ ချက်ချက်ပြီး လူစင်စစ်ကနေ ပြိတ္တာ ဘ၀ရောက်နေပါပေါ့လားး( စိတ်နာတယ် ချက်ပြီး ကိုယ်မှ မစားရတာကိုး( ဒါနဲ့



ပုဇွန်၊ မုန့်ညှင်းကို ဂျင်း၊ ခနောန်တတုံးနဲ့ ပြုပ်ထားတဲ့ ဒါမျိုးနဲ့ စားလိုက်ပါတယ်၊။ ဒီလို ဟင်းချိုနဲ့ ထမင်းစားလိုက်ရပါကြောင်း၊ မကောင်းဘူးလားဆိုတော့က ကောင်းပါတယ် :D  (အစာအိမ် ရောဂါရက တည်းက ဒါမျိုးတွေ မစားရတာ ကြာလှပေါ့း( ဒါပေမဲ့ ဒီလို အဖြူထည် ဟင်းချိုတွေကို အချဉ်ဟင်းထက် ပိုမက်မောတယ်



ခင်မင်စွာဖြင့်
ဘေဘီ


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP