Lorem Ipsum

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ်(တဂ့်ပို့စ်)

 Tuesday, December 20, 2011

ညီမလေး ရိုစ့် ရဲ့ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်ဆိုတဲ့ တဂ်ပိုစ့်ပါ။ သတိတရ တဂ့်လို့ ကျေးဇူးတင်သလို၊ အရင်တခါ တဂ့်ထားခဲ့တာကို မရေးရသေးတဲ့ အတွက်တောင်းပန်ပါတယ်။ ပထမဆုံးပြောချင်တာက ကိုယ်က စာရေးကောင်းသူ မဟုတ်ဘူး။ စီလျော်အောင်လည်း မရေးတတ်ပြန်ဘူး။ မေးထားတော့ ဖြေလိုက် တာပေါ့း)



*ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ငယ်ငယ်တုန်းကတော ခရစ္စမတ်ကို အရမ်းပျော်ခဲ့ဖူးတယ်( ကိုယ့်မှာက ငယ်ငယ်ကနေ အခုထိ ခရစ်ယာန် သူငယ်ချင်းတွေပဲ ရှိတယ်)  အခုတော့ သာမန်နေ့တနေ့ပါပဲ။


*ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါ သလား။
ဟင့်အင်း။

*နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေအေးခဲနေတဲ့နေရာကိုတော့ အလည်အပတ် မသွားချင်ပါဘူး (နှင်းတွေကို စိတ်ကုန်လွန်းလို့း)ခရ စ္စမတ်ဟာ နှင်းဖြူဖြူလေးတွေနဲ့ ပိုပြည့်စုံတယ်လို့ တော့ထင်ပါတယ်။

*ခရစ်စ္စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ဒီလိုပါပဲ ဈေးဝယ်ထွက်။ ဖိတ်တဲ့ သူငယ်ချင်းတွေ အိမ်သွားစားပေါ့း) ဟင့်အင်း ခရီးမထွက် တတ် ပါဘူး။

*ချစ်တဲ့ ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ခင်မင်တဲ့ သူငယ်ချင်းတွေကို ခရစ္စမတ်ကဒ်နဲ့ လက်ဆောင်လေးတွေ ပေးဖြစ်တယ်။


*ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ငယ်ငယ်တုန်းကတော့ ခရစ္စမတ်ဆို သိပ်ပျော်ခဲ့တယ်။ သိပ်လည်း ရူးသွပ်ခဲ့မိတယ်။ အမှတ်ရ စရာတွေ ကတော့ အများကြီးပေါ့။ ခရစ္စမတ် သီချင်းတွေကို  ညလုံးပေါက် လိုက်ဆိုခဲ့ဖူးတယ်။ မီးဖိုဘေးမှာ ပတ်ပတ် လည် ထိုင်ရင်း ခေါပုပ်ကင်၊ ခေါင်ရည်၊ ၀က်လျှာကင်၊ ကချင်ငါးအုံး၊ ကော်ဖီ၊ ဆန်ပြုပ်၊ စားလို့ မကုန်နိုင်တဲ့ မုန့်မျိုး စုံနဲ့ ပျော်လို့မဆုံးပေါ့။ အမှတ်ရစရာဆိုရင်တော့ ခရစ္စမတ်နေ့က လက်ဆောင်တွေ အများကြီးနဲ့ အ တူရီးစားစာ ပေးခံရဖူးတယ်( ၁၄နှစ်သမီး တုန်းကပေါ့ :P) အဲ့ဒီစာကို ကိုယ့် ဆီမှာ မသိမ်းထားရဲခဲ့သလို ပြစ်လိုက်ဖို့လည်း နှမြောခဲ့ဖူးတယ်။ ခုတော့လည်း ရီ(ရယ်)ချင်စရာ ကြီးနော်။
*နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
မိသားစုနဲ့ သူငယ်ချင်းတွေ

*New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
နှစ်သစ်ကို နှစ်တိုင်းလိုလို လူစည်ကားတဲ့နေရာမှာ လူအများကြီးနဲ့ ကြိုဆိုပါတယ်။ ဒီကို ရောက်တဲ့ နှစ်က စပြီး NYC Time Square သွားဖြစ်တယ်။ ထိုင်းမှာနေတုန်းကတော့ World Trade Center ရှေ့ကို နေ့ လည်ကတည်းက ကြိုရောက်အောင် သွားတယ်( ညနေမှသွားရင် ပိသေမှာစိုးလို့၊ လမ်းတောင်လျှောက်စ ရာမလိုဘူး လူ အုပ်ကြီးနဲ့ မျောသွားရုံပါပဲး) အမှတ်တရကတော့ ဖုန်းအသစ်ကြီး ၀ယ်ထားတာ (တပတ် တောင်မပြည့်) ကျပျောက်ခဲ့ဖူးတယ်။
* နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေး ပါ။
နှစ်သစ်ကို မွေးရပ်မြေမှာ မေမေနဲ့အတူ မောင်နှမမိသားစုနဲ့ ဖြတ်သန်းချင်တယ်။ အလည်အပတ်ရယ်လို့ သီးသန့်တော့ မရှိပါဘူး။ ၃နာရီလောက် ကားမောင်းပြီး NYC မှာ နှစ်သစ်ကို သွားကြိုမယ်။


* နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါ သလဲ?
ဘာမှ ဆုံးဖြတ်ပြီး အကောင်အထည်ဖော်တာမျိုးတော့ မရှိပါဘူး။ ကိုယ်က ဇယားချပြီး အလုပ် မလုပ်တတ် ဘူး။ ကောက်ကနဲ့ ထပြီး လုပ်တတ်တယ်။ အရူးလိုပေါ့း)


*နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ် ပါသလား။
ဟင့်အင်း

*နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို၊ ပို့စ်ကဒ်များ၊ e-cardများနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား?
ကိုယ့်မိသားစု၊ သူ့မိသားစုနဲ့အတူ အရမ်းခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေထံကိုတော့ ပို့ဖြစ်ပါတယ်။

*ထပ်ပြီး ဖြည့်စွက် ရေးချင်တာက.
ကိုယ့်စီလာလည်သူတွေရော လာမလည်တဲ့သူတွေရော ပျော်ရွှင်စရာ ခရစ္စမတ်လေးနဲ့ မင်္ဂလာရှိသော နှစ် သစ်လေးဖြစ်ပါစေလို့။

ပုံ/ဂူဂဲလ်

ခင်မင်စွာဖြင့်
ဘေဘီ





Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP