ကော်ပြန့်လိပ်ကြော်
Saturday, March 31, 2012
ခုတလော မအားလို့ တခုချင်းစီတင်ပါ့မယ်.... ဒီနေ့တော့ ကော်ပြန့်လိပ်ကြော် အလှည့်ကြပါတယ်း) ကော်ပြန့်လိပ်ကို လူတိုင်း လုပ်တတ်ကြပါတယ်။ ကိုယ့်လုပ်နည်းကို ရှဲမယ် မတူရင် လုပ်စားကြည့်ပေါ့း)
ကော်ပြန့်ရွက်
တိုဖူး(အမာစား)
ပဲပင်ပေါက်
ကြာဇံ (ရေနွေးစိမ်)
ပုဇွန် နုပ်နုပ်စဉ်း
ကြက်သားနုပ်နုပ်စဉ်း
ခါဂျယ်ဥ နုပ်နုပ်စဉ်း
ကြက်သွန်မိတ်
တရုတ်နံနံ အရိုးတံ
တရုတ်မဆလာ(အနည်းငယ်)
ကြက်သွန်နီ (တလုံး)
ပဲငံပြာရည် (အနည်းငယ်)
ငရုပ်ကောင်းမှုန့်
ဆီ(ကြော်ရန်)
ပထမဆုံး အဆာပလာအတွက် ဆီအနည်းငယ်နဲ့ ကြက်သွန်နီ ဆီသတ်ပါ့မယ်။ ကြက်သွန်နီဝါရောင်ရ လာရင် တိုဖူးကို အတုံးသေးသေးလေးတွေလှီးပြီး ထည့်ကြော်ပါ့မယ်။ တိုဖူးကျက်လောက်ရင်၊ နုပ်နုပ်စဉ်း ထားတဲ့ ကြက်သား ထည့်ကြော်ပါ့မယ်။ကြက်သား ရခါနီးမှ ပုဇွန်နုပ်နုပ်စဉ်းထည့်၊ ခါဂျယ်ဥနဲ့ ရေနွေးစိမ်ထားတဲ့ကြာဇံ ကို ဖြတ်ပြီးထည့်ကြော်ပါ့မယ်။ နောက်ဆုံးမှ ကြက်သွန်မိတ်၊ပဲပင်ပေါက်၊ တရုတ်မဆလာ၊ ငရုပ်ကောင်းမှုန့်နဲ့ ပဲငံပြာရည် တို့ထည့်ပြီး ၂မိနစ်ထပ်ကြော်ပြီး အအေးခံထားပါ့မယ်။
ပြီးမှ ကော်ပြန့်ရွက်နဲ့ လိပ်ပြီး ဆီအနေတော်ပူမှာ ထည့်ကြော်ရုံပါပဲ။
ဒီလို စိတ်ရှည်လက်ရှည် ရေးရခြင်းမှာ ညလေးတယောက် တောင်းဆိုထားခြင်းကြောင့်ပါး)
စောစ့်အတွက်ကတော့ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးစောစ့်နှစ်မျိုးကို၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းထောင်းနဲ့ ရောလိုက်တာပါပဲ
ခင်မင်စွာဖြင့်
ဘေဘီ
Read more...